အပိုင်း 24

761 34 2
                                    

Unicode

လက်မောင်းဒဏ်ရာကြောင့် ဦးဌာန် သူ့အလုပ်သို့လည်းမသွားနိုင်သလိုကားလည်းမမောင်းနိုင် သော်လည်းအန်တီလေးပေးလိုက်သောဆေးကြောင့်တစ်ပတ်ကျော်ကျော်လောက်တွင် ပတ်တီးလွတ်ခဲ့သည်။နေကောင်းတာနဲ့အလင်းကို ဘယ်လိုစိတ်ဒုက္ခပေးရမလဲဆိုတာအကွက်ချထားပုံရ၏။

"ကျနော် အဝတ်အစားသိပ်မပါလို့ အလင်းကိုခေါ်ပီးသွားဝယ်လို့ရလားအန်တီ"

"ဟေ အေး...သမီးကအားတယ်ဆို ‌လိုက်ပို့ခိုင်းလိုက်လေ..ဝေယံ အလင်းဘယ်မာလဲ"

"မမဟိုဘက်အိမ်မှာ မုန့်စားနေတယ်"

"အောင်မလေးနော်...မုန့်ကိုသူများအိမ်အထိသွားစားရတယ်လို့....သွားခေါ်ချည်မင်းအမကို"

ဝေယံထွက်သွားပြီးမကြာခင် အလင်းကနှုတ်ခမ်းဆူကာဝင်လာလေသည်။ဝေယံက အဝတ်အစားဝယ်မည့်ကိစ္စကိုကြိုပြောလိုက်ပုံပင်..သူမမျက်နှာကအလိုမကျ။

"အန်တီဆွေက သူမပြန်ခိုင်းပဲပြန်ရင်ကြိုက်တာမဟုတ်ဘူး...အမေတို့က ဘာခိုင်းဦးမှာလဲ"

"အဲ့မျက်နှာကနည်းနည်းအကြောလျှော့စမ်းပါအေ..ညည်းနှယ်...အိမ်အလုပ်ခိုင်းဖို့ခေါ်တာမဟုတ်ဘူး...သားက အဝတ်အစားသွားချင်လို့ လိုက်ပို့ပေးပါတဲ့"

"မပို့ချင်ဘူးဒီနေ့ကားမမောင်းဘူးလို့ သန္ဓိဌာန်ချထားတယ်"

"ဒီနေ့တစ်ရက်အဓိဌာန်ဖျက်လိုက်...ဟိုခမျာ လက်ကကောင်းကောင်းလှုပ်ရှားလို့ရတာမဟုတ်ဘူးရယ်...ပို့ပေးလိုက်ပါသမီးရယ်.."

"ဖေရှိတယ်လေ...ဖေ့ကိုပို့ခိုင်းလိုက်ပေါ့"

"ညည်းအဖေ ခြေထောက်ကအရမ်းအားသုံးလို့ရတာမဟုတ်ဘူး...သိရဲ့သားနဲ့"

"မသိဘူးမေရာ အိမ်အလုပ်မဟုတ်ရင် ဘာမှလာမခိုင်းနဲ့...သွားပြီ"

အလင်းဆက်ထိုင်နေလျှင် လိုက်ပို့ဖို့နားချနေမည်မို့ လွတ်ရာကျွတ်ရာ အန်တီဆွေ့ထံထွက်လာခဲ့သည်။ခြံထဲသို့ချောင်းကြည့်တော့လည်း သူထွက်လာတာမတွေ့ပေ။သူနဲ့အတူရှိနေရရင် နေရထိုင်ရကြပ်သလို အသက်ရှူလည်းကြပ်ရသည်။ဘယ်အချိန်မှာ ဘယ်လိုပြဿနာရှာလေမလဲ တွေးပူရတာရင်အမော..
သူမရဲ့မောင်နှစ်ယောက်က အင်မတန်ကိုထူးဆန်းပါသည်။သူစိမ်းယောက်ကျားတ‌စ်ယောက်ကို အမဖြစ်သူနဲ့ စိတ်ချနိုင်လွန်းနေပါရော

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Tempat cerita menjadi hidup. Temukan sekarang