အသွေး ခြံထဲ ၀င်၀င်ချင်း မေကေ က ပေါင်းပင်ရှင်းနေတာနှင့်ကြုံရင်း
"မေကေ သခွားသီး သုံးလုံး ...ဒညင်းသီးတစ်ထောင်ဖိုး၀ယ်လာတယ်နော် ...သမီး သွား စိပ်ထားလိုက်မယ်"
မေကေက တစ်ချက် ခေါင်းညိမ့်ပြပြီး ချွေးတစ်လုံးလုံး နှင့်.....
သူမ တို့စရာများအားပန်းကန်နှင့်ပြင်ဆင်ပြီး အုပ်ဆောင်းအောက်သို့ထည့်ကာ အိမ်ရှေ့ထွက်လာတော့ မေကေ က မပြီးသေး.... သူမ မေကေ့နား သွားရင်း
"ပေး...မေကေ သမီး ဆက်လုပ်လိုက်မယ် ...မေကေ ရေချိုးပြီး သွားနားတော့လေ "သူမ စကားကြောင့်
"အမေ့ကို ဟိုနားက ပန်းအိုးလေး မ,လာခဲ့ပေး "
မေကေ ညွှန်ပြရာ ဂမုန်းပန်းပင်လေးအား သူမ မ,ကြည့်တော့ ပေါ့၍ မ,လာခဲ့သည်။
"ဒီနား လေးချ ဒီနား..."
မေကေက နောက်သို့ ခပ်လှမ်းလှမ်းစုတ်ကာ ပန်းအိုးအားတစ်ချက်ကြည့်ပြီး
"ဟိုဘက်နည်းနည်းလေးတိုးပေး..."မေကေ့စကားအတိုင်း ဟိုဘက်တိုးတော့ မေကေက ထပ်ကြည့်၍ စိတ်တိုင်းကျပုံ မရ ဒီဘက်နည်းနည်း ထပ်တိုးခိုင်းပြန်သည်။ အိုးဒီရွေ့ဟိုရွေ့နှင့် မိုးကောင်းကင်က လင်းရာမှ မှောင်ရီသို့ ပျိုးလာခဲ့တော့သည်။သူမတို့က အမေတစ်ခု သမီးတစ်ခု ဖြစ်သည့်အတွက် မေကေက သူမအား သားလို သမီးလို သဘောထားသည်။သူမ ဖေဖေကတော့ ..ကုမ္မဏီ တစ်ခုမှာ လုပ်ပြီး ခရီးခဏခဏ သွားရသဖြင့် မန္တလေးမှ ဒါ် မိမိမော်ဆိုသူနှင့်အကြောင်းပါပြီး ငြိစွန်းခဲ့ကြသည်။
မေကေ က ဖေဖေ့အကြောင်းစစသိတုန်းကဆိုလျှင် ဆယ့်ငါးနှစ်အရွယ် သူမအားခေါ်ကာ မန္တလေးသို့ သွား၍ ထိုမိန်းမအိမ်သို့ သွားကာ သောင်းကျန်းခဲ့သည်။ သို့ပေမဲ့ တစ်ယောက်နှင့်အများဆိုတော့
မေကေ့ခဗျာ ပါးထက်၌ သွားကိုက်ရာကြီးနှင့် ဆံပင်များပွယောင်းပြီး ပြန်လာခဲ့ရသည်။
နောက်ဆုံး မေကေက ဖေဖေအား တရား၀င်ကွာရှင်းေပးရန် တောင်းဆိုခဲ့သည်။ ဖေဖေက မသက်သာလို့ မှားခဲ့တာပါလို့ သူမ ကိုပြောပေမဲ့ ဖေဖေက မေကေ့အစား ဒေါ်မိမိမော်ဆိုသူအားရွေးချယ်သွားခဲ့သည်။ ဒီအိမ်နှင့် ပိုင်ဆိုင်မှုတွေကိုတော့ သူမအတွက်ဆိုပြီး ဖေဖေက ပြောသည့်နေ့က မေကေက နစ်နာသူ မိန်းမ တစ်ယောက်အနေနဲ့ ရသင့်သည် ဆိုတာထက် သမီးဖြစ်သူ သူမ အတွက် ကြည့်ပြီး လက်ခံကာ ဒီအိမ်ကို မရောင်းပဲ မိန်းမသားတန်မဲ့ တစ်ခုလပ် အမည်ဖြင့် သူမ အားထိန်းကျောင်းရင်း တည်ငြိမ်စွာ ရပ်တည်လာခဲ့တာ ယခု ချိန်ထိပင် ဖြစ်သည်။
သူမ အတွေးတွေနှင့်နှစ်မြောနေစဉ်
"ရေချိုးတော့ မိသွေးခြယ် "
"ဟုတ် ...ဟို ..ဟုတ် ...မေကေ.."
သူမ့ အခန်းသို့ ၀င်လိုက်ပြီး ရေချိုးရန်ပြင်လိုက်သည်။
......
နောက်တစ်နေ့မနက်....
အလင်းတန်းက မျက်နှာကို လာရောက်ထိုးနေတော့ အချိန်တော်တော် လင့်နေလောက်ပြီ ဖြစ်မည်။
သူမ နာရီကို လှမ်းကြည့်တော့ ၈နာရီခွဲ ....ပုံမှန်ဆို ဒီချိန်ထိ အိပ်လျှင် မေကေ က သူမ့အား ဆူပူနေကြပင်...ဒီနေ့ အိမ်ရဲ့အခြေအနေ ကတိတ်ဆိတ်လျှက်...
သူမ အိပ်ရာမျ လူးလဲ ထပြီး မီးဖိုဆောင်ကို ၀င်တော့ မေကေ ရှိမနေ...ဧည့်ခန်းတွင်လည်း ထိုနည်းလည်းကောင်းပင်...
သူမ ခြံ ထဲ ဆင်းကြည့်တော့ ခြံ ၀မှ တံခါးဖွင့်ကာ ၀င်လာသည့် မေကေ အားတွေ့တော့
"မေကေ ခုမှ ဈေးက ပြန်လာတာလား" သူမ ပြောလည်းပြော ပစ္စည်းများကို လက်လွှဲ ယူကာ
မီးဖိုဆောင်သို့ တန်း၀င်ခဲ့သည်။
"မေမေ့ကို ရေတစ်ခွက် ယူပေးစမ်းပါဦး"
သူမ ရေအိုးစင်မှ ရေတစ်ခွက်အပြည့်ခပ်ကာ မေကေအားပေးရင်း မေကေမှ ရေခွက်အားတစ်ချိုက်တည်းမော့သောက်ပစ်လိုက်သည်။ပြီးမှ သူမအားရေခွက်ပြန်ပေးကာ
"ဟုတ်တယ် အမေလည်း မနက်က နည်းနည်းနောက်ကျမှ နိုးလို့ ...စောစော မသွားလို့လားမသိ ရာသီဥတုက ပူလိုက်တာအေ "
သူမ ခွက်အားရေစင်သို့ ပြန်တင်လိုက်ပြီး
"မေကေ သမီး မျက်နှာသွားသစ်ဦးမယ်နော်"
မေကေ က မျက်ထောင့်နီနှင့်ကြည့်ကာ
"ခုမှ နိုးတာလား..မိသွေးခြယ်"
"ဟီး..ဟုတ်တယ်...သမီး မြန်မြန်သစ်ပြီး ပြန်ဆင်းခဲ့ပါမယ် မေမေရဲ့"
သူမမျက်နှာသစ်ပြီးနောက် မေကေ ၀ယ်လာသော အသားများကို ရေဆေးကာ အရသာနယ်ရင်းနှပ်ထားလိုက်သည်။ ကြက်သွန်နီ ဖြူကို ခွာပြီး ငရုတ်ဆုံထဲ သို့ထည့်ကာထောင်းရင်း ကျေညှက်သည့်နောက် အစိမ်းမှုန့်ထည့်ကာ နည်းနည်းမျှ ထပ်ထောင်းလိုက်သည်။
ထို့နောက် ဒယ်အိုးအား အပူပေးဆီထည့်ကာ ထောင်းထားသည်များထည့်ပြီး ဆီသပ်လိုက်ပြီးသည့်အချိန် နှပ်ထားသော ငါးအား ထည့်ကာ ချက်လိုက်သည်။
"မေကေ သမီး..ငါး ချက်လိုက်ပြီနော်...အရွက်က မေကေကြော်မှာလား " အရွက်ကြော်ဆိုလျှင် သူမ က အရသာ ပိုပိုသာသာထည့်လေ့ရှိတော့ မေကေက လုံး၀ မကြိုက် ဒါကြောင့်အရွက်ကြော်ဆိုလျှင် မေကေ ကိုယ်တိုင်ကြော်လေ့ရှိသည်။ဘုရားခန်းမှ မေကေ ကြားရန် အော်ပြောတော့ မေကေ့ဆီမှ အသံမကြား ...
သူမ ဘုရားခန်းသို့ သွားကြည့်ရင်း
"မေကေ.."သူမအသံ သိမ်၀င်သွားသည်။ မေကေ တရားထိုင်နေတာဖြစ်သည်။ပုံမှန်ဆိုမေကေက စောစောထ ဘုရားရှိခိုးပြီး ဈေးသွားလေ့ရှိသည်။ဒီနေ့အိပ်ရာထနောက်ကျနေသည်မဟုတ်ပါလား...
.....
"သမီးသွေးခြယ် ...ဟိုဘက်လမ်းက စက်ဘီးဆိုင်မှာ စက်ဘီးရပြီလား သွားမေးပေးဦး ....ရ ရင် ယူလာခဲ့လိုက်...ရော့ ပိုက်ဆံ ကိုနန္ဒ က ဈေးများများတောင်းရင် ဒါပဲ ပါတယ်ပြောခဲ့"
လက်ထဲ မှ ငါးထောင်တန်ကိုကြည့်ရင်း သူမ အခန်းထဲသို့၀င်ကာ ပိုက်ဆံ တစ်သောင်းတန်အား ပိုပိုလိုလို ယူလာလိုက်သည်။
သူမ ဆိုင်ရှေ့ရောက်တော့ ပုံ မှန်ပြင်နေကြ ဦးနန္ဒ ကို မတွေ့ စက်ဘီးအား ခေါင်းငိုက်စိုက်လုပ်နေသော ကောင်လေးတစ်ယောက် ... စွပ်ကျယ်လက်ပြတ်နှင့် ဘောင်းဘီ တို၀တ်ထားကာ အကျအနထိုင်ရင်း စက်ဘီးပြင်နေလေသည်။
"ဟေ့ ..ကောင်လေး"
ရဲထွဋ်ခေါင် ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်တော့
မနေ့က မျက်လုံးဝိုင်းဝိုင်း ကောင်မလေး...
ဒီနေ့ကတော့ အိမ်နေရင်း၀တ်စုံနဲ့ မဟုတ် ....ဂျင်းဘောင်းဘီ အရှည်အပွနှင့် အပေါ်မှ တီရှပ်တစ်ထည် တွဲ ဖက်၀င်ဆင်ထားသည်။
လှသည်...သူမကလေးက ဘယ်လိုနေနေ လှနေသည်...
သူ မထူးပဲ ကြောင်ငေးကြည့်နေတော့ သူမလေးက
အလိုမကျသော မျက်၀န်းများနှင့်
"ဒီမှာခေါ်နေတာလေ...မထူးပဲ ဘာကြည့်နေတာလဲ"
"ဪ...လှလို့ ...ဒီတိုင်းပဲ ကြည့်လိုက်တာ ...ဘာပြောချင်လို့လဲ"
သူမ အလိုမကျစွာ ကြည့်မိတော့ ထိုကောင်လေးက လုပ်လက်စကို ရပ်ကာ သူမအနီးသို့လာပြီး
"စက်ဘီး လာရွေးတာလား...ဦးလေး မရှိဘူး...လမ်းထိပ် မုန့်သွား၀ယ်တယ်"
"မင်း ...မနေ့က စက်ဘီးနဲ့ တစ်ယောက်မလား"
သူမ အနီးရောက်လာသည့် ကောင်လေးကို သေချာကြည့်မိတော့ မနေ့က သူမအား စက်ဘီး နှင့်၀င်တိုက်မိသည့်ကောင်လေးဖြစ်နေသည်။ ဒါဆို မနေ့က သူမမြင်ခဲ့သည့်စက်ဘီးက သူမပြင်ဖို့ထားထားသည့် စက်ဘီးပေါ့...ဒါကြောင့်တူနေသည်ဟု ထင်နေတာပင်....
"မင်းက ...လာ ပြင်ဖို့ထားတဲ့စက်ဘီးမှန်သမျှ ယူစီးနေကျပဲလား"
သူမအမေးကြောင့် သူ စိတ်တိုသွားပြီး
"မဟုတ်ဘူး...ခင်ဗျား စက်ဘီးမို့ ယူစီးလိုက်တာ"
ဘုကလန့်နှင့်ဘယ်လိုကောင်လေးပါလိမ့်...အသက်အရွယ်အရ ကြည့်လိုက်လျှင် သူ့ထက်အနည်းဆုံး လေးငါးနှစ်လောက် ငယ်နေလိမ့်မည်...ဒါကို သူမအား ခင်ဗျားတဲ့လေ...."တော်ပြီ...မင်းနဲ့ မပြောချင်ဘူး...ဦးနန္ဒ က သွားတာကြာပြီလား ပြန်လာတာ့မှာလား"
"မသိဘူး ဦးလေးလမ်းလျှောက်တာ မြန်ရင် မြန်မြန်ရောက်မယ်...လမ်းလျှောက်တာ နှေးရင် နှေးနှေးရောက်မယ် စောင့်ချင်စောင့်...မစောင့်ချင် ခင်ဗျား သဘောပဲ..."
"နေပါဦး မင်း...အသက်အရွယ်ကို ကြည့်ရင် နှစ်ဆယ်တောင်ပြည့်သေးရဲ့လား ..ရိုင်းလိုက်တာ"
"..."
"ဦးနန္ဒ ကလည်း ဘယ်လို လူတွေ ခေါ်ခန့်တာလဲ မသိဘူး customer ကို ဆက်ဆံတဲ့ပုံက သူ့လုပ်စာ ထိုင်စားတဲ့ပုံနဲ့ "
သူမ ထိုသို့ပြောလိုက်တော့ ထိုသူက ခနဲ့ တဲ့ တဲ့ အပြုံးနှင့်
"ကျုပ်က ...လူပေါ် ကြည့်ပြီး ဆက်ဆံတာ"
"ဒီမှာကောင်လေး customer တစ်ယောက်အနေနဲ့ ကိုယ်အပ်ထားတဲ့ စက်ဘီးကို ဆိုင်ဘက်က အလွဲ သုံးစား လုပ်ပြီး စီးရင်တော့ စိတ်တိုချင်စရာပဲလေ...ပြီး မနေ့က ငါ့ စိတ်ဘီးက လမ်းဘေးမှာမှောက်သွားတာ တစ်ခြားအပိုင်းတွေ ကျိုးပဲ့ မသွားနိုင်ဘူးလား...
ယူစီး ပြီးရင်လည်း ဂရုတစိုက် စီးရမယ်လေ...ငယ်သေးတော့ မင်း အဲ့ဒါတွေ မသိတာလား" သူမ အပြောကြောင့် ထိုသူမှာ မျက်နှာ နီးမြန်းလျက် တောက်တစ်ချက်ခေါက်ပြီးအိမ်ပေါ်သို့ တက်သွားလေသည်။ သူမ အားရသည့် အပြုံးနှင့် နေရာမှ လှည့်ထွက်ခဲ့တော့ လမ်းမှာ ဦးနန္ဒ ကိုတွေ့လေသည်။
"တူမကြီး...စက်ဘီး လာယူတာလား"
"ဟုတ်တယ်..ဦးလေး."
ဦးနန္ဒ ကိုသူမ ပြုံးပြရင်း
"ဒါဆို ပြန်လိုက်ခဲ့လေ ဦးတူ လေးနဲ့ ထားခဲ့တာ ...မတွေ့ခဲ့ဘူးလား"
"တွေ့ခဲ့တာပေါ့ ဦးလေးရယ်...ရန်တောင်ဖြစ်ခဲ့ရသေးတယ်" သူမ စကားကိုကြားတော့ ဦးနန္ဒ က အံ့ ဩသည့်ပုံ နှင့် သူမ အဖြစ်အပျက်ကို ရှင်းပြပြီးနောက်
"ထွဋ်ခေါင်တို့က ...ဖြစ်ရမယ်ကွာ...လာလာ တူမကြီး ဦးလေး အကုန်ပြန်ပြင်ပေးပြီးပြီ ...လက်စသတ်ဖို့ပဲ ကျန်တာ ...ခဏတော့စောင့်ပေးနော် "
ဆိုင်ဘက်သို့သူမ ဦးနန္ဒ ဟန်နှင့်အတူ လိုက်လာခဲ့သည်။
.….....................................................................
YOU ARE READING
**Wrong-Person**
General FictionBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...