သည်းညှာက လုံးဝအိပ်ပျော်သွားမှ သူသည်းညှာဘေးမှထွက်လာခဲ့တယ်
"ဘယ်လိုလုပ်လိုက်လဲ "
"ငါသူ့ကို ဆုံးမချင်သေးတာ "
"ငါလာခဲ့မယ်"
ထို့နောက်အိမ်တော်က ကြီးမေ ဟွား ကို သည်းညှာနားနေစေပြီး အဘိုးအခန်းဆီဦးတည်လိုက်တယ်
"အဘိုး "
"မြေးရှောင်း လာ"
"ကျနော် ရွာထဲခဏသွားမလို့အဲ့ဒါသည်းညှာကိုစောင်ရှောက်ပေးပါဦး အဘိုး"
"ဟုတ်ပါပြီ ငါ့မြေးတောင်ပြောင်းလဲသွားပြီ ရှေ့အပတ်ထဲဆရာလေးကို မြေးနဲ့လက်ထပ်ပေးမယ်
ဟုတ်ပြီလား""အဘိုး တကယ်ပြောနေတာလား အဘိုးကျိန်းသေပြီလား"
"ငါရဲ့မျိုးဆက်ထက် ငါ့မြေးပျော်နေစိတ်ချမ်းသာနေရင်ရပြီ"
"ကျေးဇူးတင်ပါတယ်အဘိုး "
"ကဲသွားစရာရှိတာသွားဒါမယ့် လက်မလွန်စေနဲ့"
အဘိုးကသူလုပ်မယ့်လုပ်ရက်ကိုသိနေသည့်အလား မှာတမ်းခြွေတယ်
"ဟုတ်ကဲ့ပါအဘိုး"
အဘိုးကိုနှုတ်ဆက်ပြီးနောက် ဦးတည်ရာက ရဲစခန်းသို့
"သူဘယ်မှာလည်း"
"လူကြီးမင်းရှောင်း သူက အချုပ်စခန်း ငါးမှာပါ"
"ရှောင်ကျန့် လက်မလွန်စေနဲ့ "
လက်ကိုဆွဲကာတားလာသူမင်ထန်းရန်
"ငါသိတယ်မင်းထန်းရန်"
"ကောင်းပြီ ငါးမိနစ်ရမယ်"
"ပေးသလောက်ပေါ့"
အချုပ်ခန်းထဲဝင်သွားတော့တွေ့လိုက်ရသည်က သွေးတွေအလိမ်းလိုက်နဲ့ ဝေ့လုမင် ဒီလောက်ထိဖြစ်နေတာတောင်ပြုံးနေနိုင်သေးတာကြောင့်ဪချရတယ်
"နောင်တရလား "
"...........".
"မင်းသာ ငါ့အပိုင်ကိုမထိခဲ့ရင် အခုလိုဖြစ်လာမယ်မထင်ဘူး"
"မင်းသိလားရှောင်ကျန့် ဝမ်ရိပေါ်ကတကယ်ကောင်းတယ် အသားရည်ကမိန်းမအရှုံးပေးရတယ်နုဖက်ဖြူဉနေတာပဲ နောင်တမဘူး ဒါမယ့် ပါးစပ်နားရောက်ခါနီးအစာကိုလက်လွတ်ရတော့မသက်သာလှဘူး ဟားဟား"
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း