အပိုင်း 21

832 35 0
                                    

Unicode

"အား!! အား! နာလိုက်တာ"

"ဘာဖြစ်တာလဲ!"

"လူလာနေတာမင်းမမြင်ဘူးလား"

"မြင်သားပဲ ရှင်က ရှောင်ပါ့လား"

"ငါက ငါ့ဇောနဲ့ငါ...မင်းမြင်ရင်ရှောင်ပေးလေ"

"ခု ကျမရှေ့မှာ ပိတ်ရပ်နေတာကကော ဘယ်သူလဲ"

"ဪ အင်း ဟုတ်သား"

"ဟုတ်ရင် ‌လမ်းဖယ်"

"အား ကျွတ်ကျွတ်"

လှေကားပေါ်မှ အလင်း၏အရိပ်အားမြင်သည်နှင့် ပြေးလာလိုက်တာ လှေကားခြေရင်းက အုတ်ခုံနဲ့ ဌာန့်ရဲ့ ညို့သဂျီးက မိတ်ဆက်သွားလေသည်။လိုချင်တာကလည်း အဲ့ဒါ။အလင်းရှေ့မှာ ဒဏ်ရာရမှ ဖြစ်မှာ။

"ဘာဖြစ်ပြန်တာလဲ"

"ညို့သဂျီးရိုး ကျိုးပီလား မသိဘူး...အ့ နာလိုက်တာ"

"ခံလေ ရှင့်ဘာသာဖြစ်တာ"

"ဟ.. မင်းသူနာပြုတယောက်ဖြစ်ပီးဒဏ်ရာကြီးနဲ့လူကို မစာနာတတ်ဘူးလား"

"အခြားသူစိမ်းဆိုရင်တော့ ကျမကစေတနာတွေ ယိုဖိတ်နေမှာ...ရှင်ဖြစ်နေလို့လှည့်မကြည့်တာ"

"ရက်စက်လိုက်တာကွာ"

"သား နဲ့ သမီး ဘာဖြစ်နေကြတာလဲ"

မေက မီးဖိုထဲမှ ထွက်လာသည့်အခါ သူက တိုင်ပြောတော့၏။

"အန်တီ့သမီးကဗျာ...သူ့ရှေ့တင်ကျနော်ခိုက်မိတာကို ဘာဖြစ်သွားလဲ တစ်ခွန်းမမေးဘူး..ပိတ်ဟောက်နေတာ"

"ဒီမယ်...မဟောက်ရသေးဘူး...ရှင်ပြောလို့ပြန်ပြောတာပဲရှိတာ"

"ဟောကြည့် အန်တီတွေ့လား...ဟောက်နေပြန်ပီ"

"ဟာ..ရှင်ကတော့"

"ကဲသမီး...ဆေးထည့်ပေးလိုက်ပါ..ဒဏ်ရာလည်းကြည့်ပေးလိုက်... ပီးရင် နှစ်ယောက်လုံးမနက်စာလာစား"

မေက ဖျန်ဖြေပေးပီးနောက် မီးဖိုထဲပြန်ဝင်သွားလေသည်။

"လာ မြန်မြန်လာ"

"မတ်တပ်ရပ်လို့မရဘူး...တွဲမှရမာ"

"ကျစ်...ရှင် ကတော့လေ..အတော် ဒုက္ခပေးတာပဲ"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Onde histórias criam vida. Descubra agora