သည်းညှာကသူ့ထက်သာငါးနှစ်ကြီးတာစိတ်ကတကယ့်ကလေးလေးစိတ် ရေချိုးခန်းဝမှာသူ့ရင်ထဲတိုးဝင်ကာ ငိုနေတာ အခုထိမတိတ်သေးအခုမှစိတ်တွေလွတ်ချလိုက်တာထင်တယ်
"သည်းညှာ ဒီနားကအေးတယ်ကြာရင်သည်းညှာ ဖျားလိမ့်မယ် "
"သည်းညှာ"
"............"
စကားသံမပြန်လာလို့ငုံ့ကြည့်မိတော့ အိပ်ပျော်
နေလေပြီ သူလည်း သည်းညှာကိုပွေ့ကာကုတင်ပေါ်ချပေးတော့ သူ့လက်ကိုဆွဲကာမျက်လုံးလေးပွတ်လို့"မောင့်ကြောင့်နိုးသွားပြီ"
"ဟင့်အင်း မအားလို့လား"
"အားတယ်လေ "
"ပြန်တော့မို့လားအခု"
"သည်းညှာပြန်ခိုင်းရင်ပြန်မယ်"
"........."
"လာ ဒီမှာထိုင်"
"အင်း "
ထို့နောက်ရင်ခွင်ထဲတိုးဝင်ကာ
"ဒီတိုင်းလေးနေချင်တယ် အိပ်ချင်လို့ဒီတိုင်းလေးနေပေး"
"အင်းပါသည်းညှာ"
ထို့နောက် သူကထိုင်လျက်သားနောက်ကနံရံအားမှီထား၍ သည်းညှာကသူ့ရင်ခွင်ထဲ၌ အိပ်စက်နေသည် ခဏအကြာသူလည်းအိပ်စက်လိုက်သည် သူလည်းပင်ပန်းနေသည်လေ
(အနီးစပ်ဆုံးပုံလေးပါ)
"အားညကတော်တော်များသွားတာ မူးနေတာအခုထိမပျောက်ချင်ဘူးခေါင်းတွေပါကိုက်"
"မင်းကိုအရမ်းမသောက်ဖို့ပြောတယ်လေ"
"တစ်ခါတစ်လေပါရှင်းချန်ရာ"
"အေးပါဖန်ရှင်းရယ် ဖေးရန် တစ်ခါတည်းစားမလား ကြက်ဉတွေရှိတယ် ကြော်လိုက်မယ်"
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanfictionမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း