သူမ ဒီရက်ပိုင်းအလုပ်ထဲ စိတ်သိပ်မပါ....လွမ်းနာကျနေသည်ဟု ပြောကြလျှင် သူမ ထွဋ်ခေါင်ကို သတိရသည် တွေ့ချင်သည်ဟု ..မရှက်တမ်း ၀န်ခံရပေလိမ့်မည်....
ဒီနေ့ထိ ထွဋ်ခေါင်က သူမအား မဆက်သွယ်ပဲ နေနိုင်ခဲ့သည်ကို တွေးမိတိုင်း ရင်ဘတ်မှ စူးကနဲ နာကျင်လျှက် ...သူမ ထွဋ်ခေါင်ကို ချစ်မိသွားခဲ့လေပြီလား...သူမ ရှုံးနေခဲ့ပြီဆိုတာ ပြောစရာမလိုအောင် သေချာနေခဲ့သည်။
"ထွဋ်ခေါင် ...မင်းနိုင်ပါတယ် ..ကိုယ့်နှလုံးသားကို မင်းကိုင်လှုပ်နိုင်ခဲ့တယ်"
....
"သမီးသွေးခြယ် ..နယ်ဖြန်နေ့လည်လောက် မောင်သုတ ရောက်မယ်ပြောတယ် ဧည့်သည်အခန်းထဲက မွေ့ယာခင်းစောင် အသစ်လဲ ထားပြီး သန့်ရှင်းရေး လုပ်ပေးဦးနော်"
သူမ မေကေ့စကားကို ကြားတော့
"မေကေ ဧည့်သည်နှစ်ခန်းထဲ က ဘယ်အခန်းပြင်ပေးရမလဲ"
"အောက်ကအခန်းဆို အဆင်မပြေဘူး ဘုရားခန်းဘေးက အခန်း ပြင်ထားလိုက်"
ထိုအခန်းက သူမနှင့် မျက်နှာ ချင်းဆိုင်အခန်းပင်...သူမ အထွတ်မတက်တော့ဘဲ
"ဟုတ် ...မေကေ သမီး ဒီည ပြင်ထားလိုက်မယ်နော်..မနက်ကျ သမီးdutyအစောကြီးသွားရမှာမို့ "
"အေး သမီး...မေမေ ဘုရားရှိခိုးပြီးရင် အိပ်ရာ၀င်တော့မယ်...မနက်ကျ ဘာထချက်ပေးရမလဲ"
"မချက်ပေးနဲ့တော့ မေကေ...ဆေးရုံကပဲ ၀ယ်စားလိုက်တော့မယ်"
"ဒီရက်ပိုင်း မေကေ အားနည်းနေတယ်နော်...ဆေးခန်းသွားပြကြည့်မလား"
"လူကြီးဆိုတော့လည်း သိပ်အစားမ၀င်တာနဲ့အားနည်းနေတာပါ သမီးရယ်....သွားသွား လုပ်စရာရှိတာ လုပ်တော့"
"ဟုတ်"
သူမ မေကေ့ဆီမှ ထွက်လာပြီး စောင်ခေါင်းအုံး သိမ်းထားသည့် ဗီဒိုအားဖွင့်ကာ ခေါင်းအုံးတစ်လုံး ခေါင်းအုံးစွပ်နှင့် မွေ့ယာခင်းခြုံစောင် အားယူရင်း အပေါ်သို့ တက်လာခဲ့သည်။
အပေါ်သို့ရောက်တော့ အခန်းတွင်း၀င်လိုက်ရင်း မွေ့ယာထက် ခင်းထားသော အခင်းအားဖယ်ကာ သူမ ယူလာသော အခင်းနှင့် ပြောင်းခင်းလိုက်သည်။ တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်ထားသဖြင့် တစ်ခြားထွေထွေထူးထူးတော့ သန့်ရှင်းစရာ မလို...သူမ လည်း မနက် ဂျူတီ၀င်ရမည် မဟုတ်ပါလား..သူမအခန်းသို့ ပြန်ကာ ရေချိုးပြီး အိပ်ယာထက် လှဲလျောင်းလိုက်သည်။
"ထွဋ်ခေါင်...အသွေးကို ချစ်လားဟင်"
"ဘာလို့မေးနေတာလဲ သွေးရဲ့ ကိုယ်တို့က အလောင်းအစား သက်သက်ပဲလေ..."
သူမ မျက်၀န်းထက် မျက်ရည်များဖြင့် အခိုးရိုက်နေပြီး
"အသွေးက ထွဋ်ခေါင်ကို ချစ်တယ်.....ထွဋ်ခေါင်လည်း အသွေးကို ချစ်တယ်မဟုတ်ဘူးလား"
ပြုံးနေရာမှ မာထန်သွားသော ထွဋ်ေခါင်ရဲ့ မျက်၀န်းများက သူမအား စိုက်ကြည့်လျှက်
"ဒေါ်သွေးခြယ်....ခင်ဗျား ရှုံးပြီ."
ရက်စက်စွာကျောခိုင်းသွားသော သူ့ကို ပြေးလိုက်ခေါ်နေပေမဲ့ သူမခြေလှမ်းများက ရှေ့သို့ မရောက်....
မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလျှက် သူမ လဲကျသွားရင်း...
ရဲထွဋ်ခေါင်ရဲ့ ကျောခိုင်းသွားတဲ့ ပုံရိပ်က မြင်ကွင်းမှ ပျောက်သွားကာ သူမ အနီး သူမကို လက်ညှိုးထိုးပြီး ဝိုင်းရီနေကြသော မျက်နှာစိမ်းများကြား........
သူမ အိပ်မက်မှ လန့်နိုးလာတော့ မျက်၀န်း၌ မျက်ရည်စများနှင့် ရင်ထဲ မှာ ပြည့်သိပ်လျက်
"ထွဋ်ခေါင် အရမ်းရက်စက်လိုက်တာ ...ဟင့် ...ဟင့်"
သူမ စောင်အား လက်ဖြင့်စုပ်ထားပြီး မျက်နှာအပ်ကာ ငိုကြွေးမိသည်။
ငိုကြွေးခြင်းက သူ့အားမေ့ဖျောက်နိုင်လျှင် သူမ မေ့ဖျောက် ချင်ပါဘိ.......
.....
ရဲထွဋ်ခေါင် တစ်ယောက် ပြည် ပြန်ရောက်ကတည်းက စိတ်နဲ့ လူ မကပ်....
သူမလေးကို စိတ်ဆိုးပြီး ပြည်ပြန်ခဲ့တာ သူ့အမှားပင်....
"သား တပ်ကြပ်ကြီးဦးကံကောင်းရဲ့ သမီး မိုမိုလေးနဲ့ ချစ်ကြိုက်နေကြတယ်ဆို....အဲ့ဒါတပ်ကြပ်ကြီးက သူ့သမီးနဲ့ မင်းကို စေ့စပ်ပေးထားချင်တယ်တဲ့...အဲ့ဒါ အဖေတို့ကလည်း ငြင်းစရာမရှိဘူး"
"ဗျာ..."
"ပွဲကရန်ကုန်က တပ်ကြပ်ကြီးအိမ်မှာလုပ်ချင်တယ်တဲ့..အဲ့ဒါ အဖေတို့ နောက်လလောက် ရန်ကုန်အိမ် သွားပြီး ပြင်ဆင်စရာပြင်ရမယ်"
ဒါတွေက သူ သဘောတူသည် မတူသည်ကို မေးသည်မဟုတ်...သူတို့ စီစဉ်မဲ့ကိစ္စတွေ ကို ပြောခြင်းပင်...ဦးကံကောင်းက သူနဲ့ မိုမိုစံကိစ္စကို ဘယ်လိုသိသွားလဲ...မိုမိုစံ?
"ကိုခေါင်...ရန်ကုန်က ပြန်လာမှ ပိုကြည့်ကောင်းလာတယ်...မိုမိုလေ ကိုခေါင်ကို အရမ်းလွမ်းတာပဲ "
သူ့လက်မောင်းအား ဖက်တွယ်ရင်း ချွဲနေသော မိုမိုစံအား ကြည့်ရင်း ဒီနေရာမှာ ဒေါ်ပန်းသွေးခြယ်သာဆိုလျှင် သူအရမ်းပျော်မိမှာပင်...
"ကိုခေါင်...ဘာတွေ တွေးနေတာလဲ..မိုမို ပြောတာရော ကြားရဲ့လား"
"ကိုယ်မေးစရာရှိလို့ တွေ့ဖို့ခေါ်လိုက်တာ"
သူ့စကားကြားတော့ မိုမိုစံ သူ့မျက်နှာအား မော့ကြည့်ရင်း
"မေးလေ ကိုခေါင်"
"ကိုယ်တို့ ကိစ္စ မိုမို့ ဖေဖေ ဘယ်လို သိသွားတာလဲ"
"ဪ အဲ့ဒါလား...ကိုခေါင် ရန်ကုန်သွားတုန်းက မိုမို အရမ်းသတိရတော့ သိပ်မစားနိုင် သိပ်မအိပ်နိုင် ဖြစ်နေတာ...အဲ့ဒါ ဖေဖေက သိပြီးမေးတော့ မိုမို ပြောပြလိုက်တာလေ"
"တော်သေးတယ် သိလား ကိုခေါင်...မိုမိုကလေ ...ဖေဖေဆူမှာ ကြောက်နေတာ....ဖေဖေက မဆူတဲ့အပြင် ကိုခေါင်နဲ့ စေ့စပ်ေပးထားမယ်တဲ့ "
ကလေးတစ်ယောက်လို အပြစ်ကင်းစွာ ပြုံးရယ်ရင်း ပြောပြနေသော မိုမိုစံအားကြည့်ရင်း သူ သက်ပြင်းခပ်ဖွဖွ ချကာ
"ကိုယ်က အဲ့လောက်ထိ မမျှော်လင့်ထားဘူး"
"ဘယ်လို ကိုခေါင်...ကိုခေါင် ဘယ်လိုပြောလိုက်တာလဲ"
"အရင်ကရော အခုရော ကိုယ့်မှာ ယူဖို့ထိ စဉ်းစားထားတဲ့ မိန်းကလေး မရှိသေးဘူး"
မိုမိုစံ မျက်၀န်းများ ပုတ်ခတ် ပုတ်ခတ်နှင့်
"အဲ့ဒါ ကိုခေါင့်အပိုင်းလေ..ခုက စီစဉ်နေကြပြီ...ကိုခေါင် ငြင်းနိုင်မလား ငြင်းကြည့်ပေါ့"
ပြတ်သားစွာစကားဆိုရင်း ကိုခေါင်အား ထားရစ်ကာ သူမ လှည့်ထွက်လာခဲ့သည်။
ရဲထွဋ်ခေါင်တစ်ယောက် သူ့အဖေကို မငြင်းဆန်နိုင်....
"ဒေါ်သွေးခြယ် ခင်ဗျားကို သိပ်လွမ်းတာပဲ"
သူရေရွတ်ရင်း ဖုန်းကို ထုတ်ကြည့်တော့ သူ
မပြန်ထားသော မက်ဆေ့များနှင့် ဖုန်းကောများ
"ကိုယ်တောင်းပန်ပါတယ် သွေး...ကိုယ်တို့ရေစက်က ဒီထိပဲ ထင်ပါရဲ့"...............................................................................
✨✨အမှားပါရင် ခွင့်လွှတ်ပါရှင့်✨✨
![](https://img.wattpad.com/cover/336109245-288-k973192.jpg)
YOU ARE READING
**Wrong-Person**
General FictionBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...