episode-16

851 12 0
                                    

"ဟဲလို...သွေး"
ရဲထွဋ်ခေါင် မိုမိုစံဆီမှ ကြားရသည့် မင်းသုတနှင့် သွေးတို့ ပတ်သက်မှုကိုမေးရန် ဖုန်းခေါ်လိုက်ခြင်းပင်...
"ကို...ဒီနေ့"
"ကို သိတယ်...မိုမိုစံ လာသွားတာမလား"
"ဟင့်..အင်း..ဟင့်"
သူမလေး ရှိုက်ငိုသံကို ဖုန်းထဲ မှ ကြား ရရင်း သူ သူမလေးကို စိုးရိမ်ကာ
"ဘာလို့ ငိုတာလဲ သွေးရယ်...မိုမိုစံက ဘာတွေ ပြောသွားတာလဲ...ပြီးတော့ အန်တီ ကရော သွေးကို ဆူနေတာလား"
"ကို...မိုမိုစံနဲ့ လက်ထပ်မှာလား ဟင်"
"ကိုက ဘာလို့ မိုမိုစံနဲ့ လက်ထပ်ရမှာ...သွေးကိုပဲ ချစ်တာ...သွေးကိုပဲ ယူမှာလေ"
"အင်း...ဒါပေမဲ့လေ...အသွေးမေမေက ကို့ကို ဖြတ်လိုက်တဲ့"
"မေကေလေ အသွေးကြောင့် တော်တော် ရှက်သွားတယ်..ဟင့်..."  ငိုရှိုက်သံလေးနှင့် သူ့အားအားကိုးတကြီး ပြောပြနေသော သူမလေးကို သူဖက်ထားပြီး နှစ်သိမ့်ပေးချင်မိသည်...
"မငိုပါနဲ့တော့ သွေးရယ်...သွေးမေမေ လက်ခံအောင် ကိုယ် ကြိုးစားပါ့မယ်နော် "
"ဟုတ် ကို..."
"ကို မေးစရာ ရှိသေးတယ်"
"ပြောလေ ကို ..အင့်"
"ကိုသုတနဲ့  သွေးက ဘယ်လို ပတ်သက်လဲ..
ကိုသုတက ဘာလို့ သွေး အိမ်မှာ နေနေတာလဲ ...ကိုယ့်ကို အမှန်အတိုင်း ရှင်းပြ‌"
"သုတနဲ့ သွေးက သူငယ်ချင်း ပါကို... ပြီး သုတက သွေးရဲ့ အစ်ကို လိုပါပဲ...သူ သွေးအိမ်မှာနေတယ်ဆိုတာ ...အလုပ်ကိစ္စနဲ့ ရန်ကုန်လာရင်း သူ့တိုက်ခန်း ပြင်နေတုန်းမို့ပါ"
"ဒါဆို သွေးတို့ အတူတူ နေနေတာပေါ့..."
"ဟုတ်"
"ဘယ်လောက်ကြာပြီလဲ သွေး"
"ကို ..သွေး ကို မယုံလို့ မေးနေတာ မလား "
"မေးတာပဲ ဖြေပါ...သူ မင်း အိမ်မှာ နေတာ ဘယ်လောက်ကြာပြီလဲ"
" နှစ်လလောက်တော့.."
"ဘာ..နှစ်လ ..ဟုတ်လား"
သူ လုံး၀ မထင်ထား...ကိုသုတက သွေးပေါ် မရိုးသားမှန်းသူသိသည်..သွေးနဲ့ သုတ တစ်အိမ်ထဲ မှာ နှစ်လလောက် အတူ နေခဲ့ကြသည်ဆိုတော့
"ကို...ဘာဖြစ်တာ...သွေး ကို အထင်သေးနေတာလား"
"ကို ...ဆက်မပြောချင်တော့ဘူး ...ဖုန်းချလိုက်တော့မယ်"
သူ ဖုန်းချလိုက်ရင်း ...မျက်၀န်းထက် မျက်ရည်များ ကျလာကာ ‌ဒေါသစိတ်နှင့် အော်ဟစ် ပေါက်ကွဲမိသည်...
"သွေး ရယ် ..မင်း လုပ်ရက်လိုက်တာ..."
.....
ကို က သူမေးချင်ရာမေးပြီး စိတ်ဆိုးကာ ဖုန်းချသွားတော့ အသွေး စိုးရိမ်သည်...
သုတနှင့် အသွေးတို့က ရိုးသားကြသည်...သုတဆိုတာ ကိုနဲ့ ယှဉ်ကြည့်ရင်တော့ ရိုးသားပြီး မိန်းကလေးတွေပေါ် အသားမယူပဲ တည်တည်ကြည်ကြည် ဆက်ဆံတတ်သည်...
ဒါကို ကိုက သူမနဲ့ သုတအား အထင်မှားကာ စိတ်ဆိုးသွားလေသည်...
ထိုနေ့မှစပြီး ကိုက အသွေးကို လည်း မဆက်သွယ်လာတော့ပဲ သူမခေါ်တဲ့ ဖုန်းကော စာ များကို လျစ်လျူရှု လာသည်...
"ကိုရယ် အသွေးကိုတောင် မယုံကြည်ပေးနိုင်ဘူးလား"
.........
"သွေး...ရဲထွဋ်ခေါင်နဲ့ အဆင်မပြေဘူးလား"
သူမလေးက ဒီရက်ပိုင်း ထိုင်ထိုင်မှိုင်းမှိုင်း နှင့် မျက်နှာလေးက နွမ်းလျှ နေသောကြောင့် သုတ မေးမိသည်...
"သုတ...အသွေး ဘာဆက်လုပ်ရမလဲ မသိဘူး...ကိုက သုတနဲ့အသွေးကို အထင်လွဲ ပြီး အဆက်ဖြတ်သွားတယ်"
သူမ စကားကိုကြားတော့ သုတ မျက်လုံး အဝိုင်းသားနှင့်
"ဘယ်လို သွေး...ရဲထွဋ်က ကိုယ်နဲ့ အသွေးကို အထင်လွဲတာ"
"အင်း ဟုတ်တယ်...ကိုသုတ ဒီအိမ်မှာနေနေတာ အသွေး မပြောပြထားမိဘူး သူ သိသွားပြီး...အသွေးကို သုတနဲ့..."
သူမ ဆက်မပြောလည်း သုတ သိလိုက်သည်...
ကိုယ် ချစ်တဲ့ မိန်းကလေးကိုတောင် ယုံကြည်မပေးနိုင်သည့် ရဲထွဋ်အား သူ စိတ်ပျက်မိသည်...သို့ပေမဲ့
"ကိုယ်...သွားရှင်းပြပေးရမလား "
သူမလေးကိုတော့ ပျော်ရွှင်စေချင်သည်...
"ထားလိုက်ပါ သုတရယ်...အသွေးကံပေါ့..." သူမလေးက ကျဆင်းလာသော မျက်ရည်များကို သုတ်ရင်း သူ့အား ပြုံးပြနေသည်...သူချစ်သော မိန်းကလေးကို လုယူသွားပြီး စိတ်ဆင်းရ‌ောင် လုပ်နေသော ရဲထွဋ်ခေါင်အား သူ ဒေါသထွက်လျှက် ...သူမလေးကို ပျော်ရွှင်စေချင်လို့ လက်လွှတ်ခဲ့ပေမဲ့ ဒီလို စိတ်ဆင်း‌ရဲစေရလျှင်တော့ သူသာ အပိုင်သိမ်းပြီး ပျော်ရွှင်အောင် ထား ပစ်ချင်သည်...ခုချိန်သူမရဲ့ မျက်ရည်တွေကိုလည်း သုတ်ပေးချင်သည့်လက်များကိုလည်း မနည်း စိတ်ထိန်းထားရသည်...
"သွေး..."
သူပြောချင်သည့်စကားများ လည်ပင်းမှာ တစ်စို့လျှက်...သူမလေးကတော့ အဝေးသို့ ငေးကြည့်ရင်း..သူခေါ်သည်ကို မကြားသည့်ပုံပင်....
...............................................................................
✨✨ စာဖတ်သူ တစ်ယောက်ချင်းတိုင်းကို ကျေးဇူးတင်ပါတယ်✨✨

**Wrong-Person** Donde viven las historias. Descúbrelo ahora