"ကျန်းချန် ငါ့ကိုရွာထဲချီပေ့ပေ့ဆိုတဲ့ကောင်မလေးပျောက်တဲ့အကြောင်းစုံစမ်းပေး""အိုး ငကျန့်မင်းက ထူးဆန်းလှချည်လား အရင်ကရွာထဲကကိစ္စလူသေမှုတွေတောင်စိတ်မဝင်စားတဲ့အကောင်က အခုမှထူးထူးဆန်းဆန်း"
"သည်းညှာ ကအဲ့ကိစ္စကြောင့်စိတ်ပင်ပန်းနေရတာ ပြီးတော့ သူအဲ့လိုဖြစ်နေတာမကြည့်ရက်ဘူး အဲ့ဒါကြောင့်ငါကစုံစမ်းမှာသည်းညှာမပင်ပန်းအောင်"
"ဟျောင့် မင်းတကယ်ဆရာဝမ်ကိုချစ်သွားတာလား"
"အင်း ထင်တာပဲသူစိတ်ဆင်းရဲတာကိုမမြင်ချင်ဘူး"
"မသေချာမရေရာ အဲ့ဒါချစ်နေလို့ပေါ့ကွ"
"အရင်ကတော့ တစ်ယောက်တည်းမို့ဖြစ်သလိုနေဖြစ်သလိုစားနေပေမယ့် အခုက သည်းညှာရှိလာပြီဆိုတော့ အရင်လိုမနေတော့ဘဲ အလုပ်ကြိုးစားဖို့လိုနေပြီ "
"မင်းအခုလိုပုံစံကိုငါပထမဆုံးမြင်ဖူးတာပဲ"
"ဟားးအချစ်ကြောင့်ပြောင်းလဲလာတာနေမယ်"
"ငါ့ကောင်ကြီးချစ်တတ်နေပြီပဲ ဝမ်းသာတယ်ကွာ"
"ငါ သွားတော့မယ်"
"ဘယ်တုန်း "
"အဘိုး ခေါ်ထားလို့"
"အေးသွားလေ "
အဘိုးဆိုတာရှောင်ကျန့်မိဘတွေဆုံးပြီးတည်းက တစ်ဦးတည်းသောရှောင်ကျန့်ကို စောင့်ရှောက်သူဦးရှောင်းလု ဟေးနန်နယ်တစ်ဝိုက်မှာအင်အားအကြီးဆုံးပေါ့ လူတိုင်းရဲ့ရိုသေမှုကိုရရှိထားပြီး ယခင်နှစ်ကမှ မြို့နယ်ဝန်ကြီးတာဝန်မှ အနားယူထားခြင်းဖြစ်သည် ရှောင်ကျန့်ရဲ့ကားလေးဟာ ဟေးနန် ရဲ့တောင်ဘက်ဆီသို့ဦးတည်ရာရှောင်းစံအိမ်ဆီ ဟေးနန်ရဲ့စိုက်ပျိုးရေးမြေယာတစ်ဝက်ကျော်လောက်ရှောင်းလုကပိုင်ဆိုင်သည်ထို့အပြင် ဝိုင်ချက်လုပ်ငန်းပါလုပ်ကိုင်သေး၏
စပျစ်ခြံစိုက်ပျိုးသည် ။ ရှယ်ယာဝင်ထားသောလုပ်ငန်းတစ်ချို့လည်းရှိပေသည်။
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း