"သုတရေ ...အသွေး၀တ်ထားတာ အဆင်ပြေလား ကြည့်ပေးပါဦး"
ဖဲသားအနက်ေရာင် လည်ပင်းကြိုးသိုင်း လက်ပြတ်နှင့် ဒူးမှ ခွဲထားသော ဂါ၀န်ရှည်အား ၀တ်ကြည့်ပြီး သူမကိုယ့်ကိုယ် အဆင်မပြေဘူးထင်၍ သုတ အခန်းအားသွားခေါက်ကာ သုတအားအကြံဉာဏ်တောင်းရသည်။
"ဘာဖြစ်လို့လဲ သွေးရဲ့ ကိုယ်ကြည့်ရသလောက် ဒီevening gown က သွေးနဲ့ အရမ်းကြည့်ကောင်းနေတာ"
စစ်ကူခေါ်ကာမှ ပိုဆိုးလေပြီ..
"လက်အရမ်းပြတ်ပြီး ကျောကလည်း အရမ်းဟိုက်နေလို့လေ "
သူမအတွက် သုတက အကိုတစ်ယောက်လို ဖြစ်နေ၍ သူမ မရှက်တော့...သုတကလည်း တည်ကြည်သည်မဟုတ်ပါလား...
"မဟိုက်ဘူး လှတယ် သွေး ...အဲ့ဒါပဲ ၀တ်ခဲ့တော့ ကိုယ်လည်း အနက်ရောင်ပဲ ၀တ်မှာ..."
"ပြီးရောသုတ ..ဒါဆို သွေး မိတ်ကပ်နည်းနည်းသွားလိမ်းလိုက်ဦးမယ်"
သုတတစ်ယောက် သူမလေးကို ကြည့်ရင်း ချစ်စိတ်တွေက တစ်ရိပ်ရိပ်တိုးလျှက်...သူမလေးကိုတော့ ဒီနေ့ရအောင်ဖွင့်ပြောရမည်..အမြဲ ဖွင့်ပြောဖို့ ကြံလိုက်တိုင်း မဖြစ်မြောက်ခဲ့တာများနေပြီ...
...
"မေကေ သမီး အဆင်ပြေလား "
သူမရို့တို့ရှက်တန်းမျက်နှာထားနှင့်မေးတော့ မေကေက ရယ်လျှက်
"လှတာပေါ့ မေမေ့သမီးက တော်တော်လှတာပဲ...မောင်သုတနဲ့ ဒီလို တွဲ ကြည့်တော့လည်း အရမ်းလိုက်ဖက်ကြတာပဲနော်"
"အာ ..အန်တီ"
"မေကေနော်"
သူမနှင့်သုတနှစ်ယောက် ပြိုင်တူ ပြောမိရင်း သုတကတော့ လည်ပင်းအား လက်ဖြင့်ပွတ်လျှက် ခေါင်းငုံ့ ထားလေသည်။
သူမက မေကေအား မျက်လုံးပြူးပြရင်း
"သွားတော့ နောက်ကျနေမယ်...ကားလည်းဂရုစိုက်မောင်းနော် သား"
မေကေကတော့ မင်းသုတ ကို မောင်မင်းသုတကနေ သားအဖြစ်တောင် ခေါ်နေလေပြီ...သူမမှာသာ မျက်နှာ ပူလွန်းလို့
"ဟုတ် စိတ်ချပါဗျာ အန်တီကေသီ သားတို့သွားတော့မယ်နော်"
"အေး..အေး"
......
သုတက ကားပေါ်နေရင်း သူမအား လှည့်ကြည့်လှည့်ကြည့်နှင့်
"သုတ သွေးကို လှည့်ကြည့်နေတာ ဘာလို့လဲ"
"ဟိုလေ သွေး၀တ်ထားတဲ့ ဆွဲကြိုးက သိပ်မပေါ်လို့ ဒါလေး"
သူမရှေ့သို့ လက်လှမ်းပေးသော ဘူးအား သူမ ဖွင့်ကြည့်တော့......ရွှေဖြူ ကြိုးပေါ်မှာ အနီရောင် တစ်လုံးတည်းသော စိန်ေလာ့ကတ်လေးနှင့်..... တန်ဖိုးကြီးမှာ အမှန်ပင်...
"ဒါကို ဘာလုပ်ရမှာလဲ သုတ"
"ဒါလေး၀တ်ထားပါလားလို့....သွေးရဲ့ ဒီနေ့ပုံစံနဲ့ လိုက်တယ်"
"တန်ဖိုးကြီးမှာ သုတရ အသွေး မ၀တ်ချင်ဘူး...တကယ်လို့ ကျပျောက်ရင်လည်း အသွေးက"
"သွေးကို ချစ်မြတ်နိုးလို့ ပေးတာ"
သူမ စကားလုံးများ ပျောက်သွားရင်း သုတကို နားမလည်သည့်ပုံနှင့်ကြည့်တော့...
သုတလမ်းဘေးသို့ ကားထိုးရပ်ရင်း
"ကိုယ့်ရဲ့ proposal က တစ်မျိုး ဖြစ်သွားပေမဲ့ ကိုယ်လည်းစိတ်လောပြီး ဘယ်က ဘယ်လို စပြောရမလဲ မသိဘူး"
သူမ ကြောင်အလျှက်
"သွေး စဉ်းစားပေးပါနော်...ကိုယ် သွေးကို အရမ်းချစ်တယ် "
သူမ ရတနာဘူးအားပိတ်လိုက်ပြီး သူ့ထံ ထိုးပေးကာ
"အသွေး လက်မခံနိုင်ဘူး သုတ ...အသွေးစိတ်ထဲ မှာ သုတက အစ်ကိုလိုပဲ "
ခုမှ ဖွင့်ပြော ခုချက်ချင်း ငြင်းခံလိုက်ရသည့်သုတ ရင်ထဲ နာကျင်ပေမဲ့ သူ လက်ေလျှာ့ချင်...
"သွေး စဉ်းစားပေးပါဦး ခုချက်ချင်း ကိုယ်က အဖြေ မတောင်းပါဘူး...ကိုယ်စောင့်နိုင်တယ် သွေးချစ်လာမဲ့ နေ့အထိ "
"ပြီးတော့ ဒါလေးက သွေးနဲ့ တကယ်လိုက်လို့ ကိုယ် ဝယ်ထားတာ ဒီည ပွဲမှာတော့ ၀တ်လိုက်ပါ နော်"
သူပြောရင်း ဘူးထဲ မှ ဆွဲ ကြိုးအား ယူကာ သူမအား ၀တ်ပေးရန် ပြင်လိုက်ချိန်
"ဒီနေ့ပွဲတော့ သွေး၀တ်လိုက်ပါ့မယ် သုတ အသိတွေ ဆိုတော့ သွေးကြောင့်မျက်နှာ ငယ်ရမှာစိုးလို့ ...ဒါပေမဲ့"
"မျက်နှာ ငယ်စရာ မလိုပါဘူး ...ဆွဲ ကြိုးကြောင့်လည်း သွေးက ဂုဏ်တက်တာ မဟုတ်ဘူး ..သွေးက ဒီတိုင်းလည်း ဒီနေ့ပွဲ မှာ ကိုယ့်အတွက် အလှဆုံး ဧကရီပဲ"
သူက ရင်ခုန်ချင်စရာကောင်းတဲ့ အပြုံး အကြည့်မျက်၀န်းများနှင့် ပြောနေပေမဲ့ သူမ ရင်ထဲ ဘယ်လိုမှမနေ...
"အွန်းပါ ...ပွဲ ပြီးရင်တော့ သုတ ပြန်သိမ်းပေးထားနော်"
..........

STAI LEGGENDO
**Wrong-Person**
Narrativa generaleBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...