episode -6

797 20 0
                                    

သူမတို့ ချစ်သူဖြစ်တာ ဒီနေ့ဆို တစ်လပြည့်တော့မည်။ အရင်လိုတွေ့ရင် နေရမခက်တော့ပဲ တကယ့်ချစ်သူစုံတွဲတွေလို...
"သမီးသွေးခြယ်...ညနေ ဘယ်သွားစရာရှိလဲ "
"‌ဘယ်မှ သွားစရာမရှိဘူး...မေကေ ခိုင်းစရာ ရှိလို့လား "
"အေး ...ကိုစည်သူနဲ့သူ့တူ ရန်ကုန်ရောက်နေတာ ထမင်း ဖိတ်ကျွေးမလို့လေ "
ကိုစည်သူဆိုတာ အမေ့ငယ်သူငယ်ချင်းပင်...
"အဲ့ဒါ ဟင်းစား ထပ်၀ယ်ပေးဦး မေမေ့ကို "
" ဘာဝယ်လာခဲ့ရမလဲ မေကေ "
"သမီး ကြည့်ကြပ်ပြီး၀ယ်ခဲ့ ...ဈေးက ခုချိန်ဘာအသားတွေ ရဦးမလဲ မသိဘူး ရတာ ဝယ်ခဲ့....ငပိစိမ်းစားရယ် တို့စရာရယ်ပါ ၀ယ်ခဲ့ဦးနော်"
သူမ မေကေ့ဆီမှ ပိုက်ဆံ ယူပြီး စက်ဘီး ထုတ်ကာ ဈေးသို့ ထွက်လာခဲ့သည်။ အသားငါးဈေးက သူမတို့ လမ်းထိပ်မှာ မရ....တစ်မှတ်တိုင်နီးပါး ထပ်သွားရသည်။
သူမ စက်ဘီးစီး လာရင်း ဖုန်းမြည်တော့ စက်ဘီး အား ရပ်ကာ
"ဟဲလို ထွဋ်ခေါင် ပြော"
"သွေး ...ဘယ်မှာလဲ"
"အသွေး ဈေးသွားမလို့ ခု လမ်းထဲ မှာ "
" ဟုတ်လား...ဒါဆို ကိုယ့်ကို ခဏ စောင့်ပါလား...ကိုယ်လိုက်ခဲ့မယ် "
" အွန်း သဘောလေ...လမ်းထိပ်မှာ စောင့်နေရမလား"
"ဒါဆို ကိုယ် လာခဲ့မယ်"
....
"စောင့်နေတာ ကြာသွားလား"
"ထွဋ်ခေါင်...စက်ဘီးရော" သူမ သူ့မှာ စက်ဘီးမတွေ့၍ မေးခြင်းပင်...
"ကိုယ်က သွေး စက်ဘီး မပါဘူး ထင်လို့ ယူမလာတာ"
သူမ က သူ့စက်ဘီးနောက် ခေါ်တင်တိုင်း ဘယ်တော့မှ လိုက်မစီး ...
"လမ်းလျှောက်သွားမယ်လေ .."
"အဲ့လောက်အချိန်မရဘူး ထွဋ်ခေါင်ရဲ့ ...ဒီနေ့ အိမ်ကိုဧည့်သည်လာမှာ ဟင်းချက်ရဦးမယ် "
"ဒါဆို ကိုယ်နင်းမယ် သွေး...အနောက်က ထိုင်လိုက်လေ" သူမ မငြင်းတော့ပဲ ခေါင်းငြိမ့်လိုက်ပြီး ဈေးသို့ လာခဲ့ကြသည်။
"ဘယ်သူတွေ လာမှာလဲ သွေး"
"မေကေ့သူငယ်ချင်းဟောင်း ဦးစည်သူနဲ့ သူ့တူလေး ...သူတို့က တောင်ကြီး‌မှာနေတာလေ ...ရန်ကုန်ရောက်တုန်း မေကေ့ဆီခဏ ၀င်လည်တာ"
"ယောကျာ်းလေးတွေပေါ့"
"အွန်းလေ "သူ မျက်နှာ ပျက်သွားသည်ကိုတော့ သူမ သိမည် မဟုတ်...စက်ဘီးလေးက တရွေ့ရွေ့နှင့် ဈေး၀သို့ ရောက်လာခဲ့သည်။ သူ‌စက်ဘီးအား စက်ဘီးရုံအတွင်း အပ်လိုက်ပြီး စောင့်နေသော သူမအနားသို့ သွားကာ သူမ့လက်လေးအား ကိုင်ရင်း ဈေးထဲသို့ ၀င်လာခဲ့သည်။
"ထွဋ်ခေါင် ...ပုဇွန်၀ယ်ရင်ကောင်းမယ် ထင်တယ်နော် "
".."
"အန်တီ ဒီပုဇွန်ဘယ်လိုရောင်းလဲ"
" တစ်ဆယ်သား နှစ်ထောင် သုံးဆယ်သား ငါးထောင်နှင့်ယူ "
"ဟုတ်...သမီးကို သုံးဆယ်သား ချိန်ပေးနော် "
"သုံးဆယ်သား...အပိုထည့်ထားပေးတယ်နော်"
"ကျေးဇူးပါ အန်တီ" သူမ ငါးထောင်တစ်ရွက်ထုတ်ပေးရင်း ပြုံးပြကာ ပုဇွန်အိတ်အား လှမ်းယူလိုက်သည်။
သူမဆီက ပုဇွန်ထုပ်ကိုသူက လက်လွှဲ ပြောင်းယူပြီး သူရဲ့ ကျန်လက်တစ်ဖက်က သူမ့လက်အား ကိုင်ထားလျှက်ပင်...
"ဟိုနားက ရေကျို ငါးပိသည်ဆီသွားရအောင် " သူမ ညွှန်ပြလိုက်ရင်း ဦးဆောင်ကာ လျှောက်သွားမိသည်။
"ရေကျိုငါးပိ တစ်ဆယ်သားရယ် တို့စရာအစုံ နှစ်ထောင်ဖိုး ထည့်ပေးပါ "
"၂၃၀၀"
သူမ နှစ်ထောင့်ငါးရာ ထုတ်ပေးတော့ ပိုတော့နှစ်ရာအတွက်
"ပိုတာ ငရုတ်သီးအကျက်မှုန့် နှစ်ရာတန် ထည့်ပေးပါ"
သူမ ငါးထပ်၀ယ်လိုက်ပြီး အရွက်ကြော်အတွက် ငရုတ်ပွနှင့် ကန်စွန်းရွက်၀ယ်လိုက်သည်။
သူမတို့ဈေး၀ယ်ပြီးနောက် ‌အအေးဆိုင်သို့ ထိုင်ကာ
"အန်တီ ရွှေရင်အေး နှစ်ခွက်ပေးပါ...တစ်ခွက်က ကောက်ညှင်းလျော့ပြီး ပေါင်မုန့်များများထည့်ပေး"
သူ့အား မေ့ငေါ့ပြီး ဘာပြင်ချင်လဲမေးတော့ သူက ခေါင်းခါပြသည်။
"သွေး...ကိုယ့်ကိုရော...ဘယ်တော့ အိမ်ခေါ် တွေ့ပေးမှာလဲ"
သူ့စကားကြောင့် သူမ ရဲ့ ရွှေရင်အေးခွက်ကိုင်ထားသော လက်များ ရပ်တန့်ရင်း
" ထွဋ်ခေါင်က ..တကယ်တွေ့ချင်တာလား"
"အင်းပေါ့...ကိုယ်လဲ သွေးမိသားစုနဲ့ ရင်းနှီးကျွမ်း၀င်ချင်တယ်"
"မစောလွန်းသေးဘူးလား"
သူမစကားကြောင့် သူ မျက်နှာပျက်စွာ ရွှေရင်အေးကို ဇွန်းနှင့်မွှေနေလေသည်။သူမျက်နှာပျက်တော့လဲ ..သူမစိတ်မကောင်း..
"အင်း ..အသွေး မိတ်ဆက်ပေးမယ်နော်...ဒါပေမဲ့ ချစ်သူလို့တော့ မပြောပြချင်သေးဘူး ရတယ်မလား"
သူ့မျက်နှာ ၀င်းလက်လာပြီးနောက် ခေါင်းတစ်ညိမ့်ညိမ့်နှင့်....

**Wrong-Person** Where stories live. Discover now