အပိုင်း 26

740 29 11
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၂၆)💐

ယနေ့မှအလင်း၏လုပ်ငန်းခွင်တွင် မတော်တဆမှု အလွန်များနေခဲ့သည်။အလင်းရေခဲသေတ္တာဖွင့်မိတော့ အဆောင်ဝတ်ထားသော ညာဖက်လက်က ဘာမှမဖြစ်ပါပဲ အခြားတစ်ဖက်က ဓါတ်လိုက်ခံရသည်။

"ညက မီးအားတွေသိပ်မသုံးကြလို့ ရေခဲသေတ္တာက အားအရမ်းဝင်နေတာဖြစ်မယ်..မလင်းဖယ် ကျနော် Transformerပလပ်ဆွဲဖြုတ်လိုက်မယ်"

"အေးအေး ငါ့ရင်ကိုတုန်သွားတာပဲဟာ"

ဂိုဒေါင်ထဲသို့ ပစ္စည်းလက်ကျန်သွားစစ်တော့လည်း ရေလှောင်ကန်အပိုပစ္စည်းဂျတ်ဖာဟာ စင်အပေါ်ဆုံးထပ်မှ အလင်းခေါင်းပေါ်သို့ပြုတ်ကျမလိုဖြစ်ခဲ့သည်။Bossကတော့ အလင်းမခိုက်မိခဲ့၍ ဝန်ထမ်းတွေကို သိပ်မဆူပေ။

"အလင်း"

"ဗျာ...အဲ..ရှင် Boss"

"အိမ်ပြန်နားလိုက်ပါလား...ကိုယ်လိုက်ပို့ပေးမယ်"

"မနားချင်ပါဘူး Bossကလည်း...ဖြစ်တာကမတော်တဆမှုအသေးအမွှားလေးပါ....ကျမအဲ့လောက်ကခံနိုင်တယ်"

"မင်းခံနိုင်ပေမဲ့ ကိုယ်မခံနိုင်လို့ကွ"

ရုတ်တရက် Bossဆီမှ စိုးရိမ်သံသဲ့သဲ့ကြောင့် ဝန်ထမ်းအချို့ကအချင်းချင်း လက်တို့၍ တီးတိုးဆိုနေကြလေသည်။Bossက ရှက်သွားပုံရ၏။သူ့လေသံ နည်းနည်းမာလာသည်။

"နေမကောင်းမှ ဆိုင်မလာပဲနေလိမ့်မယ် အိမ်ပြန်နားလိုက်"

"နားလို့မဖြစ်ဘူးဗျ...ကမ်းနားလမ်းမှာနေတဲ့ Customer က ကျိုက်ထီးရိုးတောင်ခြေက သူ့ရဲ့ဆောက်လက်စတိုက်ကိုရေလှောင်ကန် ၆လုံးလာပို့ခိုင်းထားတယ်...ဒီခလေးတွေနဲ့ မဖြစ်ဘူး...နေရာချရမှာတွေ...ရေပိုက်သမား %ကြေးတွေရှိတယ် အလင်းလိုက်သွားမှရမှာ"

"မနက်မှပို့မယ်လို့ပြောလိုက်"

"Bossရယ်...ကိုယ့်ဘက်က သေချာပေါက်လာပို့မယ်ပြောထားတာ ရက်ရွှေ့လို့ဘယ်ကောင်းမလဲ...အားနာစရာကြီး"

"ကိုယ်ဘယ်လိုမှပြောလို့မရဘူးလား အလင်း"

"ဟီး ဒီတစ်ခါတော့လိုက်သွားချင်တယ်Bossရယ် ကျိုက်ထီးရိုးဘုရားလဲမဖူးရတာကြာပြီ...ရောက်တုန်းဝင်ဖူးချင်သေးတယ်...ခလေးတွေလည်း ကျမနဲ့အတူလိုက်မာပါ"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Where stories live. Discover now