"ဟင့်အင်း "
"ဆရာ သမီးကိုကယ်ပါဦး "
"ဟင် ~"
"ဆရာ သမီးကို လူဆိုးကြီးကချုပ်ထားတယ် အိမ်ကြီးကကြောက်ဖို့ကောင်းလို့လာကယ်ပါဆရာ"
အိမ်မက်ထဲတွင်ငိုယိုကာကယ်ဖို့ပြောနေသောပေ့ပေ့ တစ်ကိုယ်လုံး ချွေးတွေရွဲကာ လန့်နိုးလာခဲ့တယ် နာရီကိုကြည့်တော့ ဆယ့်တစ်နာရီ
"ငါဘာလို့အဲ့နေရာကိုပဲမက်နေရတာလည်း ငါသွားကြည့်ရမလား ဟုတ်တယ်သွားကြည့်လို့ရှိနေခဲ့ရင်ပေ့ပေ့လေးကိုကယ်လို့ရပြီ မရှိတော့လည်း ထပ်ရှာရုံပေါ့ "
ညအိပ်ဝတ်စုံခရမ်းရောင်လေးဖြင့်သာ ဟိုအိမ်ပျက်ကြီးဆီသွားဖို့လုပ်လိုက်တယ် စက်ဘီးလေးအားမောင်းနင်လျက်
"အလုပ်ကိစ္စလည်းပြောပြီးပြီဆိုတော့အဆင်ပြေပြီမလား"
"ဒါပေါ့ဗျာ"
"ဒါဆိုခွင့်ပြုပါဦး"
"ကောင်းပါပြီဗျာနောက်ထပ်လည်းအလုပ်တူတူတွဲလုပ်ချင်ပါသေးတယ်"
ပစ္စည်းလဲသူထံမှပြန်လာတော့မှဝန်းနင်ကဤသို့ဆိုသည်
"ရှောင်ကျန့် ဟိုအိမ်ပျက်ကြီးမှာ မသင်္ကာတာတွေ့တယ် "
"ဘာလဲ "
"ဒါက မီးမွေးပြီးသား ထင်းစတွေ ကိုမနက်ပိုင်းမှာ တွေ့တယ်တဲ့"
မျက်မှောင်ကျူံ့ကာရှောင်ကျန့်တွေးသလိုပင်ဖြစ်နေမလားစဉ်းစားနေ၏
"နောက်တစ်ခုက ~~~~"
"ဘာလဲ ဟပြောစမ်းပါမင်းဟာကြာတာ"
"စက်ဘီးတစ်စီးအဲ့တောထဲဝင်သွားတာငါတွေ့လိုက်တယ်"
"ဘယ်လို "
"ဟုတ်တယ်စောနက စီစီတီဗီမှတ်တမ်းကြည့်တုန်းကတွေ့တာ"
"ငါ့ကိုပြ"
"ဟင် ~~~သည်းညှာရဲ့စက်ဘီး "
"ကျန်းချန်မြန်မြန်မောင်း "
ရင်ထဲမီးခဲကျသွားသည့်နှယ် သည်းညှာကရန်သူ့အနားရောက်နေဆိုတဲ့စိတ်က သူ့ရင်ကိုပူလောင်စေတယ်
"စိတ်အေးအေးထားပါ ရှောင်ကျန့်ရာ"
"ဘယ်လိုစိတ်အေးနိုင်မလဲသည်းညှာက .....ဟာကွာ တောက်စ်!!"
![](https://img.wattpad.com/cover/335906800-288-k510927.jpg)
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း