"ခွေးမသား မင်းကများ သူ့ကိုထိရဲတယ်"
"အင့် ~~အဟွတ်ဟွတ်~~~"
"အ့!!!!!"
ရှောင်ကျန့်တစ်ယောက်ရောက်ရောက်ချင်းမြင်လိုက်ရသည်ကား သည်းညှာရဲ့လည်ပင်းကိုဖိညစ်ထားသော လူတစ်ယောက် ကျိန်းသေ ပြန်ပေးဆွဲတဲ့သူပဲ ဒေါသထွက်သွားတာကြောင့် ထိုသူ့ကိုကန်ထုတ်လိုက်တယ်ပြီးတော့သူ့ကိုယ်ပေါ်တတ်ကာထိုးကြိတ်လိုက်တယ်
"ခွေးသူတောင်းစား မင်းကသေချင်နေတာကိုး"
"ရှောင်ကျန့် ~~~~တော်တော့ "
"ရှောင်းရှောင်ကျန့် !!"
"မောင့်!!!!!!!"
"ဟင် .........."
"တော်တော့ တော်လောက်ပြီ အင့်"
"ဘာဖြစ်သွားသေးလည်း "
"ဟင့်အင်း "
လူအလစ်မှာ ပြေးထွက်သွားတဲ့သူကသွေးသံတရဲရဲ သေချာတာတော့ ထိုသူကကျေနပ်မယ့်ပုံတော့မဟုတ်ပေ
"ဘာကို ဟင့်အင်းတာလည်း လည်ပင်းမှာညိုမဲစွဲနေတာကို ဒီလူက ဘယ်လောက်စိုးရိမ်ရလည်းခင်များသိလား"
".............."
"ကျုပ်စကားနားမထောင်တာ ဘာလဲ ကျုပ်ကအရေးမပါလို့လား "
"သွားမယ် ကျန်းချန် ဝန်းနင်သူ့ကိုလိုက်ပို့ပေးလိုက်"
တရားခံကိုလွတ်သွားပေမယ့်ပေ့ပေ့လေးကိုပြန်တွေ့တာနဲ့တင်ကျေနပ်ပါတယ် ရွာလူကြီး ဦးလေးရင်က နားနေဖို့ကျောင်းမှာလည်းခွင့်တိုင်ပေးထားတယ် အရာအားလုံးအဆင်ပြေနေပေမယ့် ရှောင်ကျန့်ကသူ့ဆီမလာတာ ဒီနေ့နဲ့ဆိုနှစ်ရက်ပင်ရှိရော့မယ် ဒီနှစ်ရက်အတွင်းသိလိုက်ရတာသူရှောင်ကျန့်ပေါ် ကိုယ့်ရဲ့ စိတ်အစုံညွှန့်တိမ်းနေပြီဆိုတာ
ရှောင်ကျန့်တစ်ယောက်တကယ်စိတ်ညစ်ရပါတယ် ချစ်ရသူက အန္တာရယ်နဲ့ရင်ဆိုင်နေချိန်အချိန်မှီရုံရောက်သွားပြီးချစ်ရသူကိုကယ်နိုင်ပေမယ့် နောက်သာကျသွားခဲ့ရင်ဆိုတဲ့အတွေး လည်ပင်းကအညိုရောင် ဒဏ်ရာကိုမြင်တဲ့အခါဒီရင်အစုံက သေမလိုခံစားရပါတယ် ဆိုးပါတယ်သည်းညှာကတကယ်ဆိုးပါတယ် သူ့ရင်ကိုအစိတ်စိတ်မွှာမွှာဖြစ်အောင်ခွဲနေတာ နှစ်ရက်ရှိပြီ သူသည်းညှာဆီမသွားတာ ။
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း