ဒေါက်ဒေါက်!!!
တံခါးဒေါက်သံကြားလိုက်တာမို့ရှောင်ကျန့်တစ်ယောက် တံခါးသွားဖွင့်ပေးလိုက်တယ်ဒီချိန်ကြီးဘယ်သူများလာတာပါလိမ့်ပေါ့
"ရှောင်ကျန့်"
"ဟင် သည်းညှာ ဘာလာလုပ်တာလည်း မိုးအရမ်းချုပ်နေပြီလေ တစ်ယောက်တည်းလာတာလား အန္တရာယ်များလိုက်တာကွာ "
ရှောင်ကျန့်ကသာစကားတွေပြောနေတာသူကဖြင့်ခေါင်းကိုငုံ့ကာထားသည် ခဏအကြာမှ
"ရှောင်ကျန့် "
"ဗျာ့"
"ငါ ချစ်နေမိပြီထင်တယ်"
"ဟင်~~~"
"မောင့်ကိုချစ်တယ်"
"ဗျာ"
"မောင့်ကိုသိပ်ချစ်လို့ "
"သည်း~သည်းညှာ"
အွန့် ~~
ဘယ်ကဘယ်လိုဖြစ်မှန်းမသိပေမယ့်ချစ်တယ်ဝန်ခံပြီး နမ်းလာတဲ့သည်းညှာ ရဲ့ခါးလေးကိုပွေ့ဖက်လို့ ထိန်းထားပေးမိတယ် ကိုယ်ကသူ့ထက်အရပ်အနည်းငယ်ရှည်တော့ ခြေဖျားထောက်ကာ နမ်းနေသူလေးလည်ပင်း နားကအင်္ကျီစကိုအတင်းစုတ်ချေလေ၏ကြာလာတော့မောလာဟန်ရှိတာကြောင့် နှုတ်ခမ်းဖူးလေးကိုငုံ့ခဲပြီးမှလွှတ်ပေးလိုက်သည်
"သည်းညှာတကယ်ပြောနေတာလား"
"အွန်း "
"ပျော်လိုက်တာကွာ သည်းညှာ ကိုမောင်အရမ်းချစ်တာ"
"အခုမှအဖြေပေးမိလို့တောင်းပန်ပါတယ်မောင်"
"ဟောဗျာ ရူးရချေပြီ"
"ချစ်တယ်မောင်"
"ဒီလူကိုရူးအောင်လုပ်နေသလားပဲဗျာ"
"အာ"
ရှောင်ကျန့်ရဲ့အပြောကြောင့်မျက်နှာလေးရဲကာရှက်သွေးဖြာနေသူ
ရိပေါ်အခုရက်ပိုင်းစိတ်ဓာတ်ကျပြီးအားငယ်နေတယ် ပေ့ပေ့လေးကိုပြန်ရှာတွေ့ပေမယ့် ပြန်ပေးဆွဲတဲ့သူကိုအခုထိမမိသေးရဲတွေကကင်းလှည့်ပြီးစောင့်ကြည့်နေပေမယ့်လည်းအရိပ်ယောင်တောင်မသိ သူကလည်းအဲ့လူရဲမျက်နှာကိုသေချာမမြင်လိုက်ပေ အခုချိန်လေးတော့သူပျော်ချင်ပါတယ်ချစ်ရသူရင်ခွင်ထဲခိုနားချင်တယ် ဒါကြောင့်အရဲစွန့်ကာ
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း