အပိုင်း 20

933 35 2
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၂၀)💐

"ဝေယံ...နင်အဲ့တာဘယ်သွားမလို့လဲ"

"အကိုထရင် မျက်နှာသစ်ဖို့ မေမေက ပေးခိုင်းလိုက်လို့"

မျက်နှာသစ်ရန်ဆပ်ပြာတုံးကအသစ် သွားတိုက်တံ သွားတိုက်ဆေးလည်းအသစ် မျက်နှာသုတ်ပုဝါကအစ အသစ် Labour လေးတောင် ပါလိုက်သေး။

"ပြန်ယူသွား"

"မရဘူးလေ...မေမေက သေချာပေးခဲ့ဖို့မှာလိုက်တယ်..မမရဲ့"

"ငါ့အိမ်က နာမည်ကြီးဟိုတယ်မဟုတ်ဘူး...ဘယ်အရာမှအဆင်သင့်မရဘူး..သူထရင် လာတောင်းလိမ့်မယ်..သွားပေးစရာမလိုဘူး"

"မမရယ် မလုပ်ပါနဲ့..သူကဧည့်သည်လေ...ဘယ်လိုလုပ်တောင်းရဲမလဲ...ကျနော်တို့က အလိုက်သိရမာပေါ့"

"နင့်ကိုပြန်ယူသွားလို့ပြောနေတယ်နော်....နာရီကိုကြည့် ဘယ်အချိန်ရှိနေပီလဲ ဒါလူအိပ်ချိန်လား...တလောကလုံးနိုးနေပီ...သူတစ်ယောက်ပဲမနိုးသေးတာ...အဲ့လိုလူကို ဧည့်ဝတ်ကျေနေစရာမလိုဘူး"

အခန်းထဲမှ ဌာန်တယောက် အလင်းပြောနေသည်များကို အကုန်ကြားပါသည်။ဤအိမ်မှာ သူမနေအောင် အလင်းသူ့ကိုစိတ်ဒုက္ခပေးမာသိသော်လည်း ခံယူရုံပဲရှိတာမို့ မောင်နှမနှစ်ယောက် ပြောဆိုနေတာတွေကို သူအပြင်ထွက်၍မပြောသေးပါ။

"ဒါဆိုလည်း အပြင်မှာပဲချထားခဲ့တော့မယ်ဗျာ"

ဝေယံထွက်သွားပီးနောက်ဆလင်းဘတ်အိတ်လေးဆွဲကာ အလင်းအောက်ထပ်ဆင်းလာခဲ့သည်။မေ့ရဲ့ထမင်းကြော်အနံ့ကမွှေးနေပါရော။

"မေ့သားနှစ်ယောက်အဆင်သင့်ဖြစ်ပီလား"

"မသိဘူးလေ မေကတော့အဆင်သင့်ပဲ"

ဝေထက်က ဦးဌာန်ကို သွားနှိုးပုံရသည်။နှစ်ယောက်အတူ လှေကားမှ ဆင်းလာတာ မြင်လိုက်ရ၍ အလင်းမျက်မှောင်ကုတ်မိ၏။ကျောပိုးအိတ်အား ဧည့်ခန်းက ကြိမ်ခုံပေါ်ချပီး ဝေထက်က မနက်စာစားရန်ဝင်လာသည်။

"မေ....မမနဲ့လိုက်သွားရမာလား"

"အေးလေ...ခါတိုင်း မင်းအမပဲလိုက်ပို့နေကြကို"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Hikayelerin yaşadığı yer. Şimdi keşfedin