အသွေး သုတဆီကို ရောက်တော့...သုတဘေးခုံသို့ ဟန်မပျက်၀င်ထိုင်ရင်း မုန့်စားရန် ပြင်လိုက်သည်။
"ကိုခေါင် မျက်နှာက ဘာ ဖြစ်တာလဲ ရဲနေတာပဲ"
မိုမိုစံက သူမတို့အနီးမှာ ဖြစ်၍ စကားပြောသံများ ကြားနေရသည်။
"ဘာမှ မဖြစ်ပါဘူး ခုနက ယားလို့ ကုတ်လိုက်တာ ရဲသွားတာ "
"ဖြစ်ရလေ ကိုခေါင်ရယ် အကောင်ပလောင်တွေများ ကိုက်လား မသိဘူး မိုမို ဆေးသွား ယူလိုက်ဦးမယ် စောင့်ဦး"
....
"ကျွန်တော် ထိုင်မယ်နော် ကိုသုတ"
သူမနှင့် သုတ ထိုင်နေရာသို့လာပြီး သူမတို့နား ၀င်ထိုင်လိုက်သော ရဲထွဋ်ခေါင်ကို သူမ ခဏကြည့်ပြီး မျက်နှာလွှဲကာ...
ရဲထွဋ်ခေါင်ကလည်း သူမနှင့်သုတအား ပြုံး ပြရင်း
"ကိုသုတ ရော ဘယ်တော့လဲဗျ"
ထွဋ်ခေါင်ရဲ့ အမေးကြောင့် သုတ ဘာဖြေရမှန်းမသိ...သူမလေးကိုလည်းအားနာစွာ
"ကျွန်တော်က ခုမှ သွေးကို ဖွင့်ပြောထားတုန်းဗျ ...လိုပါသေးတယ်"
"ဟား..." သူ ရယ်သံက ခပ်အက်အက်...
"ကိုသုတကလည်းဗျာ အပိုင်သိမ်းပစ်လိုက်ပေါ့"
သူမကိုရှေ့မှာထားပြီး ထိုစကားကို ပြောနိုင်သော ယောကျာ်းက ရဲထွဋ်ခေါင်မဟုတ်လျှင် မဖြစ်နိုင်စရာ မရှိ။ သူမ စိတ်တိုစွာ..
"လူတိုင်းကို ရှင့်လိုပဲ ထင်မနေနဲ့ ထွဋ်ခေါင်...သုတက ရှင့်ထက် အစစ အရာရာမှာ ယောကျာ်းကောင်း ပီသတယ် "
သူမနှင့် ရဲထွဋ်ခေါင်တို့ ပြောဆိုနေကြပုံ ကြည့်ပြီး သုတ နားမလည်နိုင်...
"ရှင့်လို ယောကျာ်းမျိုးက တော့ မိန်းမတိုင်းကို အသားယူပြီး အပျော်ပဲ ကြံတတ်တာလေ ဟုတ်တယ်မလား "
သူမ ခနဲ့တဲ့တဲ့ အပြုံးနှင့် ကြည့်ပြီး ဆိုတော့ သူက ဒေါသ မျက်၀န်းများနှင့် "ဘာလဲ အမှန်တရားပဲလေ"ဆိုပြီးသူမက မျက်စ ပစ်လိုက်တော့
"သွေးလည်း စိတ်လျော့...ကိုရဲထွဋ်လည်း စိတ်လျော့ပါဗျာ...သွေး က သူ့ကို စော်ကားတယ် ထင်လို့ ပြန်ပြောလိုက်တာပါ"
သုတက ၀င်ဖြန်ဖြေတော့ သူက သုတအား ကြည့်ရင်း
"ကိုသုတ...ဒေါ်သွေးခြယ် ကို ခင်ဗျား ထက် ကျုပ်ပိုသိပါတယ်ဗျာ "
ဒီတစ်ခါ စိတ်ဆိုးသည်မှာ သုတပင်...သူမလေးကို သွေးလို့ပဲ ခေါ်ခဲ့ပြီး ခုထိ နာမည် အပြည့်အစုံ ပင် မပြောပြရသေး...ဒါကို ရဲထွဋ်ခေါင်က ဘယ်လို သိနေတာလဲ ...ရဲ ထွဋ်ခေါင်နှင့် သွေးကရော ဘယ်လို ပတ်သက်နေတာလဲ...အဲ့ဒါတွေ ထက် ရဲထွဋ်ခေါင်ရဲ့ စကားက စည်းကျော်နေပြီ ဒီနေ့က သူ့ရဲ့စေ့စပ်ပွဲနေ့ပင်ဆင်ခြင်သင့်သည် မဟုတ်ပါလား....
သူ ချစ်မြတ်နိုးရသော သူမလေးကို တန်ဖိုးမထားပြောဆိုနေသော ယောကျာ်းက ဘယ်သူဖြစ်နေပါစေ သူ ခွင့်လွှတ်မည်မဟုတ်...
"ကျွန်တော်နဲ့ သူက ငြိခဲ့တာလေ ..."
ထွဋ်ခေါင် စကားမဆုံးမီ သုတရဲ့ လက်များက ထွဋ်ခေါင်ရဲ့ necktie အားဆွဲရင်း
"ငြိခဲ့တော့ရော ဘာဖြစ်လဲ ရဲ ထွဋ်ခေါင် ...မင်းနဲ့ ပြီးပြတ်သွားတဲ့ဇာတ်လမ်းတစ်ခုကို မစားရတဲ့ အမဲ သဲနဲ့ ပက်သလို မလုပ်စမ်းပါနဲ့ကွာ ယောကျာ်း သိက္ခာ ကျတယ်"
ပွဲ ရှိ လူများက ကွက်ကြည့်ကွက်ကြည့်နှင့်...ဦးကံကောင်းလည်း ဘာမှ မပြောပဲ ငြိမ်ကြည့်နေလျှက်
"သုတ တော်လိုက်တော့ သူ မရှက်ပေမဲ့ သွေး ရှက်တယ် ...ပြန်ရအောင်နော်"
အကျီ စအား ဆွဲရင်း မျက်နှာ ငယ်လေးနှင့် ပြောနေသော သွေးကို မြင်တော့ သူ စိတ်တွေ တည်ငြိမ်သွားပြီး ရဲထွဋ်ခေါင်ရဲ့ necktie မှ လက်အား လွှတ်ကာ အသေအချာ ပြန်ပြင်ပေးရင်း...
"ပြန်တော့မယ် ကိုယ့်လူ...တော်သေးတယ် ...သွေးက ကျွန်တော်အနားမှာ ရှိနေလို့"
ပြောရင်း စားပွဲ မှ လှည့်ထွက်ကာ သူမလေးအား လက်ကမ်းေတာ့ သူမလေးက သူ့လက်အားတွဲကာ လျှောက်လာရင်း
"အန်ကယ်ရေ...ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး ...ခုနက ကိစ္စအတွက်တောင်းပန်ပါတယ်...ကျွန်တော်တို့ နားလည်မှု လွဲ သွားတာ"
"အေးပါကွာ.."
"အန်ကယ်လည်း တောင်ကြီးရောက်ရင် လာခဲ့ဦးမယ် ...မင်းတို့ဆီ မရောက်တာကြာပြီ "
"ဟုတ်ကဲ့...သွားပြီနော် အန်ကယ်"
ရဲထွဋ်ခေါင်တစ်ယောက် ထိုင်ခုံ မှာတွေတွေကြီး ထိုင်နေပြီး...
သူမလေးအား တစ်ခြား ယောကျာ်းနှင့် တွဲ လာ၍ သ၀န်တိုေဒါသစိတ်နှင့်ပြောလိုက်ပေမဲ့ ...သူ့စကားတွေက ဘောင်ကျော်ကာ အရှက်မရှိမှန်းသိသည်။
သူ သူမလေးကို ပြန်လိုချင်သည်....သို့ပေမဲ့
.......
"သွေး ကိုယ့်ကို အကြောင်းစုံ ရှင်းပြချင်လား"
သုတ ကားမောင်းရင်း မေးတော့ အသွေး ငြိမ်သက်နေရာမှ
"နောက်မှ သုတကို ပြောပြမယ်နော်...အခု အသွေး ပင်ပန်းလို့ နားချင်တယ်"
ထိုသို့ပြောတော့လည်း သုတ ဆက်မမေးတော့ပဲ သူမလေးစိတ်ပြေစေရန် သီချင်းအေးအေးလေး ဖွင့်ပေးရင်း....
🎶🎶Long nights, daydreams
Sugar and smoke rings, I've been a fool
But strawberries and cigarettes always taste like you
Headlights, on me
Racing to 60, I've been a fool
But strawberries and cigarettes always taste like
Blue eyes, black jeans
Lighters and candy, I've been a fool
But strawberries and cigarettes always taste like you🎶🎶
သီချင်းသံလေးက ကားထဲမှာ ပျံလွင့်ေနကာ သူမ ကားမှန်တစ်ဆင့် အပြင်သို့ ကြည့်ပြီး မျက်၀န်းထက်မှ မျက်ရည်စ တစ်ချို့ ခိုးသုတ်မိသည်။
.........
သူမ အိမ် ပြန်ရောက်ပြီးကတည်းက အခန်းအောင်းခဲ့ပြီး ခုထိ အိပ်မပျော်သေး...အချိန်အားဖြင့် ည၁၂နာရီ
သူမ ရေချိုးရန် ပြင်လိုက်ပြီး သဘက် ပတ်စဉ်
"Ring..Ring"
ဖုန်းသံ မြည်လာသဖြင့် ကြည့်လိုက်တော့ သူမ မမှတ်ထားသော နံပါတ်စိမ်းတစ်ခု ...ညလယ်ကြီးက ဘယ်သူဆက်တာလဲ
"ဟဲလို" သူမထူးလိုက်တော့
"သွေး...ကိုယ်ပါ"
မှားစရာမရှိ အသံကြားလိုက်တာနှင့် ဒီရင်ဘတ်က သွေးဆောင့်ခုန်သလို စူးအောင့်သွားရသည်။
"ဘာအတွက်ဆက်တာလဲ ထွဋ်ခေါင်"
"တော်သေးတာပေါ့..ကိုယ့်ဖုန်းကို မသိတော့ဘူး ထင်နေတာ"တစ်ဖက်က စကားသံများက လေးလုံး မကွဲ မူးနေပုံသည်။
"အသွေးမှာ ပြောစရာမရှိဘူး ထွဋ်ခေါင် ..အသွေး ဖုန်းချလိုက်တော့မယ်"
"မချနဲ့ ..ခဏလေးပါကွာ...ကိုယ် ရူးတော့မယ်..သွေးကို သတိရလွန်းလို့ ကိုယ်ရူးမိတော့မှာ"
သူ ပြောတော့ သူမ ရင်ထဲက ရင်ခုန်သံများက တစ်ဒိန်းဒိန်း ခုန်လျှက်
"ကိုယ် မနက်ဖြန် အသွေး နဲ့တွေ့ချင်တယ် ရမလား"
"အသွေး မတွေ့ချင်ဘူး ထွဋ်ခေါင်...ထွဋ်ခေါင်လည်း စေ့စပ်ပြီးပြီ ကိုယ့်ဘ၀နဲ့ကိုယ် အေးဆေးနေပါတော့လား"
"လုပ်ပါ သွေးရယ်...ကိုယ်တောင်းဆိုတာပါ...သွေးနဲ့ နက်ဖြန်တွေ့ပါရစေ"
ချစ်ရသူရဲ့ တောင်းဆိုခယသံ ကြားတော့လည်း သူမမနေနိုင်စွာ ခေါင်းညိမ့်လက်ခံမိပြန်သည်။
"အသွေးလောက် မိုက်ရူးဆန်ရဲသည့် မိန်းကလေး ရှိပါ့မလား"
...............................................................................✨✨ဖတ်ရှု အားပေးကြပါဦး-ကျေးဇူးတင်ပါတယ်✨✨
![](https://img.wattpad.com/cover/336109245-288-k973192.jpg)
YOU ARE READING
**Wrong-Person**
General FictionBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...