Unicode
"အတ္တရဲ့စေရာ"
💐အပိုင်း(၁)💐
ဆွဲခြင်းနှင့် ပိုက်ဆံအိတ်အား မောင်းသူနေရာတွင် ထားပီးကာမှ မေမေလှမ်းအော်၍ သူမကားပေါ်ကဆင်းလိုက်သည်
"အလင်းရေ"
"ဗျာ"
"အလင်းရေ....သမီးကြီးထွက်သွားပီလား"
"အမေ သမီးအောက်မှာ....မသွားသေးဘူး"
"အေး ခန အမေပြောစရာရှိတယ်"
"ဟုတ်"
ကားပေါ်မှဆင်း၍ မေမေရှိရာအိမ်ထဲပြန်ဝင်သွားလိုက်သည်
"အလင်းကိုဘာပြောမလို့လဲ အမေ"
"ဆေးရုံကိုသွားမနေပါနဲ့တော့လား....မဟုတ်လည်း အရှုံးပေါ်နေပီ...သမီးသွားတော့ရော ဘယ်အကြီးအကဲက အတည်တကျ အလုပ်ပြန်ခန့်မှာလဲ"
"မဖြစ်ဘူးအမေရ...ခုက ကိုယ်တယောက်တည်းဒုက္ခရောက်တာမဟုတ်ဘူး ဆေးရုံတစ်ခုလုံးက သူနာပြုတွေ ဒေါက်တာတွေ အကုန်အခက်တွေ့နေတာ...သတ်မှတ်ကာလမပြည့်မချင်း အလင်းတို့ဘက်ကလည်းရင်းနှီးမြုပ်နှံမယ့်သူ ရှာမှရမှာ"
"တစ်မြို့လုံးအသိပဲလေ...သမီးဆေးရုံက နောက်လဆိုပိတ်ခံရတော့မှာ...တာဝန်ထမ်းဆောင်ဖို့လည်းလိုမယ်မထင်ပါဘူး အလင်းရယ်....အမေကတော့ အိမ်မာနေပီးသမီးမောင်နှစ်ယောက်ကိုပဲစာပြစေချင်တယ်...အမေတို့စီးပွားရေးလည်း ကောင်းနေတယ်မလား"
"အဲ့တာ အမေတို့စီးပွားရေးလေ...သမီးမှမပိုင်တာ...အလင်းတစ်ခုပြောမယ်"
မိခင်ဖြစ်သူ၏လက်မောင်းကို ဖက်၍
ပုခုံးပေါ်ခေါင်းမှီလိုက်ပီး"အလင်းဘဝမှာ အဆုံးရှုံးမခံနိုင်တဲ့အရာနှစ်ခုရှိတယ်...အဲ့တာ အလင်းသိပ်ချစ်ရတဲ့ မိသားစုနဲ့
အလင်းမြတ်နိုးတဲ့ဝါသနာပဲ...သူနာပြုအလုပ် လုပ်ရတာ အလင်း အရမ်းပျော်တယ်မေမေ...ငယ်ငယ်တည်းကအိမ်မက်လေး ပြည့်စုံပီဆိုပီး အလင်းပျော်နေခဲ့တာ..လက်ရှိဆေးရုံကနေ ဘယ်မြို့နယ်ကိုပဲ ပိုစတင်ကျကျ အလင်းမပြောင်းဘူး
ဒီဆေးရုံမှာပဲ ထာဝရ သူနာပြုအဖြစ် အလုပ်လုပ်ပေးနေမှာ"
YOU ARE READING
အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]
FantasyUnicode & Zawgyi Available. Unicode မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ချစ်မိသွားခဲ့လို့.. Zawgyi မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ခ...