"ထွဋ်ခေါင်.....ငါ မင်းအတွက် အကြော်၀ယ်ခဲ့တယ်နော်"
ဦးနန္ဒဟန် လမ်းထိပ်မှ ပြန်လာရင်း သူ့တူအတွက် အကြော် ၀ယ်ခဲ့တာပင်....
စက်ဘီးပြင်နေသောသူက ၀င်လာသော ဦးလေး ဖြစ်သူအား ကြည့်လျှက်
"ဦးလေး...ဒီဘီးကို ချိန်းကြိုးလည်း အသစ်လဲ ပြီးပြီ ...ကျွတ်ဖာလည်း အသစ်ထည့်ထားတယ်နော်"
"အေးအေး...မင်းလာမှပဲ ငါလည်း ၀န်ပေါ့တော့တယ်"
"ဒါနဲ့လေ...တူမကြီး ပန်းသွေးခြယ်ကို အကြော်ဆိုင်မှာတွေ့ခဲ့သေးတယ်"
ပန်းသွေးခြယ် ဆိုသော သူမနာမည်ကြောင့် ရဲထွဋ်ခေါင် တစ်ယောက် လုပ်လက်စကို ရပ်ရင်းနားထောင်နေသည်။
"ဘေးနားမှာ သူ့ကောင်လေး ထင်တယ် ...ဖြူဖြူချောချော သန့်သန့်ပြန့်ပြန့်လေးပဲ"
တူ ဖြစ်သူမျက်နှာကို မကြည့်ပဲ ဇွတ် ပြောနေသော ဦးနန္ဒဟန်တစ်ယောက် ...သူ့တူက နဂါးမျက်စောင်းနှင့်မီးဟုန်းဟုန်းတောက်နေသည်ကို မသိ...
ပြီးမှ ဦးနန္ဒ ထွဋ်ခေါင်ကို ကြည့်ရင်း...
"ငါက မင်းနဲ့ ပန်းသွေးခြယ် ကြိုက်နေပြီတောင်ထင်တာ...တော်သေးတာပေါ့ကွာ "
"ဦးလေး..."
အရိပ်အကဲမသိသော ဦးလေးဖြစ်သူက
"ဟေ..."
"ကျွန်တော် အပြင်ခဏ သွားဦးမယ် "
လုပ်လက်စကိုရပ်ကာ ပေကျံနေသော လက်ကို အ၀တ်စုတ်နှင့် သုတ်ရင်း ..ထွဋ်ခေါင်တစ်ယောက် လမ်းထိပ်သို့ ထွက်လာခဲ့သည်။
"ေဟ့ကောင်...စက်ဘီးက အကုန်ပြီးပြီလား"
ဦးနန္ဒရဲ့ အော်ပြောသံက လေထဲမှာ ပျံ့လွှင့်သွားရင်း......
........"Ring ...Ring"
အသွေး ဖုန်းကို ကြည့်လိုက်တော့ ထွဋ်ခေါင်ရဲ့ ဖုန်းနံပါတ်...
"ဟဲလို...ထွဋ်ခေါင် "
"သွေး ဒီနေ့ လမ်းထိပ်က အကြော်ဆိုင်သွားသေးလား " တစ်ဖက်မှ မေးနေသည့် ထွဋ်ခေါင့်အသံက မာဆတ်ဆတ်....
"အင်း...သွားသေးတယ်"
" ဘယ်သူနဲ့လဲ"
သူမ သူစိတ်ဆိုးနေသည်ကို မသိ...
"မင်းသုတနဲ့...အသွေး နေ့လည်က ပြောတယ်လေ ဦးစည်သူရဲ့တူ လာမယ်ဆိုတာ ...သူ့နာမည်က မင်းသုတတဲ့ အသွေးနဲ့ အသက်တူတူပဲ"
".."
"မေကေ့နဲ့ ဦးလေးစည်သူတို့ အလုပ်ကိစ္စ အပြင်သွားကြလို့လေ ...သုတနဲ့ အသွေးတို့ ...လမ်းထိပ် အကြော်သွားစားတာ"
"ဘာ...ဒါဆို နှစ်ယောက်တည်း ပေါ့"
"ဟုတ်တယ်လေ ထွဋ်ခေါင်...ဘာဖြစ်လို့လဲ"
"ခင်ဗျား...အဲ့လို နှစ်ယောက်တည်းထိုင်ပြီးစားသောက်နေတော့ ခင်ဗျားကို အဲ့ကောင်နဲ့ တွဲနေကြတယ်ထင်မှာပေါ့"
စကားအကောင်းပြောနေတုန်းကို ခင်ဗျား ဆိုသော အသုံးအနှုန်းနဲ့ ရင့်ရင့်သီးသီး ပြောနေသော ထွဋ်ခေါင်အား
"ထွဋ်ခေါင်...ဘာလို့ အဲ့လိုပြောတာလဲ...အသွေးတို့က လူမြင်ကွင်းမှာ ဘာတွေ များ လုပ်နေလို့လဲ ."
"ဘာမှ မလုပ်ဘူးလား......အတူထိုင်ပြီး ဟီးဟီးဟားဟားလုပ်နေတာ မဟုတ်ဘူးလား"
"ထွဋ်ခေါင်...အသွေးကို မစော်ကားနဲ့အသွေး ဘာမှ မဟုတ်တာ လုပ်မနေဘူး"
" ဒေါ်သွေးခြယ် ...ခင်ဗျားကသာ ဘာမှ မလုပ်ဘူး ပြော နေတာ ...ကျုပ်ပြန်ကြားရတာတွေက နားနဲ့ မဆံ့အောင်ပဲ"
ထွဋ်ခေါင် ထိုသို့ ပြောတော့ သူမ မခံနိုင်...သူနဲ့ သုတတို့က မိတ်ဆွေတွေလို ထိုင်စကားပြောနေရုံပင်...
ညနေက ဦးနန္ဒဟန် နှင့်တွေ့တုန်းကပင် ...သူမ သုတနှင့် မိတ်ဆက်ပေးခဲ့သေးသည်။
"ဦးနန္ဒ က ဘယ်လို ပြန်ပြောလို့လဲ .....ထွဋ်ခေါင်က ဘာလို့ အဲ့လောက်စိတ်ဆိုးနေရတာလဲ...."
သူမ တွေးနေရင်း...
"ရှင်းလေ ဒေါ်သွေးခြယ်...ခင်ဗျား ပါးစပ်က အ,နေပြီလား"
"ဘယ်လို...ထွဋ်ခေါင်...မင်းရိုင်းလိုက်တာ ...ကိုယ်က မဟုတ်ပါဘူး ရှင်းပြနေတာပဲ ...မယုံနေတာ မင်းပဲ မဟုတ်ဘူးလား "
"ဒါပဲ အသွေး စကားဆက်မပြောချင်တော့ဘူး " သူမ ပြောရင်း ဖုန်းအား ပိတ်ပစ်လိုက်သည်။
သူမ ရင်ထဲ လဲ ပူလောင် မွန်းကြပ် လျှက်... တစ်ခုခုကို ဒေါသထွက်အော်ပာစ်လိုက်ချင်သည်။
ရန်ဖြစ်စကားများခဲ့သည့် ထိုနေ့က စပြီး ထွဋ်ခေါင်က သူမအား ဖုန်းလည်းမဆက် ...လာလည်း မတွေ့တော့...
သူမ သူ့အားတွေ့ရန် စက်ဘီးပြင်ဆိုင်သို့ သွားတော့လည်း ဦးလေးနန္ဒ ကိုပဲ တွေ့ခဲ့ရသည်။
သူမ ဖုန်းဆက်တော့လည်း မကိုင်သဖြင့်...
"ထွဋ်ခေါင် ...အသွေးကို စိတ်ဆိုးနေတုန်းလား"
"အသွေး စက်ဘီး ပြင်ဆိုင် ရောက်သေးတယ် ထွဋ်ခေါင်ကို မတွေ့ဘူး"
"ထွဋ်ခေါင် ...ဘာတွေ လုပ်နေတာလဲ"
ပြန်စာမလာသော စာတွေ ကို ဆက်တိုက်ပို့ရင်း ထွဋ်ခေါင်ဆီမှ ဖုန်းဆက်အလာကို သူမ စောင့်မျှော်နေခဲ့သည်။
ထွဋ်ခေါင့်ဆီမှ အဆက်အသွယ်မရတာ သေချာသည့်အဆုံး အသွေး တစ်ယောက် ရှက်ရှက်နှင့်သာ ဦးနန္ဒ ဟန်ကို မေးခဲ့ရသည်။
"ဘယ်လို...တူမကြီး"
ဦးနန္ဒ ဟန်တစ်ယောက် တအံ့ တဩနှင့်...သူမ မျက်နှာ ပူစွာ ဦးလေးအား အကြည့်လွှဲ ရင်း
"ထွဋ်ခေါင်က သမီးကို ဘာမှ မပြောပဲ ...အဆက်အသွယ်လည်း မလုပ်တော့လို့....."
ဦးနန္ဒဟန် ရှက်ရွံနေသော ပန်းသွေးခြယ်ကို ကြည့်ရင်း သနားစိတ်ဖြင့် ...သူ့တူအကြောင်း သူအသိဆုံးပင်...ပန်းသွေးခြယ်ဆိုတဲ့သူမလေးက အနေအေးပြီး မိဘသိတတ်သော ကလေးပင်..
ကလေးမလေးကို တစ်ခြားကောင်လေးနှင့်တွေ့တုန်းက သူ့တူနှင့် ကြိုက်နေသည်ကို မသိပဲ သဘောရိုးနှင့် သဘောတူခဲ့သေးသည်။
"အဲ့ဒါ...သူ ဘယ်သွားလဲ သိလား..ဦးလေး"
"တူမကြီးကိုတော့ ကိုယ့်တူ မ ေကာင်းကြောင်း ပြောရတာတော့ မကောင်းဘူး...ဒါပေမဲ့ သမီး ထွဋ်ခေါင်ကို သိပ်အယုံ မလွယ်စေချင်ဘူး...ထွဋ်ခေါင်နဲ့ သူ့အစ်ကို ထွဋ်ပိုင်တို့က ကြည့်ကောင်းတယ် စော်ကြည်တယ်ဆိုပြီး မိန်းကလေးတွေကို ထည်လဲတွဲနေတာ ...သမီးလို လူရိုးလေးနဲ့ ဦးလေးတူက မဖြစ်နိုင်ပါဘူးကွယ်...."
"ခုတော့ ပြည်က သူ့အိမ်ကို ပြန်သွားတယ်"
ပြိုတော့မဲ့မိုးလို မျက်နှာ ပျက်ယွင်းနေသော သူမလေးအား နှစ်သိမ့်ရန်အလို့ငှာ
"သိပ်လည်း စိတ်ထဲ ထည့်မနေပါနဲ့.....မေတ္တာစစ်မှန်ရင် အချိန်တန်အနားရောက်လာမှာပါ"
..............အသွေး ဦးနန္ဒ ဆီမှ ပြန်ရောက်ကတည်းက ငူငူငိုင်ငိုင်နှင့်.....ရင်ထဲမှာ ငိုချင်သလို....ဒေါသထွက်ချင်သလို...
ဘယ်အရာက သူမအား ငိုချင်စေပြီး ဘယ်အရာကိုဒေါသထွက်ရမည်ကို သူမ မသိ....သူမစိတ်များ ရှုပ်ထွေးနေသည်။
"သမီးသွေးခြယ်"
မေကေ့ခေါ်သံ ကြား၍ သူမထူးရင်း မေကေ့ဆီကို သွားကာ
"မေကေ့ ...တစ်ခုခု ခိုင်းစရာ ရှိလို့လား"
"လာ ထိုင်ပါဦး သမီးရဲ့ ...မေမေ ပြောစရာရှိလို့" သူမ မေကေ့ဘေးသို့ ၀င်ထိုင်ရင်း
"ဘာပြောမလို့လဲ မေကေ"
" သမီးလေး...မောင်မင်းသုတကို ဘယ်လို မြင်လဲ"
မေကေက သူမ့လက်ဖဝါးလေးက ဆုပ်ကိုင်ရင်း မေးလာတာ ဖြစ်သည်။
"သုတလား.... သဘောကောင်းတယ်လို့ ထင်တယ်"
သူမအဖြေကိုကြားတော့ မေကေ့မျက်နှာထက် အပြုံး တစ်ပွင့်နှင့်
"သူက သမီးကို ချစ်မြတ်နိုးနေတယ်လို့ မေမေ မြင်တယ်....ကိုစည်သူကလည်း သမီးနဲ့ သူ့တူကို ပေးစားချင်နေတာ"
သူမ စိုးထိတ်စွာနှင့်
"မဟုတ်တာ...သမီး သုတနဲ့ စကားပြောကြည့်တုန်းကလည်း သူက သဘောရိုးပါပဲ "
"သမီးရယ်...သူလည်း စစတွေ့ချင်း မပြောရဲလို့နေမှာပေါ့...မောင်မင်းသုတက သူ့ဦးလေးကိုတော့ သမီးအကြောင်း ရွှန်းရွှန်းဝေအောင်ပြောတယ်လို့ စည်သူကတော့ ပြောတာပဲ...အဲ့ဒါကြောင့် မေမေနဲ့ စည်သူ တိုင်ပင်ပြီး သမီးတို့ကိုပေးစားမလားလို့ "
"မေကေကလည်း ...သမီးမှ စိတ်မ၀င်စားတာ"
မေကေက သူမ့လက်အား လွှတ်ချရင်း
"ငြင်းမနေနဲ့ မိသွေးခြယ်...မေမေကတော့ မောင်သုတနဲ့ ပေးစားမယ်လို့ စိတ်ကူးထားတယ် ...နောက်လ မောင်သုတ လုပ်ငန်းကိစ္စနဲ့ ရန်ကုန်ပြောင်းလာမယ်တဲ့ ...အဲ့ဒါ သူ့အိမ်အဆင်သင့်မဖြစ်ခင်...ဒီမှာ တစ်ပတ်လောက် လာနေလိမ့်မယ်"
"ဘယ်လို မေကေ...သူလာနေရင် သမီးတို့ကို တစ်ခြားသူတွေ တစ်မျိုး မြင်ကြမှာပေါ့ "
သူမ စကားကြားတော့ ဒေါ်ကေသီ သက်ပြင်းချရင်း
"အဲ့ဒါတွေ သမီး မပူပါနဲ့....မောင်သုတကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ပဲ စဉ်းစား"
သူမ လေပူ တစ်ချက် မှုတ်ထုတ်ရင်း ယခုဆို သူမမှာ တစ်ပူပေါ် နှစ်ပူ ဆင့်နေလေပြီ .........
...............................................................................
✨✨စာဖတ်သူတစ်ယောက်ချင်းတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်✨✨

YOU ARE READING
**Wrong-Person**
General FictionBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...