episode -2

1.3K 22 0
                                    


ရဲထွဋ်ခေါင် ကျောင်းပိတ်ရက် ရန်ကုန်ဦးလေးအိမ်သို့ အလည်လာခြင်းဖြစ်သည်။
ပြည်မှာတုန်းက တပ်အိပ်ရာ၀င်းဖြစ်သည့်အတွက် သိပ်အပြင်မထွက်ရ...ညနေစောင်း ချိန်ဆိုလျှင် သူငယ်ချင်းများနှင့် တောင်ကတုံးပေါ် တက် လိုင်းမိတဲ့နေရာ သွားပြီး ဂိမ်းဆော့ကြသည်။
တစ်ခါတစ်ရံတော့ ရေတွင်းဇရပ်အိုနားသွားလေ့ရှိသည်။
ရဲထွဋ်ပိုင်ဆိုတဲ့ မိန်းကလေးများကြားပေါ်ပြူလာဖြစ်တဲ့ကောင်လေးက သူရဲ့ အစ်ကို ...
သူနဲ့  ရဲထွဋ်ပိုင်က ရုပ်ချင်းဆင်သလိုလို ရှိပေမဲ့  
ရဲထွဋ်ပိုင်က အသားခပ်ညိုညို ဗလခပ်တောင့်တောင့်နှင့် တော်ကီကလည်း ကြွယ်လွန်းသည်....အသက်ကလည်းသူ့ထက် ငါးနှစ်ကြီးကာ သူနဲ့ ရွယ်တူ အတန်းဖော် ကောင်မလေးများကပင် သူ့အား ချဉ်းကပ်ကာ ရဲထွဋ်ပိုင်အတွက် စာပေးခိုင်းလေ့ရှိသည်။
တကယ်ဆို ...သူက ပိုငယ်ပြီး အသားကလည်းသူ့အစ်ကိုထက် ပိုဖြူသည်...ဗလ မရှိပေမဲ့ ကြည့်ကောင်းတဲ့ အထဲ ပါသည်။သို့‌ ပေမဲ့ သူ့စန်းက သူ့အစ်ကိုကို မကျော်နိုင်....သူလည်းလူချောမဟုတ်ပေဘူးလား....ဘာလို့လဲ......
.....
"ရဲထွဋ် ...ခဏ "
သူနှင့်သူ့အစ်ကို အိမ်ပြန်လမ်းမှာ အနောက်မှ ခေါ်သံကြားတော့ နှစ်ယောက် ပြိုင်တူ လှည့်ကြည့်မိသည်။
"ဟို ...ဒါလေး.." အသားဖြူဖြူ ကျစ်ဆံ မြီး နှစ်ဖက်ခွဲ ၍ လှပသော ကောင်မလေးတစ်ယောက် .ရှက်သွေးဖြာ‌နေသော မျက်နှာ အား လွှဲ ထားရင်း...
"ကျစ်" သူ စုတ်တစ်ချက်သပ်လိုက်ရင်း ....
သူ့အစ်ကို့ကို ကြည့်လိုက်တော့ ..ရိုးနေသည့်ပုံနှင့်
"မင်းနာမည်က.."
ကောင်မလေးမှ သူ့အစ်ကိုအားကြည့်ပြီး
"ယု‌ယ...ယုယသွယ်ပါ"" ယု ကို ယုယ လို့ ခေါ်လို့ ရပါတယ်""ပြီးတော့ ဒါလေး လက်ခံပေးပါ"
"ဟုတ်ပါပြီဗျာ....ယူလိုက်မယ်နော် နောက် အေးဆေး ဒိတ်တာပေါ့"
ကောင်မလေးကတော့ ထိုနေရာမှာ ရပ်ရင်း ကျန်ခဲ့သည်။
"ဟေ့ကောင် ငပိုင်...ခုမှ တွေ့တာ ကြိုက်သွားပြီလား" သူမေးတော့ သူ့အစ်ကိုက ‌ရိသဲ့အပြုံးနှင့်
"ဟာကွာ...ကြိုက်တယ်ချစ်တယ်ဆိုတာ ရှိမလား....တွဲ ကြည့် တွေ့ကြည့်ပြီး.... ပြီးမှ အဆင်ပြေရင် ဆက်တွဲ ရုံပေါ့"
အဖြေကြောင့် သူ ဟာခနဲ ဖြစ်သွားရင်း
"မင်း ဟိုတစ်ယောက်...ဘယ်သူ ဖြူလေးဆိုတာနဲ့လည်း ဒိတ်နေတာ မဟုတ်လား "
"အေး"
"ဒါဆို ဒီကောင်မလေးနဲ့ ဘယ်လိုတွဲ မှာ"
" မှတ်ထား....မိန်းမတွေက ကိုယ် က ၀န်မခံ မချင်း
သူတို့ရဲ့ ထင်မြင်ချက် စွတ်စွဲချက်‌တွေ က အမှားပဲ ဖြစ်နေမှာ"
"မင်းလည်းနောက်ကျသိလာမှာ..ငါ့ညီလေး."
သူ့အစ်ကို ကို ကြည့်ပြီး နည်းနည်းတော့ ခေါင်းခါမိသည်။
......
ရဲထွဋ်ခေါင် တက္ကသိုလ် ပထမနှစ်တက်နေတုန်းမှာပင် သူ့အစ်ကို ဖြစ်သူ မိန်းမခိုးသွားသည်ဟုသတင်းကြားရသည်။
သူ့အစ်ကိုလို ငပွေးကို အပိုင်သိမ်းသွားသည့်‌ ကောင်မလေးကို သူစိတ်၀င်စားလှသည်။မဂ်လာဆောင်က တပ်တွင်းအိမ်ရာ၀င်းမှာတင် ကျင်းပခဲ့သည်။ အစ်ကို့မိန်းမဖြစ်သည့် မအေးစန္ဒာ က ငပွေးကောင် ကြွေလောက်အောင်မလှ....အရပ်က ပုသည့်အပြင် ၀ လည်း၀သေး၏။ အသားအရည် သာ မဖြူခဲ့ရင်....စဉ်းစားလို့မရ....ရဲထွဋ်ခေါင်  ကိုယ့်အတွေးနှင့်ကိုယ် ...ရဲထွဋ်ပိုင်ကို ကြည့်တော့ တစ်ကမ္ဘာလုံးမှာ အပျော်ဆုံး ယောကျာ်းတစ်ယောက်၏ အပြုံးနှင့် သူ့မိန်းမကို တော်တော် ချစ်သည် ဖြစ်မည်......
.......
"ကိုခေါင် ... ‌အရမ်းကြည့်ကောင်းနေတယ်နော်"
မိုမိုစံ ခေါင့်ကို ကြည့်ရင်း ပြုံးကာ
"ကိုခေါင် ဒီနှစ်...ဦးလေးအိမ် အလည်သွားမယ်ဆို.... မိုမိုတော့ အရမ်းလွမ်းနေရတော့မှာပဲ"
သူ့လက်မောင်းကို လာမှီတွယ်ရင်း ချွဲနေသော ကောင်မလေး အား ကြည့်ရင်း
"ကိုယ် လည်း လွမ်းမှာပေါ့....ကိုယ် ကျောင်းသွားတက်တုန်းကရော ဘယ်လိုနေလို့လဲ"
"မတူဘူးလေ ကိုခေါင်....ခု ကျောင်းပိတ်ရက်လေးကို အမြဲ တွေ့ရတော့မှာဆိုပြီး တွေးပျော်နေတာကို "
"ငချွဲ မလေးပဲ ...ကိုယ့်ကို နမ်းပါဦး "
"မွ...မွ ..ချစ်တယ် ကိုခေါင် "
မိုမိုစံ ဆိုသောကောင်မလေးက တပ်၀န်းထဲ က တပ် ကြပ်ဗိုလ် ဦးကံကောင်းရဲ့ သမီး...
ဆယ်တန်းမှာ ရှစ်တန်းကျောင်းသူလေး မိုမိုစံမှ စပြီး တွဲရအောင် လို့ပြောလာတော့...
အချစ် အမုန်း‌တွေ သူ မသိ ...သို့ပေမဲ့ အပျော်တွဲ ကြည့်ချင်သည်။
."အိုကေလေ" ....

**Wrong-Person** Where stories live. Discover now