#တစ်နှစ်ခန့်ကြာသော်.....
"သွေးခြယ်ရေ...ဒီနေ့ ရုပ်ရှင်သွားကြည့်မလား အမ ကြိုက်တဲ့ မင်းသားSRK ကားအသစ်ထွက်လို့"
အသွေး အလုပ်လုပ်နေချိန် အနားသို့ manager အစ်မ မမေသင်းခိုင် ရောက်လာပြီး ပြောနေတာ ဖြစ်သည်။
"အမ ဒီနေ့ အားလို့လား အသွေးက part-timeပဲဆိုတော့ ဘာမှ မဖြစ်ဘူးလေ "
သူမ စိတ်များတည်ငြိမ်ဖို့ အတွက် အလုပ်ပြီး အလုပ်လုပ်နေခဲ့တာ ကြာလေပြီ...
တစ်ခါတစ်ရံ ကို့ကို သတိရသည့်စိတ်များ ထိန်းမရရင်တော့ ငိုချပစ်လေ့ရှိသည်...
"အစ်မ ဒီနေ့အားတယ်..သွေးြခယ်ရော နောက် အလုပ်သွားဖို့ ရှိသေးလား"
"မရှိဘူး အစ်မ..ဒါဆို နေ့လည်ကျရင်သွားကြမလား"
"အိုခေ" သူမနှင့် အမ မေသင်းခိုင်တို့ လက်ဝါးချင်းရိုက်ရင်း ပြုံးမိသည်။
သူမ ဒီအလုပ်ကို အချိန်ပိုင်းသဘောမျိုး ၀င်လုပ်ခဲ့တာ ငါးလခန့်မျှ ရှိပြီ... hospital pharmacist နဲ့ community pharmacist ဘ၀ က သိပ်တော့မကွဲ ပြားလှ... Community pharmacist lifeမှာတော့ မိမိဆိုင်မှာဆေးရောင်းရရေးကို အဓိက အရေးပေး လုပ်ဆောင်ကာ ဆေးများ ညွှန်းပေးရလေသည်။
......
"ဒုတ်...ဖလော"
မသင်းခိုင်နဲ့ အမျိုးသမီး ဗိုက်ကြီးသည်တစ်ဦး ရုပ်ရှင်ရုံတွင် ၀င်တိုက်တာ ဖြစ်သည်။
ဗိုက်ကြီးသည်ရဲ့ လက်ထဲမှ အအေးခွက်က အောက်သို့ မှောက်ကျသွားပြီး သူမ တွေ့ေတာ့ မသင်းခိုင်အနားသို့ ပြေးသွားကာ
"အမ သင်း ဘာဖြစ်သွားသေးလဲ ပေသွားသေးလား...ဒီက ကိုယ်၀န်သည်အမရောဘာ ဖြစ်သွားသေးလဲ ရှင့်"
သူမ ခေါင်းငုံ့ေနေသာကိုယ်၀န်သည်အမအားကြည့်ရင်း မေးတော့ ကိုယ်၀န်သည်အမက
"ဘာမှ မဖြစ်....ဟင်...မပန်းသွေး...မပန်းသွေးခြယ်..မလား"
"ဟင်...မိုမို" သူမ အံ့ဩရသည်...ကံကြမ္မာကလည်း တွေ့ဆုံတတ်ပေသည်...
"ဘာမှ မဖြစ်ပါဘူး...မ ပန်းသွေးကို မတွေ့ရတာ တော်တော်ကြာပြီနော်...ကိုခေါင် အဲလေ...ကို ရဲထွဋ်ခေါင်နဲ့ရော တွေ့ဖြစ်လား"
သူမ နားမလည်သော မျက်၀န်းများဖြင့် မိုမိုစံကို ကြည့်တော့
"မိုလေး ...ဘာဖြစ်တာလဲ...ကိုယ် အိမ်သာ ခဏ သွားမလို့...စောင့်ပါဆို..."
မိုမိုစံဘေးကိုရောက်လာသည့်ယောကျာ်းက ရဲထွဋ်ခေါင်မဟုတ်...
"မဟုတ်ပါဘူး ကိုကိုရယ်.. မိုမို ရေဆာလို့ လာ၀ယ်တာ...ဒီက အမနဲ့ မတော်တဆ တိုက်မိတာပါ"
မိုမိုစံ ဘေးက ယောကျာ်းက သူမနှင့်မသင်းခိုင်အားကြည့်ရင်း
"အားနာလိုက်တာဗျာ..ကျုပ်ရဲ့ မိန်းမလေးက အမြဲ ရှက်တီး ရှက်ပျာ လေးမို့.."
မသင်းခိုင်ကလည်း
"အမလည်း တောင်းပန်တယ်နော် ငေးနေပြီး ညီမလေးလာတာ မတွေ့လိုက်ဘူး"
ပြောလေသည်။
သူမ မိုမိုစံအား လက်ဆွဲ ရင်း
"မိုမို...အစ်မကို ရှင်းပြပေးပါ မိုမို ယူခဲ့တာ ကို နဲ့ မဟုတ်ဘူးလား"
မိုမိုစံက သူမအားမျက်လုံးအဝိုင်းသားနဲ့ ကြည့်ပြီး မိုမိုစံရဲ့ယောကျာ်းကတော့ နားမလည်သည့်ပုံစံနှင့်သူမအားကြည့်နေလေသည်။
"မိုမို ရှင်းပြပါမယ်...မမ ဖုန်းနံပါတ်ပေးခဲ့ပါနော် ခုတော့ မိုမို ကိုကိုနဲ့ ရုပ်ရှင်ကြည့်ဖို့ လာတာမို့ ပါ"
သူမ ခေါင်းညိမ့်ပြပြီး မိုမိုအား ဖုန်းနံပါတ်ပေးကာ သူမလည်း မသင်းခိုင်နှင့်အတူ ရုပ်ရှင် ကြည့်လိုက်သည်။
မသင်းခိုင်ကတော့ သူမအား နာလည်မှု ရှိစွာ ဘာမှ မမေးပဲ တိတ်ဆိတ်နေခဲ့သည်...
STAI LEGGENDO
**Wrong-Person**
Narrativa generaleBroken family မှ ကြီးပြင်းလာတဲ့ ပန်းသွေးခြယ်က ရည်းစားထည်လဲ တွဲ ပြီး အချစ်အပေါ် လေးနက်မှု မရှိတဲ့ ရဲထွဋ်ခေါင်ဆိုသူနှင့် တွေ့ကြတဲ့ အခါ....ရဲထွဋ်ခေါင်က သူမကို တကယ်ချစ်မြတ်နိုးသွားမလား...ဒါမှမဟုတ် ပန်းသွေးခြယ်တစ်ယောက် တစ်ခြားသူကို ရွေးခြယ်သွားမလားဆိုတာ...