episode -17

855 14 0
                                    


ရဲထွဋ်ခေါင် သူမလေးအားစိတ်ဆိုးပြီး အဆက်အသွယ် မလုပ်ပဲ အခန်းတွင်း အရက်ပုလင်းထောင်နေသည်မှာ တစ်ပတ်မျှ ရှိတော့မည်။

"ထွဋ်ခေါင်...မင်း ဘာတွေ လုပ်နေတာလဲ"

သူ့အခန်းထဲ သို့ ၀င်လာကာ သူ့ပုံစံ အားကြည့်ပြီး စိတ်ပျက်လက်ပျက်ပြောနေသူ ဦးလေး နန္ဒဟန်က

"မင်း...မိုမိုစံနဲ့ စေ့စပ်ပွဲ ဖျက်မယ်ဆို...မင်း အဖေ ပြောလို့ ခုမှ သိရတာ...မင်း ကြိုက်နေတဲ့ကောင်မလေးက...ပန်းသွေးခြယ်လား"

ဆိုလေသည်။

တစ်ပတ်မျှ အခန်းတွင်းအောင်းပြီး မပြုမပြင်ပဲ နေသော သူက မုတ်ဆိတ်မွှေး စစနှင့် မျက်လုံးများက မို့အစ်ကာ ရဲနေပြီး နှုတ်ခမ်းများက ခြောက်သွေ့လျှက်

"မင်း အခု ပုံစံကို ကြည့်ဦး...မိုမိုစံက မင်းအဖေကို ပန်းသွေးခြယ် အကြောင်း သွားပြောပြထားတဲ့ပုံပဲ သူအရမ်းဒေါသထွက်ပြီး ရန်ကုန်ဆင်းလာမယ်ပြောတယ်...ငါကတော့ တူမကြီးပန်းသွေးခြယ်တို့ သားအမိအကြောင်းကို သိတယ်...သူမလေးက တစ်ခြား ယောကျာ်းနဲ့ တိတ်တိတ်ပုန်း ညားနေမဲ့ အတန်းအစားမျိုး မဟုတ်ဘူး...ငါယုံတယ်"

ဦးလေး ဖြစ်သူရဲ့စကားကို ကြား‌ေတာ့ သူကိုယ်တိုင် ချစ်တဲ့သူကို မယုံကြည်ပဲ  ဖြေရှင်းချက်တွေကို နားမထောင်ပဲ နေခဲ့တဲ့ ပုံစံကို ပြန်မြင်ယောင်လာသည်။

မျက်လုံးများက စိုးထိတ်သွားပြီး..

"ကျွန်တော် မှားသွားပြီ ထင်တယ် ဦးလေး...ကျွန်တော် သွေးကို မယုံကြည်ခဲ့ ဘူး"

ဦးလေးဖြစ်သူဆီသို့ လျှောက်လာကာ ဦးလေးဖြစ်သူအား ဆုပ်ကိုင်ရင်း ရဲထွဋ်‌တစ်ယောက် စိုးထိတ်စွာ ပြောမိသည်။

"မင်း...တူမလေးပန်းသွေးခြယ်ကို စကတည်းက မကြိုက်သင့်ခဲ့တာ...မင်းနဲ့ မင်းအစ်ကိုတို့က မိန်းကလေးတွေ တန်ဖိုးမထားဘူး ကိုယ်တိုင်က အမြဲ ပွေရှုပ်နေတော့ ချစ်မြတ်နိုးမိတဲ့ မိန်းကလေးအပေါ်မှာလည်း ယုံကြည်မှု အပြည့်အ၀ မပေးနိုင်တာ မဆန်းဘူး...ခု ညနေကျရင်တော့ မင်းအဖေ လာလိမ့်မယ် ..မင်းတို့သားအဖ ရှင်းကြပေါ့"

**Wrong-Person** Tahanan ng mga kuwento. Tumuklas ngayon