"ဖေးရန် မောင့်ကိုတွေ့မိလား"
"ဟင့်အင်း "
"ဘယ်ရောက်သွားလဲမသိဘူး စောနကအပြင်ဆိုပြီးသွားတာတော်တော်ကြာနေပြီ "
"ဟုတ်လား သွားရှာကြည်မလား"
"နေနေငါပဲသွားလိုက်မယ်"
ရိပေါ်မောင့်ကိုလိုက်ရှာနေရင်းတစ်နေရာရောက်တော့
"ခင်များဘာလို့ကျနော်နောက်လျှောက်လိုက်နေတာလဲ"
"မင်းကို သံသယဖြစ်လို့"
"ဘာကြောင့်"
"မင်းက ဒီနယ်တစ်ဝိုက်မှာလူဆိုးလေ ဟင်း ငါမင်းအကြောင်းစုံစမ်းတာတောင်အထက်ကပိတ်ပင်ရလောက်ထိမင်းကအင်အားကြီးနေတာရော ပြီးတော့"
ရှောင်ကျန့်မျက်မှောင်ကျုံ့ကြည့်ကာ
"ပြီးတော့ ဘာဖြစ်လဲ"
"ချီပေ့ပေ့ပျောက်သွားတဲ့နေ့ကမင်းမရှိဘူး "
"ပြီးတော့ အလည်အပတ်လာတဲ့ကောင်လေးတစ်ယောက်သေတုန်းကလည်း မင်းကပျောက်နေသေးတာ မိန်းကလေးနှစ်ယောက်နဲ့ယောကျာ်းလေးတစ်ယောက်ပျောက်နေတာရောမင်းသိလား"
"အဲ့ဒါကငါနဲ့မဆိုင်ဘူး"
"ငါတော့မသင်္ကာလို့ စုံစမ်းမှာပဲ မင်းဆိုရင်တော့မလွယ်ဘူး "
ရိပေါ်အကွယ်ကနေနားထောင်နေတုန်း ဘာတဲ့မောင့်ကိုတရားခံဆိုပြီးစွတ်ဆွဲနေတာမောင်ကအဲ့လိုလူမျိုးမဟုတ်ဘူးငါယုံတယ်
"ရဲမှူး "
"သည်းညှာ"
"မောင်ကအဲ့လိုလူမဟုတ်ပါဘူးပြီးတော့တရားခံကိုမောင်ကိုယ်တိုင်ဖမ်းမလိုလုပ်ပေးခဲ့တာလေပေ့ပေ့ကိုလည်းမောင်ပဲကယ်ပေးတာပါဘာလို့ရမ်းသန်းစွတ်စွဲနေရတာလဲ"
ရှောင်ကျန့် တစ်ယောက်အသည်းပေါက်နေပါပြီ သူ့ရှေ့မှာရဲမှူးကိုပြန်ပြောနေပုံများ အလိုလေး ချစ်ဖို့ကောင်းချက် 100%ပဲဗျို့
" ဆရာဝမ် နဲ့ရှောင်ကျန့်က ...."
"ချစ်သူမောင်ကကျနော့်ချစ်သူ သတင်းတိတိကျကျရပြီးလားမောင်ကတရားခံဆိုတာ"
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း