ဒီနေ့ရိပေါ်တို့ပထမဆုံးစာစသင်ရမယ့်နေ့ အတတ်ကြွဆုံးဖြစ်နေသူကားရိပေါ် ဖြစ်တယ် အဖြူရောင်ရှပ်အင်္ကျီလေးကိုဝတ်ဆင်လို့သွားဖို့ပြင်လိုက်တယ်ကျောင်းကသူတို့နေတဲ့နေရာနဲ့နည်းနည်းဝေးတယ် လမ်းလျှောက်ရင်နာရီဝက်လမ်းလျှောက်ရတယ် ပထမရက် တနင်္လာနေ့မှာသူရယ်ဖေးရန်ရယ် လင်း ပြီးတော့ ဖန်ရှင်း နဲ့ ရှင်းချန်တို့သွားရမှာဖြစ်တယ် ကျောင်းမှာဆရာတွေရှိပြီးသားမို့ဘာသာရပ်ခွဲသင်ဆရာတွေကတစ်လှည့်စီဝင်ပေးကြရတယ် သူတို့က တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိဖြစ်ပြီးကျန်တဲ့သူတွေကကြားရက်ဝင်တဲ့အဖွဲတစ်ဖွဲ့နဲ့နောက်သုံးရက်မှဝင်သည့်အဖွဲ့ဆိုပြီးခွဲဝင်ရသည်
အားလုံးပြင်ဆင်ပြီးမှ"ဖန်းရှင်းအဆင်သင့်ဖြစ်ရင်သွားမယ် "
တံခါးခေါက်ကာသတိပေးလိုက်တာ် သူ့တစ်ယောက်တည်းမဟုတ်ပါဘူး ကျန်တဲ့သုံးယောက်ကိုပါသတိပေးလိုက်တယ်"ငါတို့ဘာနဲ့သွားမလဲ"
"လမ်းလျှောက်ပြီးသွားရမှာပေါ့"
"အွန်း "
ဒီလိုနဲ့လမ်းလျှောက်ခြင်းစတင်လိုက်တယ် အင်းမဆိုးပါဘူးသဘာဝအလှကိုမြင်ရတယ် လမ်းဘေးနှစ်ဘက်မှာလယ်ကွင်းလေးတွေနဲ့လေတဖြူးဖြူးနဲ့ကောင်းမှကောင်းပေါ့
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း