"ညနေလာကြိုမယ်နော် စောင့်နေ"
"အွန်း"
"ခဏ" ဆိုပြီးလက်ကိုလာဆွဲတဲ့သူကြောင့်ရင်ဘက်ထဲကကောင်ကထိတ်ခနဲ
"ဘာ ..ဘာပြောမို့လဲ"
လက်လေးကိုမသိမသာရုန်းထွက်လို့ရှောင်မိတယ်
"အဟမ်း ဒီနားလာ"
"ဟင် အင်းအင်းပြောဘာပြောမှာလဲ" ဆိုကာအနားကပ်လာသူရဲ့ ပါးလေးကိုနမ်းပြီး သွားတော့မယ်လို့ဆိုကာစက်ဘီးအမြန်နင်းထွက်လာခဲ့တယ်ကျန်နေခဲ့တဲ့သူတော့မသိ ကိုယ်ကတော့ဖြင့်သိပ်နမ်းချင်တဲ့ပါးပြင်လေးနမ်းလိုက်ရလို့သိပ်ကျေနပ်တယ် မွှေးလိုက်တာသည်းညှာရယ်
"ဘယ်လိုပါလိမ့် ကြာရင်ငါနှလုံးရောဂါရလိမ့်မယ်တော်သေးတယ်ဘယ်သူမှမရှိလို့"
"ဟေ့ ဆရာဝမ် "
"အေ!"
"ဘယ်လိုလည်းလုပ်ပါဦး"
"ဘာကိုတုန်း ဖေးရန်"
စာအုပ်မှာသာအကြည့်ပို့ထားပြီးစကားပြန်လာသူကြောင့် ဆရာဝမ်ရဲ့စာပွဲပေါ်သို့သွားလိုက်တယ်
"ရွာရဲ့အဆိုးလေးနဲ့အဆင်ပြေနေတဲ့အကြောင်းလေး"
"အယ် "
ထိုအခါမှအယ်ဆိုပြီးမော့ကြည့်လာသူ
"ဒီလိုပါပဲခင်တာပါ"
"အော် ....."
"ထားပါတော့မမေးတော့ပါဘူးပါးတွေလည်းရဲနေပြီဒါလား သူငယ်ချင်း"
"မဟုတ် "
"ဖေးရန် ဝမ့်ကိုစမနေနဲ့တော့ "
"လင်းကလည်းဟာ လီလီ ငါမေးကြည့်တာမှားလို့လား"
"အမ် မမှားပါဘူး"
"လင်း လီလီ နောက်အတန်းရှိလို့ သွားပြီ"
ဖေးရန်မေးသည်လည်းမမှားပေ သူကကိုယ့်ကိုအကြိုအပို့လုပ်တယ်ဆိုတာသာသိထားကြတာပါ သွားတဲ့လမ်းချင်းလည်းမတူတော့မေးကြခြင်းဖြစ်သည် သူကစက်ဘီးနဲ့ဆိုတော့ လူသွားလမ်း ရွာလမ်းလေးကလာကြိုသည်ကိုး ဆရာဖေးရန်တို့က ကားမောင်းရန်လမ်းဖောက်ထားတဲ့ အရှေ့ဘက်ခြမ်းလမ်းကသွားကြသည်
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း