မိုမိုစံ ကိုခေါင့်ထံမှ စေ့စပ်ပွဲ ဖျက်ပေးရန်ပြောခဲ့တဲ့နေ့ကစပြီး အပြင်မထွက်ပဲ အိမ်တွင်းအောင်းနေသည်မှာ တစ်ပတ်ခန့်ရှိလေသည်..
သူမ ဘယ်လို ကြိုးစားကြိုးစား ကိုခေါင့်ကို လက်မလွှတ်နိုင်...သူမအတွက် ကိုခေါင်ကသာ အချစ်ဦးနှင့်အချစ်ဆုံး မဟုတ်ပါလား..
နောက်ဆုံး သူမ စိတ်ပိုင်းဖြတ်ကာ ကိုခေါင်တွဲနေသည့်မိန်းမအား သွားတွေ့မည်ဟု ဆုံးဖြတ်ကာ ထိုမိန်းကလေးအကြောင်းကို စုံစမ်းခဲ့သည်။
"ကလင်...ကလင်"
ခြံခေါင်းလောင်းသံ ကြား၍ ဒေါ်ကေသီ သွားဖွင့်တော့
"ဒါ....အစ်မ ပန်းသွေးခြယ် အိမ်လားရှင့်"
အသားဖြူဖြူ ပြည့်ပြည့်ဖောင်းဖောင်းနှင့် ချစ်ဖို့ကောင်းသော ကောင်မလေး အား
"ဟုတ်တယ် သမီး...ခုတော့ သမီး သွေးခြယ် မရှိဘူး...ခဏနေတော့ ပြန်ရောက်မယ် အထဲ ၀င်စောင့်ပါလား"
"ဟုတ်...အန်တီ "
မိုမို အထဲသို့၀င်ကာ ဧည့်ခန်းမှာ ထိုင်နေရင်း အိမ်ပုံစံကို ကြည့်မိတော့ နှစ်ထပ်တိုက်အိမ်ကို မှ သပ်သပ်ရပ်ရပ်နှင့်...မပန်းသွေးခြယ်ကို မမြင်ဖူးပဲ လာခဲ့ရသော်လည်း အိမ်အနေအထား ပတ်၀န်းကျင်ကို ကြည့်ရုံနှင့် အေးအေးဆေးဆေး သမား များပင် ဖြစ်ပေလိမ့်မည်...
"သမီး အအေးလေးသောက်လိုက်ဦး"
အအေးခွက်ကို သူမရှေ့ ထိုးပေးပြီး ပြုံးပြနေသော အန်တီအား ကြည့်ရင်း..
"ဟုတ် အန်တီ ကျေးဇူးတင်ပါတယ်..ဒါနဲ့ အန်တီက မပန်းသွေးခြယ်ရဲ့ အမေလား"
"ဟုတ်တယ် သမီးလေး ...အန်တီနာမည်က ဒေါ်ကေသီပါ"
"ဟုတ် သမီးနာမည်က မိုမိုစံလို့ ခေါ်ပါတယ်"
"ဒါနဲ့ သမီးသွေးခြယ်ရဲ့သူငယ်ချင်းလား... သွေးခြယ်ထက် အသက်ငယ်တဲ့ပုံပဲ"
"မဟုတ်ပါဘူး...အန်တီ ...သမီးက ဒီကို ကိစ္စ တစ်ခုကြောင့်လာတာပါ"
ဒေါ်ကေသီ နားစွင့်လိုက်ရင်း ...
"သမီးက ပြည်ဘက်ကပါ...သမီးမှာ စေ့စပ်ထားတဲ့ ကောင်လေး ရှိပါတယ်...အဲ့ဒါ"
မိုမိုစံ ခေါင်းငုံ့နေရာမှ ဒေါ်ကေသီ မျက်နှာအား ကြည့်လိုက်ပြီး
"မ ပန်းသွေးခြယ်နဲ့ သမီးရဲ့ကောင်လေးက ငြိစွန်းနေကြတာ ...သမီးဒီလို ပြောရတာ အန်တီ့ကို အားနာပါတယ်...ဒါပေမဲ့ သမီး ချစ်တဲ့ သူနဲ့ မခွဲနိုင်လို့ ခုလို လာပြီး မပန်းသွေးခြယ်ကို လာတွေ့ရတာပါ"
ဒေါ်ကေသီ သူမရှေ့မှ ထိုင်ပြီးပြောနေသော ကောင်မလေးရဲ့စကားတွေကို နားမလည်နိုင်စွာ...
တစ်ခုခုဆို သမီးဖြစ်သူ ပန်းသွေးခြယ်က သူမအား တိုင်ပင်ပြောပြနေကြပင်...
သေချာ စဉ်းစားကြည့်ရင်တော့ အရင်ရက်အနည်းငယ်က သမီးဖြစ်သူမှာ မူမမှန် ရှိနေသည်ကို သတိထားမိသည်။
"ဟုတ်ပါ့မလား ကလေးမရယ်...အန်တီ သမီးလေးက အဲ့လို တော့ မလုပ်လောက်ပါဘူး"
"သမီး နားလည်ပါတယ်...ဒါပေမဲ့ မပန်းသွေးခြယ် လာရင် ...သိရမှာပါ"
.......
အသွေး ဒီနေ့ ကို့ဆီမှ မိုမိုစံကိစ္စကို မေးခဲ့သော်လည်း ရင်ထဲ မှာ အပူလုံးက ကျမသွား....ဒီရက်ပိုင်း အဲ့ကိစ္စကို စိတ်ထင့်နေသည်...ဘာလို့မှန်းတော့ မသိ...
"မေကေ...သမီး ပြန်ရောက်ပြီ"
ပြန်ရောက်ရောက်ချင်း ဧည့်ခန်းမှာ ဧည့်သည် တစ်ယောက် နှင့် စကားပြောနေသော မေကေ့အား တွေ့လိုက်ရသည်...သူမအား မေကေ့က တွေ့တော့
"သမီး..ဒီလာ ထိုင်ပါဦး"
သူမ မေကေ့ ခေါ်သံကြောင့် ဧည့်ခန်းအတွင်း ၀င်ထိုင်လိုက်ချိန် တွေ့လိုက်ရသည်က မိုမိုစံ...သူမ မှတ်မိတာပေါ့...စေ့စပ်ပွဲနေ့က ကောင်မလေးပင်..
"ဟင် ...အမ ကိုသုတနဲ့ ပါလာတဲ့ တစ်ယောက်မလား"
သူမ မျက်နှာ ပူစွာ ခေါင်းညိမ့်မိပြီး...မိုမိုစံမှပင်
"ညီမ ...ဒီလာတာက ကိုခေါင်...အင်း...ကို ရဲထွဋ်ခေါင်နဲ့ ပတ်သက်ပြီးတော့ပါ..."
သူမ ကြိုပြီး စိတ်ထင့်နေသည့် အတိုင်းပါလား...
"ပြောပါ...ညီမလေး"
"ကိုခေါင်က ...စေ့စပ်ပွဲ ဖျက်ပေးစေချင်နေတယ် အမကြောင့်နဲ့..."
"ဒါပေမဲ့...မိုမို့အတွက် ကိုခေါင်က အချစ်ဆုံးနဲ့ အချစ်ဦးမို့ လက်မလွှတ်နိုင်လို့ပါ...အစ်မ နောက်ဆုတ်ပေးပါလား""
သူမ မိုမိုစံကို ကြည့်ရင်း အားနာသည့်စိတ်နှင့်...သူမနဲ့ ထွဋ်ခေါင်က ပြတ်ဖို့ မဖြစ်နိုင်သည့် အခြေအနေ...
"တောင်းပန်ပါတယ်...ညီမလေး အစ်မ ခုလို ဖြစ်စေချင်လို့ ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး...ဒါပေမဲ့ ကိုနဲ့ အစ်မက တကယ်ချစ်ပြီး လက်ထပ်ဖို့အထိ တွေးထားကြလို့ပါ"
မိုမိုစံ မပန်းသွေးခြယ်စကားကြားတော့ သူမ စိတ်ကိုတင်းကာ...
"ဒါဆို အစ်မက လက်မလျော့နိုင်ဘူးပေါ့...ညီမဘက်ကလည်း ကိုခေါင်နဲ့ မဂ်လာပွဲကို မဖြစ်ဖြစ်အောင်လုပ်မှာ...ခုလိုလာပြောတာလဲ အစ်မသိက္ခာကို ငဲ့ညှာပြီး လာပြောတာ...အစ်မကိုယ်တိုင်က မယားငယ်ဇာတ်သွင်းချင်လည်း သွင်းပေါ့"
ကလေးနှစ်ဦး ပြောနေကြသည့်ကို ဒေါ်ကေသီ နားထောင်နေရင်းမှ ...တစ်ဖက် မှ သူမ သမီး ဖြစ်သူအား ရင့်ရင့်သီးသီးပြောလာသော ထိုမိန်းကလေးအား ဒေါ်ကေသီ စိတ်တိုမိသည်...သမီး ဖြစ်သူကိုလည်း စိတ်ထဲ ဒေါသထွက်လျှက်
"အစ်မဘက်က...ကိုနဲ့ ပတ်သက်ပြီး...မယားငယ်တွေ စနိုက်မတွေ မဖြစ်ချင်ပါဘူး...ဒါပေမဲ့ ကိုသာ ညီမလေးနဲ့ မပြတ်ဘဲ လက်ထပ်သွားမယ်ဆိုရင်တော့...အစ်မဘက်က ကိုနဲ့ ထပ်ပတ်သက်မှာ မဟုတ်ပါဘူး...အခုက ကို့ဘက်ကလည်း သူအကုန် ဖြတ်ပြီး အစ်မနဲ့ လက်တွဲမယ်ဆိုလို့ ...အစ်မလက်ခံခဲ့တာပါ"
မိုမိုစံတစ်ယောက် ဘာမှ ထပ်ပြောစရာမရှိတော့...အဓိကက ကိုခေါင်ပင်....ကိုခေါင်က ဒီမိန်းကလေးကိုသာ ချစ်မြတ်နိုးပြီး လက်တွဲသွားချင်သည်ဟု ပြောခဲ့တာပင်....
ထိုစဉ်...
"အန်တီ... သွေး...ဧည့်သည်ရောက်နေတာလားဗျ"
မိုမိုစံ လှည့်ကြည့်တော့ ကိုမင်းသုတပင်....အိမ်နေရင်း အ၀တ်အစားနှင့် အပေါ်ထပ်မှ ဆင်းလာသည့်ပုံပင်...
"ဒါဆို...ကိုသုတနဲ့ အမက..." မိုမိုစံ သူမ့အတွေးနှင့်သူ
YOU ARE READING
**Wrong-Person**
General FictionBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...