အပိုင်း 22

767 32 2
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၂၂)💐

"မမ ဘယ်လိုလုပ်မလဲ"

"အိမ်ပဲ သွားရတော့မာပေါ့"

"အကို လက်က ရောင်နေပီ....မြန်မြန်မောင်းပါတော့မမ"

"အေးအေး...ဦးဌာန် ရှင့်လက်ကပုခုံးကို ဖိမထားနဲ့...ပိုနာလိမ့်မယ်"

လမ်းမပေါ်က မောင်းလျှင် မီးပွိုင့်မိနေမှာစိုးသဖြင့် ရပ်ကွက်တွေ လမ်းသွယ်တွေထဲမှ ဖြတ်မောင်းလာခဲ့သည်။ကားမောင်းရင်းမှ သူ့ကိုလှည့်ကြည့်နေမိ၏။
နာကျင်မှုကို အသံထွက်ညည်းညူခြင်းမပြုပဲ ကြိတ်မှိတ်ခံယူနေသည်ကိုမြင်ရ၍ အလင်းစိတ်မကောင်းနိုင်ပေ။အလင်းကိုယ်စား သူဝင်ခံလိုက်တာ ပြန်မြင်မိလေ ကြက်သီးထလေဖြစ်ရသည်။

"ဝေထက် ခြံတံခါးဖွင့်ချည်....ဝေယံ ရှေ့ခန်းဖွင့်ပီး ဦးဌာန်ကို လာတွဲဦး"

"ဟုတ် လာပီမမ"

"ရှင် လမ်းရော လျှောက်နိုင်လား"

"အင်း လျှောက်နိုင်ပါတယ်...ကိုယ့်ကို တွဲပေးပါ"

"လာလာ ဖြေးဖြေးလျှောက်"

အိမ်ထဲသို့ဝင်သည့်အခါ မေမေက လန့်နေ၏။ဦးဌာန်ကို အလင်းတို့နှစ်ယောက် တွဲလာတာမြင်ရသဖြင့် ပိုလို့ စိုးရိမ်ကာ

"သား ဘာနဲ့ခိုက်မိတာလဲ...!"

"သစ်ကိုင်းကျိုးနဲ့ ရိုက်မိသွားတာ မေ...ဆေးခန်းသွားပြမယ်ဆိုတော့လည်း မဟုတ်ဘူးတဲ့"

"ဘယ်ဖြစ်မာလဲ... လာ ဒီမှာ ထိုင်ဦးသား...အဝတ်အစားလဲပီးရင် သွားပြရအောင်နော်...ဒဏ်ရာအရမ်းပြင်းရင် အန်တီတို့မကုတတ်ဘူးကွဲ့"

"မပြချင်ဘူးအန်တီ...အလင်းရှိတာပဲ...သူပဲလုပ်ပေးပါ...မဟုတ်ရင် ကျနော့်ကိုပြစ်ထားလိုက်ပါတော့"

"ခက်တော့တာပဲ....သားမိဘတွေ သိရင် ရင်ကျိုးလိမ့်မယ်...သားမှာ ငွေအလုံအလောက်မပါလဲ အန်တီပေးပါ့မယ်...ဓါတ်မှန်လေးတော့ ရိုက်ရအောင်နော်"

"ကျနော့်ဒဏ်ရာက အရမ်းမကြီးပါဘူး...ဆေးရုံဆေးခန်းသွားဖို့ထိ မလိုလို့ပါအန်တီ...ကျနော်အဝတ်အစားသွားလဲလိုက်ပါဦးမယ်"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Onde histórias criam vida. Descubra agora