အပိုင်း 10

1.2K 39 8
                                    

Unicode

ဆေးရုံကို ယနေ့တရက်ခွင့်ပေးပါဟု အကြောင်းကြားလိုက်ပီး ၁၀နာရီမထိုးခင်အတွင်း အမေ့အားကူလုပ်ပေးနေသည်။

"ဘွားက သမီးကိုတော်တော်ချစ်တာပါလားကွယ်"

အမေက သူ့ဘေးမှာ ချဉ်ပေါင်ရွက်သင်ပေးနေတဲ့အလင်းကိုပြောလိုက်ခြင်းသာ

"သမီးတော့စိတ်ညစ်တယ်မေရယ်......အဲ့အိမ်ထပ်မသွားချင်တော့ဘူး....မလာပြန်ရင်လည်း အန်တီက စိတ်မကောင်းဖြစ်နေမှာ"

ဦးဌာန်ကိုကြောက်လို့လာရမာကိုတော့ အမေ့ကိုမပြောဖြစ်ခဲ့။

"မေတခါတည်းမှာလိုက်မယ်....အမွေစရင်းထဲမှာ သမီးနာမည်ပါနေရင် မယူဘူးလက်မခံဘူးဆိုတာ တခါတည်းငြင်းခဲ့နော်....မေမကြိုက်ဘူး"

"အလင်းသိပါတယ်မေရယ်......မယူချင်ပါဘူး...ဘာလုပ်မာလဲ ကိုယ်မိသားစုကလည်းပြည့်စုံနေတာပဲကို...အမွေယူလိုက်မှ အလင်းကိုဝိုင်းနှာခေါင်းရှုံ့ကြမာ မြင်ယောင်ပါတယ်ဗျာ"

"ပီးရော....သွား မောင်လေး နှစ်ယောက်ကိုသွားနှိုးလိုက်ဦး"

"ဟုတ်"

ချဉ်ပေါင်ရွက်တွေကို ပြီးအောင်သင်ပီး ရေစိမ်ထားခဲ့ကာ အိမ်ပေါ်တက်၍ အငယ်နှစ်ယောက်ကို အလင်းသွားနှိုးလိုက်သည်။

"ဝေယံ နဲ့ ဝေထက်....ထတော့ မျက်လုံးဖွင့်ကြစမ်း....နေက နင်တို့ ဖင်ကိုထိုးနေပီဟ"

ပထမ အဲ့လိုနှိုးတာကို မောင်နှစ်ယောက်က အရေးမလုပ်သလို ဘာသံမှ ပြန်မပေး။

"ထကြဟ.....မကြာခင် ကျောင်းပြန်ဖွင့်တော့မှာ....ဆယ်တန်းရဲ့Preကျောင်းသားလေးတေက အဲ့လောက် မအိပ်ရဘူးလေ"

"မသိဘူးဗျာ...ဗိုက်ဆာရင် ထခဲ့မယ်...မမပြန်တော့"

"အောင်မယ် နင်တို့က ငါ့ကိုနှင်တယ်ပေါ့လေ"

တခွန်းတည်းနဲ့နှိုးမရမှန်း အလင်းသိပီသား။
ထို့ကြောင့် အခန်းထဲက တံခါးတွေအကုန်ဖွင့်ပီး သူတို့နှစ်ယောက်မျက်လုံးစူးပီးထအောင်လို့ နေရောင်ထိုးတဲ့ဘက်ကို မှန်ထောင်ပစ်လိုက်သည်။

"အာာာာ....ဘာလို့အဲ့လောက်လင်းနေတာလဲ"

ဝေထက်က မျက်လုံးနှစ်ဖက်ပွတ်ရင်း ဆောင်ကို ဆွဲယူကာ ခေါင်းမြီးခြုံပလိုက်၏။
ဝေယံကတော့ မျက်နှာပေါ်ခေါင်းအုံး အုပ်ချလိုက်ပီး အတင်းအိပ်ယူနေပြန်သည်

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Donde viven las historias. Descúbrelo ahora