Part 20

1.8K 126 8
                                    

"ဒါကကျောင်းမှာ ပန်းချီပညာကိုသင်ကြားပေးမယ့် ရသဆရာလေးပေါ့ နာမည်က ဝေ့လုမင်တဲ့"

"တွေ့ရတာဝမ်းသာပါတယ်ဆရာလေး"

"ထပ်တူပါပဲ ဗျာ ရှေ့လျှောက်ကူညီပေးကြပါဦး"

"‌ထပ်တွေ့ပြန်ပြီနော် ရိပေါ်"

"ဟုတ်အကို လုမင်"

"နောက်တစ်ချိန်ကရိပေါ်အချိန်မလား သွားတော့လေ "

"ဟုတ်ကဲ့ ပါ စီနီယာ"

ချူးမင်တစ်ယောက် ဝေ့လုမင်ဆိုတဲ့လူကိုကြည့်မရပါ

စာသင်ကြားနေရင်း ဖုန်းဝင်လာတာမို့ ဖုန်းကိုပိတ်လိုက်တယ် အနှောက်ယှက်ဖြစ်တယ်လေ စာသင်ပြီးမှပြန်ဆက်မယ်ဆိုကာတွေးထားလိုက်တယ်ခေါ်ဆိုသူကမောင်

"မောင် "

"ဖုန်းခေါ်ထားလို့ စာသင်နေတာကြောင့်မကိုင်တာ"

"ကိုယ်ဒီနေ့ အသိတစ်ယောက်နဲ့မိတ်ဆက်ပေးချင်လို့အဲ့ဒါ......"

"အိမ်လာခဲ့ရမယ်ပေါ့ "

"လာကြိုမယ်"

"အွန်း"

"ချစ်တယ်သည်းညှာ"

"ပိုချစ်တယ်မောင်"

ဖုန်းပြောပြီးတာနဲ့နေ့လည်စာစားဖို့ချိုင့်လေးပြင်နေချိန်

"ရိပေါ်"

"အကိုလုမင်"

"ထိုင်လို့ရလား"

"ရပါတယ်ဗျ"

"စောနကပြောနေတာက?"

"‌အာ ချစ်သူပါ ဟီးးး"

"ဪ တော်တော်ချစ်မှာပဲနော်ရိပေါ်က"

"ချစ်တာပေါ့သူပဲရှိတာဟာ"

"အဟွန်းးး"

ညနေကျောင်းဆင်းတော့ မောင်မရောက်သေးတာကြောင့်သစ်ပင်အောက်ကထိုင်ခုံလေးမှာထိုင်စောင့်နေလိုက်တယ်

"လာမကြိုသေးဘူးလား"

"ဟုတ်တယ်အကို"

"အကိုကူစောင့်ပေးမယ်"

"ရပါတယ်ဗျ"

မောင့်ကိုကူစောင့်ပေးတဲ့လုမင်နဲ့ စကားပြော‌
နေလိုက်တယ်

ဟေးနန်နယ်မှချစ်ပုံပြင်Where stories live. Discover now