episode -13

931 16 0
                                        

အသွေး‌ နိုးလာတော့  တင်းတင်းပွေ့ဖက်ထား‌ေသာ လက်များဖြင့် သူမရဲ့ကိုယ်လုံးအား ထွဋ်ခေါင့်ရင်ခွင်ထဲ မှာ အပြည့်ထည့်ထားသည်...
သူမ ထရန် ပြင်တော့ ဖက်ထားသော လက်များက ပိုမို တင်းလာပြီး ထမရ...သူ့ကို ကြည့်လိုက်တော့ မျက်ခွံများ တစ်ဖြေးဖြေးဖွင့်ရင်း
"သွေး ...နိုးပြီလား"
သူမ ပါး‌ေလးအား  ခပ်ဖွဖွနမ်းရှိုက်နေပြန်သည်။
"ကို...အသွေး အိမ်ပြန်ရမယ်...နာရီ...ဘယ်နှနာရီထိုးပြီလဲ"
အခန်းတွင်းက အပြင်အလင်းမ၀င်၍ ဘယ်အချိန်ဆိုတာ မခန့်မှန်းနိုင်..သူမ ဖုန်းကိုသာ အသည်းအသန်ယူပြီး ကြည့်မိတော့...၅:၄၅pm...
မေကေ့ရဲ့ ဖုန်းကောပေါင်းများစွာ...သုတကလည်း ဖုန်းခေါ်ထားသေးသည်...
သူမ ဖုန်းသံကို vibration မလုပ်ထား...အရမ်းပင်ပန်းသွားလို့ မကြားခဲ့တာလား
"ထတော့ ကို...ခြောက်နာရီ ထိုးတော့မယ်...ပြန်ရအောင်"
"ကိုယ်က မပြန်ချင်တော့ဘူး...အသွေး တစ်ခါတည်းကိုယ်နဲ့ ခိုးရာ လိုက်ခဲ့ပါလား"
"မဖြစ်ဘူး...အသွေးမှာ အမေ တစ်ယောက်တည်းရှိတာ...အသွေး အဲ့လို လုပ်ရင်  မိုက်ရာကျမှာပေါ့....ကိုသာ အသွေးကို လာရောက်တောင်းရမ်းလက်ထပ်ပါနော်"
သူမ ချစ်ရသူပါးထက် အနမ်းတစ်ပွင့်ခြွေရင်း...ကုတင်‌ခြေရင်းအောက် ရောက်နေသော သူမ ၀တ်စုံများ ယူကာ ရေချိုးခန်းတွင်းသို့ ၀င်လိုက်ကာ မြန်မြန် ပြင်ဆင်လိုက်သည်။
.........
"မိသွေးခြယ်.. ဒါက ဘယ်က ပြန်လာတာလဲ"
သူမ အိမ်ထဲ ၀င်၀င်ချင်း စိုးရိမ်ဒေါသစိတ်တို့ရောနှက်နေသော မေကေ့အသံပင်...
"သမီး...သူငယ်ချင်းတစ်ယောက်နဲ့ အပြင်ခဏ လိုက်သွားတာ မေကေ"
သူမ ခေါင်းငုံ့ကာ ဖြေရင်း
"ညည်း...လိမ်တတ်မှ လိမ်စမ်းပါအေ...ဘယ်တွေ သွားပြီး...ဘာတွေ မဟုတ်တာ လုပ်နေလို့ ဖုန်းက မကိုင်တာလဲ"
သူမ ဘာဖြေရမလဲ မသိ...စိတ်ထဲ မှာလည်း မေကေသိသွားမှာ ကြောက်သည့်စိတ်များနှင့်....
"သွေး...ပြန်ရောက်ပြီလား...ကိုယ်စိတ်ပူလို့ လိုက်ရှာနေတာ...ဆေးရုံက"
သုတ ‌ ဒေါ်ကေသီထံမှ သွေးတစ်ယောက် ဂျူတီမှ ပြန်လည်းမလာ ဖုန်းလည်းဆက်မရဘူးဆိုပြီး ပြောလာသည့်အချိန် ‌စိုးရိမ်စိတ်ဖြင့် ဆေးရုံကို သွားရှာခဲ့ပေမဲ့ ...ဒီနေ့ သူမလေးက အလုပ်ခွင့်ယူထားသည်တဲ့...သူရောက်တတ်ရာရာ ရှာရင်း နောက်ဆုံး မတွေ့သည့်အဆုံး အိမ်ပြန်လာတော့ သူမလေးက အိမ်ထဲမှာ....
"အသွေး အမှန်ပြောနေတာပါ မေကေ...အသွေး သူငယ်ချင်းနဲ့ သွားစရာ ရှိလို့ပါ...ပြီးတော့ ဖုန်းက အသံဖွင့်ထားတာ အသွေး မကြားလိုက်လို့"
"တော်တော်....မိသွေးခြယ်..အပေါ်တက်တော့ ငါ့စိတ်တွေ ပို တိုလာရင် ညည်းကို ထုရိုက်မိတော့မယ်"
သားအမိနှစ်ယောက် အပြန်အလှန်ပြောနေသည့်စကားဝိုင်းကြားသုတတစ်ယောက် ငြိမ်နေရင်း...သူမ‌မျက်နှာလေးကို ကြည့်လိုက်တော့နွမ်းလျနေသည်။
"သွေး အပေါ်တက်တော့မယ်"
သူမ ပြောကာ အပေါ်သို့ တက်လာတော့ သုတလည်း အနောက်မှ လိုက်လာရင်း...
"သွေး...တစ်ခုခုဆိုရင် ကိုယ့်ကို ပြောပါနော်...တစ်ယောက်တည်း လုပ်ချင်ရာ မလုပ်ပါနဲ့ ကိုယ့်ကို ရင်ဖွင့်တိုင်ပင်လို့ရတယ်"
သူ့စကားကို သူမလေးက ခေါင်းတစ်ချက်ညိမ့်ပြပြီး သူမ့အခန်းထဲသို့ ၀င်သွားသည်...
သူမ အခန်းထဲ ရောက်တော့ ရေချိုးခန်းတွင်းသို့ ၀င်ကာ ရေချိုးရန် အ၀တ်အစားများကို ချွတ်လိုက်တော့ ထွဋ်ခေါင်ပေးသည့် အချစ်အမှတ်အသားများက အထင်သား....အောက်ဘက်က သူမလေးရဲ့ အရာလေးက ရေထိတိုင်း စပ်ဖျင်းဖျင်းဖြစ်နေသည်...
"သွေး..ကိုယ် သွေးကို အရမ်းချစ်တယ်"
ထွဋ်ခေါင်ရဲ့ စကားများကို ပြန်‌ေတွးမိရင်း သူမ ရင်ခုန်ရင်းနှင့်ပင်  ပျော်ရွှင်ရလေသည်..
သို့ပေမဲ့ လွန်ကြူးခဲ့သည်မို့ သူမ oc pill ၀ယ်ရန် တွေးလိုက်သည်။
....
"သွေး"
"ဟုတ် ..ကို ပြောလေ"
"သတိရတယ်ကွာ လွမ်းလိုက်တာ"
"အပိုတွေ ညနေကမှ တွေ့ပြီး ပြန်လာတာလေ"
"ကိုယ်က တစ်ခါတည်း အတူနေချင်နေတာပါဆို"
ဖုန်းထဲမှ ချစ်ရသူက ချွဲနေရင်း သူမလေးက ပြုံးလိုက်ကာ
"မရဘူးနော် ကို...ကို့စေ့စပ်တာကို အရင် ဖျက်ဦး...ပြီးမှ အသွေးတို့ လက်ထပ်ကြမယ်နော်"
"ဟုတ်ပါပြီဗျာ...သွေး..."
"သွေးလို့"
"ပြောလေ ကိုရဲ့ အသွေးနားထောင်နေတာ"
"ကိုယ့်ကို တကယ်ချစ်လားဟင်"
သူမ သက်ပြင်းချရင်း အိပ်ရာထဲ ထိ ရောက်ပြီးမှ ချစ်လား မေးနေသော ထွဋ်ခေါင်အား
"ကိုရယ်...အသွေးက ကို့ကို တကယ်ချစ်လို့ ကြည်ဖြူခဲ့တာပါ...အသွေးဘ၀မှာ ပထမဦးဆုံး အကြိမ်ပဲ"
ထွဋ်ခေါင်သူ့စကားမှားသွားသည်ကို သိလိုက်ပြီး
"မဟုတ်...မဟုတ်ဘူးနော် သွေး ...ကိုယ်က သွေးချစ်တယ်ပြောတာ ကြားချင်လို့"
"ချစ်တယ် ...အများကြီးချစ်တယ်...အများကြီးလည်း လွမ်းနေခဲ့ရတာ"
သူမ့စကားများကြောင့် သူ့ရင်ထဲ ကျေနပ်သွားပြီး...
"အရမ်းချစ်တယ် သွေးကို ...ခုတော့ အိပ်တော့နော် မနက်ကလည်း ကိုယ့်ကြောင့် ပင်ပန်းထားတာ"
"ဟုတ် ...ကို ...ကိုလည်း အိပ်တော့နော်...ချစ်တယ်...good night "
သူမ ဒီညအတွက် အိမ်မက်ဆိုးများ မမက်တော့ပဲ ကောင်းကောင်း အိပ်ပျော်တော့မည် မဟုတ်ပါလား....

**ဒီနေ့အိမ်မက်ထဲမှာတော့ ထွဋ်ခေါင်က အသွေးလက်အား တွဲကာ ပန်းခင်းကြီး အလယ် ‌ဆော့ကစားရင်း......ချိုမြိန်လွန်းသည့် အိမ်မက်တွေပါလေ....**

...............................................................................
✨✨အမှားပါရင် ခွင့်လွှတ်ပါ✨✨

**Wrong-Person** Where stories live. Discover now