သူမ ဦးနန္ဒဟန်နှင့် ပြန်လိုက်လာပြီး
ခုံပုလေးပေါ် ထိုင်ကာ ဟိုကြည့်ဒီကြည့်နှင့် ထိုင်စောင့်နေစဉ်
"တူမကြီး...အအေးသောက်မလား...ဦးလေးသွားယူပေးမယ်"
"အာ... ရပါတယ် ဦးလေးရဲ့ ..သမီးမသောက်တော့ဘူး"
စကားဝိုင်းက တိတ်ဆိတ်သွားပြီး ဦးလေးက စက်ဘီးကို ပြန်ပြင်နေလေသည်။
တစ်အောင့်ကြာတော့
"တူမကြီးရေ ခဏနော် ဦးလေး အပေါ်ထပ်မှာ စက်ဘီး ထဲ ထည့်ရမဲ့ ဗော စိလေး သွားယူလိုက်ဦးမယ် ...ဒီမှာ ဆောင်ထားတာ ကုန်သွားလို့ "
"ဟုတ် ...ဟုတ် ...ဒါမှ မဟုတ် သမီး ညနေမှ ပြန်လာယူရမလား"
" ပြီးတော့မယ် ...တူမကြီးသဘော ....အချိန်မရ ရင် ညနေမှ လာယူမလား"
"ပြီးတော့မယ်ဆိုရင်တော့ သမီး စောင့်သွားမယ်လေ "
" အေး...အေး " ဦးလေးက ပြောလည်းပြောအိမ်ပေါ်သို့ တက်သွားလေသည်။
"ဒီမှာ ...ဒီမှာ"
သူမ မော့ကြည့်တော့ ရဲထွဋ်ခေါင် ဆိုတဲ့ ဦးနန္ဒ ရဲ့တူ...
"ဘာပြောမလို့လဲ "
"ကျုပ် ခင်ဗျား ဖုန်းနံပါတ် လိုချင်တယ် ပေး..."
လေသံ မာမာနှင့်ဖုန်းနံပါတ်တောင်းတဲ့သူအား သူမ အလိုမကျ ...
"ဘာလို့လဲ "
"ကျွန်တော် ခင်ဗျားကို ကြိုက်လို့ "
"မင်းကြိုက်ပေမဲ့ ...ငါမှ မကြိုက်တာ"
"ခင်ဗျား လောင်းရဲလား ကျုပ်ကို ဒီတစ်သက် မချစ်လာပါဘူးလို့ "
"ငါက မင်းနဲ့ ဘာလို့ အလောင်းအစား လုပ်ရမှာလဲ "
"လုပ်ရမယ်.....ဘာလို့ဆို"
"အွန့် " ရဲ ထွဋ်ခေါင် သူမပါးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး နှုတ်ခမ်းသားကို စုပ်နမ်းပစ်လိုက်သည်။
အသွေး မျက်လုံး အဝိုင်းသားနှင့် ပူးကပ်နေသော နှုတ်ခမ်းသား နှစ်ခုက ပူနွေးလျှက်
"အာ့ " ရဲထွဋ်ခေါင် ဘာတုန့်ပြန်မှုမှ မရှိပဲ ကျောက်ရုပ်လို ရပ်နေသော သူမနှုတ်ခမ်းသားအား ဒေါသနှင့် တစ်ချက်ဖိကိုက်ပြီး လွှတ်ပေးလိုက်သည်။
သွေးစစို့ နေသော သူမနှုတ်ခမ်းသားအား သူလက်မဖြင့် ပွတ်ပေးရင်း
"ချစ်တယ်...မင်း လည်း ကိုယ့်ကိုယ်ပဲ ချစ်ရမယ်"
"ဖုန်းနံပါတ်ပေး ကိုယ့်ကိုယ်"
သူမ အသိ ပြန်၀င်လာတော့
"မင်း...ဘာလုပ်တာလဲ" သူမနှုတ်ခမ်းအား ထိတွေ့နေသော သူ့လက်များကို တွန်းဖယ်ရင်း မျက်၀န်းထက် မျက်ရည်များ စို့လာသည်။ မျက်ရည် ကျတဲ့ကိုယ့်ကိုယ် ပျော့ ညံ့လွန်းသည် ဟု ထင်မိသည်။သူမ မေမေ့လို အဖြစ်ဆိုးနှင့် ကြုံရမည်ကို ကြောက်သဖြင့် ယောကျာ်းများကို မယုံ ကြည်ရဲ...ဒါကြောင့် သူမအား ချစ်တယ် ကြိုက်တယ်ပြောလာလျှင် သူမ ငြင်းဆိုနေကြပင်... မေမေ့ကို အရမ်းချစ်ပြီး ကြင်နာပြခဲ့တဲ့ဖေဖေက သူမတို့ကို ပစ်သွားခဲ့သည် မဟုတ်ပါလား....
သူမ မျက်ရည်များကို ဖိသုတ်ပစ်ပြီး ထိုနေရာမှ လှည့်ထွက်ခဲ့လေသည်။
"ထွဋ်ခေါင် .... သွေးခြယ် ရော"
ဦးနန္ဒ အောက် ပြန်ဆင်းလာတော့ ပန်းသွေးခြယ် ကို မတွေ့၍ မေးခြင်းပင်..သူ့တူနှင့် ရန်ဖြစ်ထားသည့် သူမက ယခု သူ့တူ နှင့် ထပ်ရန်ဖြစ်ပြီး ပြန်သွားတာလား.....
"ဦးလေး သူမ နာမည်က သွေးခြယ်လား"
"အေး...မင်းနဲ့ ထပ်ရန်ဖြစ်ပြီး ပြန်သွားတာလား"
" ဒီစက်ဘီး ညနေကျ ကျွန်တော် သွားပို့လို့ရမလား "
ဦးနန္ဒ သူ့တူကို ကြည့်ရင်း
"ဘာအကွက်တွေ ရွှေ့နေပြန်ပြီလဲ...ထွဋ်ခေါင်"
" ကျွန်တော် ဘာမှ မလုပ်ရသေးပါဘူး"
" မင်းနော် ငါ့ ဆီမှာနေတုန်း...ရုတ်ရုတ် မလုပ်နဲ့ ပန်းသွေးခြယ် တို့ သားအမိကလည်း ငါနဲ့အသိတွေ ငါမျက်နှာ မပျက်ချင်ဘူး"
ရဲ ထွဋ်ခေါင်တစ်ယောက် ဦးလေးပြောနေသည်ကို နားထောင်ရဲ့လားမသိ ...
"ပန်း...သွေး...ခြယ် "
နာမည်လည်းလှသည်ဟု သူ့စိတ်ထဲ မှတ်ချက်ပြုရင်း
...
ရဲထွဋ်ခေါင် ပြင်ပြီးသော သူမ့စက်ဘီးကို ယူကာ ဦးလေးဆီမှ လိပ်စာ မေးပြီး သူမ အိမ်ရှေ့ ရောက်လာခြင်း...
"ကလင်...ကလင်"
ခြံ ရှေ့မှ စက်ဘီး ဘဲ တီးသံ ကြားသဖြင့် သူမ အပေါ်ထပ် ပြတင်းပေါက်မှ တစ်ဆင့် ကြည့်လိုက်တော့
သူမရဲ့ စက်ဘီး နှင့် ရဲထွဋ်ခေါင်ဆိုတဲ့သူ...
ဒီကောင် လေးနှင့် ဘယ်လိုရေစက်မှန်းကို မသိ...နေ့ခင်းတုန်းကလည်း သူမအား ဖုန်းနံပါတ် ပေး အလောင်းအစား လုပ်မယ်ဆိုပြီး သူမ့နှုတ်ခမ်းအား ပိုင်စိုးပိုင်နင်း နမ်းသွားသေးသည်။
"သမီးသွေးခြယ် ...အိမ်ရှေ့မှာ စက်ဘီး ပြင်ပြီးတာ လာပို့တာ ဖြစ်မယ် သွား...ဆင်းယူလိုက်"
သူမ နေ့လည် ပြန်ရောက်တော့ မေကေ့အား စက်ဘီး နောက်ရက်မှရမယ်လို့ ညာပြောခဲ့တာပင်....
"ဟုတ် မေကေ"
..
သူမ ခြံ တံခါးအားဖွင့်ထွက်လိုက်ရင်း လက်ထဲမှ ပိုက်ဆံကို ပေးကာ
"ဘယ်လောက်ကျလဲ "
သူမ သူ့ကို မကြည့်ပဲ မေးလိုက်သည်။
"ဖုန်းနံပါတ်ပေး"
အိမ်ထိ စိတ်ဒုက္ခ လာပေးသော သူအား သူမ စိုက်ကြည့်လိုက်ရင်း
"မင်း...ငါ့ကို မကျေနပ်လို့ လုပ်နေတယ်ဆိုတာသိတယ်"
သူမစကားကို ကြားတော့ သူက ပခုံးတစ်ဖက်တွန့်ပြရင်း
"အဲ့ဒါက ခင်ဗျား ထင်တာလေ... ကျုပ်က တော့ ခင်ဗျား အချစ်ကို ရအောင်ယူမှာ"
".စက်ဘီးပြင်ခ ဘယ်လောက်ကျလဲ သာ ပြောပါ...မင်းနဲ့တစ်ခြားအကြောင်းအရာတွေ မဆွေးနွေးချင်ဘူး"
"ပြောပြီးပြီလေ...စက်ဘီးပြင်ခက ..ခင်ဗျားဖုန်းနံပါတ်လို့"
သူမ စိတ်တိုစွာ စက်ဘီး handleအား ကိုင်ရင်း
"ပိုက်ဆံ မယူဘူးဆိုတော့လည်း..မင်းသဘောပဲ"
သူမ စက်ဘီးအားဆွဲတော့ သူက စက်ဘီး ဖင်ထိုင်ခုံမှ ဖိကိုင်ထားရင်း
"ပေးလိုက်တော့...ဒေါ် ပန်းသွေးခြယ်...ခင်ဗျား အမေ ကျုပ်တို့ကို မြင်ပြီး ဆင်းလာတော့မယ်ထင်တယ်"
"မေကေ....သူမဦးနှောက်ထဲ လှိုင်းတစ်ခု ဖြတ်ပြေးသွားရင်း
သူမ စိုးထိတ်စွာနှင့်
"မင်းနံပါတ် ထားခဲ့ ...ငါခေါ်လိုက်မယ်"
"မရဘူး." သူမ ဒီ လူနှင့် စကားဆက်ငြင်းနေလို့ မဖြစ်... မေကေ တွေ့လျှင် ဘယ်သူလဲ ဆိုပြီးမေးကာ သူမအား ဆူနေဦးမည်။
"၀၉..၅၀၃၄**.."သူမ အမြန်ရွတ်ပြလိုက်ရင်း စက်ဘီးအား အတင်းဆွဲကာ
"ပေးတော့ စက်ဘီး."
"ချစ်တယ် ဒေါ်သွေးခြယ်...သွားပြီ တာ့တာ"
သူမ့ပါးထက် နှုတ်ခမ်းတစ်စုံ ကပ်ပြီး ပြန်ခွာသွားသည်က တစ်စက္ကန့်မျှသာ ရှိပေလိမ့်မည်...ဒါပေမဲ့ သူမ စိတ်လှုပ်ရှားနေပြီး မျက်၀န်းများက မငြိမ်မသက် ....ရပ်ကျန်ခဲ့သည်။
"ဒါ သူမအား နှစ်ကြိမ်မြောက် ပိုင်စိုးပိုင်နင်းလုပ်ခြင်းဖြစ်သည်" "သူမ စိတ်ဆိုးရမည်..သို့ပေမဲ့ သူမ ရင်အစုံက စိတ်လှုပ်ရှားနေပြီး ဘာမှန်း မသိသော ခံစားချက်တစ်ခု "
သူမ စက်ဘီး ကို တိုက်အမိုးအောက်သို့ တွန်းလာပြီး ရပ်ကာ အိမ်ထဲသို့ ၀င်လာတော့
"သမီးသွေးခြယ်...ဘာလို့ကြာနေတာ"
သူမ ဘာဖြေရမလဲ မသိ...ခေါင်းထဲက ဉာဏ်နီဉာဏ်နက်တွေ မထွက်တော့
"ဟဲ့ ...မေးနေတယ်လေ...ပိုက်ဆံရော ပိုတောင်းသွားသေးလား"
သူမ တစ်ချက်အတွေးရသည့်ပုံနှင့်
"ဟုတ်တယ်မေကေ...ဈေးကို အများကြီးတောင်းနေလို့ ညှိနေတာ"
"ကိုနန္ဒ ကလည်း...လူရင်းတွေပဲကို ...အများကြီး ပိုတောင်းနေတယ် ...နောက်ခါကျ မအပ်တော့နဲ့ "
သူမ့စကားကြောင့် လူကြီးတွေကိုတော့ မျက်နှာ မပျက်စေချင်.....
"မဟုတ် ...မဟုတ်ဘူး မေကေ ခုက သူ့အိမ်က တူလေးက မသိပဲ အများကြီးပြောတောင်းနေတာ အဲ့ဒါကြောင့်...... ဦးလေးနန္ဒ က သမီးတို့ကို အမြဲလျော့ပေးနေတာပဲကို...မေကေကလဲ" ရှင်းပြရသည်။"အေး ...ညည်းမှ ရှင်းရှင်းမပြောတာ...သွား ည ဂျူတီသွားမှာမလား ပြင်ဆင်တော့ "
"ဟုတ် မေကေ"
...............................................................................

YOU ARE READING
**Wrong-Person**
General FictionBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...