episode-9

750 15 0
                                    

တောင်ကြီးမှ"Dècor"ဆိုင်ခွဲအား ရန်ကုန်မှာ  ဖွင့်ရန် ဖေဖေတို့ စီစဉ်နေကြတော့ မင်းသုတ တာ၀န်ယူရန် ဖြစ်လာခဲ့သည်။
ရန်ကုန်မှာ တိုက်ခန်း၀ယ်ထားသော်လည်း ပြင်ဆင်မပြီးစီးသေး၍ ဦးလေးဖြစ်သူက အန်တီ ကေတီ ဆီမှာ ပြင်ဆင်နေစဉ်အတွင်း ခဏနေရန် တိုက်တွန်းခဲ့သည်။
မင်းသုတ အစတုန်းကတော့  သွေးနှင့် ဒေါ် ကေတီကို အားနာသဖြင့် ငြင်းဆန်ခဲ့ပေမဲ့ သူ ပြန်စဉ်းစားကြည့်တော့ သူမလေး အနား အနီးကပ်နေရပြီး ချဉ်းကပ်လို့ ရမည့်အခွင့်အရေးဖြစ်သဖြင့် လက်ခံခဲ့သည်။
"တီ..."
အိမ်ရှေ့ ကားဟွန်းသံ ကြားသဖြင့် ဒေါ် ကေတီ တစ်ယောက် ဧည့်ခန်းမှ ထကာ ခြံ တံခါး သွားဖွင့်ပေးရင်း...ကားလေးက ခြံ အတွင်းသို့ ၀င်လာခဲ့သည်။
"အန်တီကေသီ...ဒါလေးက ထောပတ်သီးတွေ...ကြိုက်မလားတော့ မသိဘူး ...ကျွန်တော် ယူလာတာ"
"မလိုပါဘူးမောင်သုတရယ်..."
"အထုပ်တွေ က ဒါပဲလား"
မင်းသုတတစ်ယောက် ကားနောက်ဖုံးမှ luaggage ကို ထုတ်လိုက်ရင်း
"ဒါတွေပဲ...အန်တီ ...လိုတာရှိရင်လည်း လုပ်ငန်းအတွက် သွားပြန် လုပ်ရင်းမှ ပဲ ယူလိုက်တော့မယ်...တစ်ချို့တ‌စ်လေကိုတော့ ၀ယ်လိုက်တော့မလားလို့တွေးထားတယ်ဗျ"
"လာလာ သားအခန်းက အပေါ်ထပ်မှာ... သမီးသွေးခြယ်အခန်းနဲ့ မျက်နှာ ချင်းဆိုင်ပဲ"
"ဗျာ...ဟုတ် ဟုတ် "
ဒေါ်ကေသီက ပြောလည်းပြော သူ့အားလက်ယက်ခေါ်ကာ အိမ်ပေါ်သို့ တက်သွားပြီး သူလည်း luaggage အားမ,ကာ လှေကားအတိုင်း တက်လာခဲ့သည်။
"သမီး သွေးခြယ်ကတော့ ဒီမနက် ဆေးရုံသွားတယ် ...ညနေလောက်မှ ပြန်လာမယ်..."
"ဒါ သား အခန်းနော်..ဘေးက ဘုရားခန်း ...ဟို အရှေ့က သမီးသွေးခြယ်နေတယ်...အန်တီကတော့ အောက်ထပ်ကအခန်းမှာ "
"ဟုတ် ...ဟုတ် ကျွန်တော့်ကြောင့် အန်တီတို့ ၀န်ပိုစေမိပြီဗျာ ...ထမင်းဟင်းကို ကျွန်တော် အပြင်မှာပဲ စားမှာမို့ တကူးတက ချက်မနေနဲ့နော် အန်တီ"
"မဟုတ်တာ...စည်သူရဲ့ တူက  အန်တီ တူလိုပဲ ... ဘာမှ အားမနာနဲ့...ထမင်းကိုလည်း အန်တီတို့ အိမ်မှာပဲ စား...ဘာမှ တာ၀န်မပိုဘူး"
"ဟုတ်ကဲ့ အန်တီ ...အရမ်းကျေးဇူးတင်ပါတယ်ဗျာ"
သူက ပြုံးပြရင်းပြောတော့ဒေါ်ကေသီ က ပြန်လည် ပြုံးပြရင်း
"ကဲ...ကဲ ...မင်းလည်း ခရီးပန်းလာတာ ပင်ပန်းရောပေါ့...နားလိုက်‌ဦး"
သူခေါင်းတစ်ချက်ငြိမ့်ပြစွာ သူ့အခန်းတွင်းသို့ ၀င်လိုက်ပြီး မွေ့ယာပေါ်သို့ ပစ်လှဲလိုက်ကာ အတွေးထဲ မှာတော့
"သွေးရေ...ကိုယ် မင်းနဲ့ဝေးနေတာတောင် အရမ်းချစ်နေမိတာ ...မင်းအနားမှာဆို ကိုယ့်စိတ်တွေ ခံနိုင်ရည်ရှိပါ့မလားကွာ"
..............
မင်းသုတ  ခရီး ပန်းလာသဖြင့် အိပ်ပျော်သွားသည်မှာ  နိုးလာတော့ လေးနာရီခွဲ မျှ ရှိချေပြီ။
သူ အိပ်ရာမှ လူးလဲ ထရင်း ... luaggage ထဲ က ပုဆိုးနှင့် စွပ်ကျယ် တစ်ထည် ‌ထုတ်လိုက်ရင်း ...ရေချိုး ခန်း တွင်းသို့ ၀င်လိုက်ပြီးနောက် ဖြီးလိမ်းပြင်ဆင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ အောက်ထပ်ကို ဆင်းလာတော့ မည်သူ့ကိုမျှ မတွေ့...ဧည့်ခန်းအတွင်း ၀င်ကြည့်တော့လည်း မတွေ့သဖြင့် ခြံ ထဲသို့ ဆင်းလာခဲ့သည်။
"အန်တီကေသီ...ကျွန်တော် ကူ လုပ်ပေးစရာများ ရှိလားဗျ"
အသံလာရာ ဒေါ်ကေသီကြည့်တော့ ပုဆိုးစွပ်ကျယ်နှင့်တောင် ကြည့်ကောင်းနေသော မောင်မင်းသုတကို တွေ့လိုက်ရသည်။
"နိုးလာပြီလား မောင်သုတ ... ဗိုက်ရော ဆာ ပြီလား"
"  မဆာ‌ေသးဘူးအန်တီ....ဒါနဲ့ သွေးကို မတွေ့ဘူးနော် ...အလုပ်က ပြန်လာသေးတာလား"
" ပြန်တော့ ရောက်နေပြီ သားရေ.... သမီး က အ၀တ်အစားလဲမယ် ဆိုပြီး အပေါ် တက်သွားတယ် "

**Wrong-Person** Where stories live. Discover now