"ဟေး ဝမ် "
"အွန်း"
"သဘက်ခါငါတို့စာစသင်ရတော့မှာနော်"
"ဟုတ်တယ်လေ "
"ဒီနေ့အားတုန်းလေးရွာထဲလိုက်ကြည့်ရအောင် "
"ကောင်းသားပဲ"
"လင်းတို့ရော လိုက်မလား"
"လိုက်မယ် "
"ခဏနေသွားမယ်လေ"
"အွန်းးအွန်းးး"
ရွာထဲလိုက်ပတ်ကြည့်ပြီး ဆိုင်လေးတစ်ဆိုင်တွေ့တာနဲ့ ဝင်ထိုင်လိုက်ကြတယ် ရိုးရာလက်ဖက်ရည်ဆိုင်လေးပါပဲ
ထိုအချိန်
"နောက်အပတ်ကျပေါင်းပေးပါ့မယ် "
"ယူထားတုန်းကကျယူထားပြီးတော့"
"မဟုတ်ရပါဘူးကွာ နည်းနည်းကျပ်တည်းနေလို့ပါ"
"ငါလုပ်လိုက်ရ"
"ရပ်လိုက်စမ်း"
ရိပေါ်တို့ဝိုင်းနဲ့မျက်နှာချင်းဆိုင်မှာဖြစ်နေကြတာမို့ကြည့်နေမိတယ်နယ်ဘက်မှာလည်းဒီလိုတွေရှိလားပေါ့ထိုအချိန်အကြွေးတောင်းသူကဆိုင်ရှင်လူကြီးကိုရိုက်ဖို့အပြင် တားလိုက်တဲ့လူတစ်ယောက်ကြောင့်အားလုံးကငေးခနဲ
အားလုံးငြိမ်သက်နေတဲ့အချိန်
ဒုန်း .......ခွမ်းးးးး ခွက်!!!
"ရော့ ဒီမှာအကြွေးနဲ့ဆေးရုံစရိတ် စောက်စကားမများပဲဒိူးးတော့"
ဆေးလိပ်ကိုတစ်ချက်ဖွာကာရိပေါ်တို့ထိုင်နေတဲ့ဝိုင်းဘက်ကရိပေါ်ကိုစိုက်ကြည့်လာသည်မို့လူကတန့်ခနဲ သူ့အကြည့်တွေကစူးရှလိုက်တာမျက်မှောင်ကြီးကျုံ့လို့ ဒီလူကဘာလားပဲတစိတ်ဟိုနေ့ကကားပေါ်မှာလာစစ်ဆေးတဲ့တစ်ယောက်နဲ့မျက်လုံးတွေတူနေသယောင်
"ဦးလေး ရဲ့တခြားအကြွေးကိုဆပ်ပေးလိုက်ပေမယ့် အဘိုးဆီက ပိုက်ဆံတော့ဆက်ဦးပေါ့"
"ကျေးဇူးပါကွာကူညီပေးလို့ ရှေ့လကျကျန်တဲ့ပိုက်ဆံဦးလေးလာဆပ်ပါ့မယ်"
"အင်း"
"ဘာသောက်ဦးမလဲ"
"တော်ပါပြီ သွားမယ် ဟေ့ဟျောင်တွေ"
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း