အဘရင်ရဲ့ကျေးဇူးကြောင့်ညနေပိုင်းမှာ ပေ့ပေ့ရဲ့မိခင်ဖြစ်သူအိမ်ကိုရောက်လာခဲ့တယ်
"ဆရာလေး သမီးလေးကိုကူရှာပေးပါအူးကွယ် သမီးလေးကလေ သူ့သူငယ်ချင်းအိမ်သွားမယ်ဆိုပြီးထွက်သွားတာကွဲ့ "
"သိပါတယ် အဒေါ်ကျွန်တော်တို့ရှာနေပါတယ်မကြာခင်ပြန်တွေ့မှာပါ"
"ဟုတ်တယ်နော်"
"အဒေါ်ကမငိုနဲ့နော် အားတင်းထားပါ "
"ဟုတ်တယ် အဒေါ်ကစိတ်ဓာတ်ကျလို့မရဘူး"
"အင်း"
ပေ့ပေ့အမေအားသွားတွေ့ပြီးနောက်အိမ်သာပြန်လာလိုက်သည်
"ရိပေါ် အဆင်ပြေခဲ့ရဲ့လား"
"အင်း ပြေပါတယ်"
"ဟူးးးးးး"
"ဘာဖြစ်နေတာလည်းငါတို့ကိုရင်ဖွင့်"
"ငါ့အခန်းက ကလေးပျောက်တော့နည်းနည်းစိတ်ပူမိရုံပါပေ့ပေ့က လူကောင်းလေးပါ ဘာကြောင့်များ .....ရက်စက်လိုက်တာလောကကြီးက"
"စိတ်ထဲမထားပါနဲ့ပြန်တွေ့မှာပါ ကွာစိတ်မပူနဲ့ဟုတ်ပြီလား"
"အင်း "
"ကဲရေချိုးပြီးရင်ထမင်းစားမယ်"
"........"
အခန်းထဲလေးပင်စွာ ခေါင်းစိုက်၍ဝင်သွားသောသူငယ်ချင်းဖြစ်သူကိုကြည့်၍ ရှင်းခန်းနဲ့ဖန်ရှင်းလည်းစိတ်မကောင်းပေ ရိပေါ်က အားနာပြီးစိတ်မကောင်းဖြစ်တာကသူ့အကျင့် တစ်ခုခုဆိုစိတ်ထဲတွေးပြီးခံစားတတ်သူမျိုး
"ဆရာလေးတို့ဒါကကျွန်တော်တို့နယ်ကိုပြောင်းလာတဲ့ ဒုရဲမှူး မင်းထန်းရန်ပါ"
"တွေ့ရတာဝမ်းသာပါတယ်ကျနော့်နာမည် မင်ထန်းရန်ပါ "
"ဒုရဲမှူးကအဆင်နော်"
"အဆင်မလုပ်နဲ့ အဆင်ဆိုလင်နဲ့လေ မသိတာလည်းမဟုတ်ဘဲနဲ့"
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း