အပိုင်း 33

657 19 2
                                    

Unicode

ခြံဝတွင် အလင်းကို ရင်ဖွင့်ကြိုနေသော သူမရဲ့
ခင်ပွန်းလောင်းထံ လျှောက်လာရင်း စိတ်ကိုပြုံးယူထားရသည်။ထွေးပွေ့လိုက်သော ကိုဆက်ရဲ့ရင်ခွင်က အရင်လို
မနွေးထွေးတော့ပေ။ အခုမှပြန်တွေ့ရလို့လည်း
ဖြစ်ရင်ဖြစ်မယ်။

"မင်းကိုသိပ်လွမ်းတာပဲကွာ"

"ကိုဆက် အလင်းရဲ့လိပ်စာကို ဘယ်လိုသိလဲဟင်"

"အဲ့ဒါအရေးကြီးလို့လား။ ကိုယ့်ဇနီးလောင်းကို
ပြန်တွေ့ရဖို့က ပိုအရေးကြီးတာမဟုတ်ဘူးလား။
ဘာလဲ... ကိုယ့်ကိုတွေ့ရတာ မပျော်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး။ ရန်ကုန်မှာ အလင်းရဲ့လိပ်စာကို
ဘယ်သူ့ကိုမှ မပြောခဲ့လို့ပါ။ ကိုဆက်ပြန်လာရင်
စပရိုက်(Suprise)ဖြစ်အောင် လုပ်ချင်လို့"

"အခု ကိုယ်ကပြန်လုပ်လိုက်ပြီလေ ဟား...ဟား...။
သတိရတာနေ့တိုင်းပဲ.အလင်းရယ်.. အခုလို ဖက်ထားခွင့်လေးရဖို့စောင့်လိုက်ရတာ"

"အိမ်ထဲဝင်မယ်လေ လာ"

ဝေယံနဲ့ဝေထက်ကို အထုပ်အပိုး ကူဆွဲခိုင်းမနေတော့ပေ။သူတို့က ကိုဆက်ကို အကြောင်းမဲ့မုန်းနေတာမို့
အလင်းခိုင်းလည်း လုပ်ပေးကြမည်မဟုတ်။

"အမေရေ... ဘယ်သူလာလဲကြည့်ပါအုံး"

အမေကတော့ ဘယ်သူလဲမသိတာကြောင့်
အလင်းအသံကြားတာနဲ့ အပြင်ထွက်ကြိုတယ်။
ဟိုနှစ်ယောက်ကတော့ ကြိုသိနေကြသည်ထင်သည်။
ထိုင်ရာကနေထသွားကြ၏။ မျက်နှာတွေက တင်းမာနေကြသည်။

"ပြန်လာမှာကို အန်တီတို့ကို ဘာလို့အသိမပေးတာလဲကွယ်သမီးကို လာကြိုခိုင်းမှာပေါ့"

"အန်တီတို့ အလုပ်ရှုပ်မှာစိုးလို့ပါ။ ဦးလေးလည်း
မတွေ့ဘူး။ နေကောင်းကြရဲ့လား"

"ဒေါင်ဒေါင်မြည်ပါဘဲကွယ်။သားရဲ့မိဘတွေရောပါလခဲ့လား"

"မေမေတို့က သဘက်ခါမှရောက်မှာဗျ...ပစ္စည်းတွေဝယ်စရာရှိလို့တဲ့"

"ဒါဆို နားဦးနော်..သား....အန်တီအခန်းသွားပြင်လိုက်ဦးမယ်"

"နေနေ မပြင်နဲ့တော့အန်တီ... ကျွန်တော် မြို့ထဲက
ဟော်တယ်မှာ တည်းဖို့စီစဉ်ပြီးသွားပြီ"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Where stories live. Discover now