အပိုင်း 11

1K 40 27
                                    

Unicode

ဌာန့်Bodyguardဖြစ်သော သက်ပိုင်တယောက်
လက်ထဲမှ ငွေဆယ်သိန်းကိုကြည့်၍ အကျပ်ရိုက်နေမိသည်။

"အရင်သွားပေးထားလိုက်...ငါပီးမှသူနဲ့သွားတွေ့ပီး ဝယ်ခိုင်းမယ်"

"အကိုလေးရယ် မသင့်တော်ပါဘူး....အလင်းနုလိုမိန်းမသားကို အဲ့လိုအန္တရာယ်တောထဲပို့တာတော့ ရက်စက်ရာ ကျလွန်းပါတယ်"

"မင်းနဲ့မဆိုင်ဘူး ဆက်မပြောနဲ့"

"ကျနော်သွားပေးပါ့မယ်...မိန်းခလေးသွားဝယ်ပေးမှရမယ်ဆို KTVက ကောင်မလေး တယောက်ပဲဖြစ်ဖြစ်ခေါ်သွားလိုက်မယ် သူတို့က အထာနပ်ပီးသားတွေလေ"

"အလင်းနုသွားဝယ်တော့ရောဘာဖြစ်လဲ..သူလည်းမိန်းမပဲလေ... ငါခိုင်းချင်တဲ့လူကိုခိုင်းမှာပဲ...မင်းလုပ်ရမာကဒီပိုက်ဆံတွေသွားပေးလိုက်"

"အလင်းနုကိုမခိုင်းပါနဲ့လား....အန်တီတို့ အန်ကယ်တို့သိရင် အကိုလေးပြဿနာတက်ကုန်လိမ့်မယ်....ကျနော်ပဲသွားလိုက်မယ်နော်..."

"သက်ပိုင်!!...မင်းငါ့အမိန့်ကိုဖီဆန်နေတာလား"

မည်သို့မျှပြောမရသည့်အဆုံး သက်ပြင်းမောကြီးချကာလှည့်ထွက်လာခဲ့တော့သည်။ဦးနေစိုးဆိုသည့် ပွေရှုပ်လွန်းသောဘဲကြီးဆီကမှ ဘိန်းဖြူဝယ်ခိုင်းရတယ်လို့။
မျက်စိသူငယ် နားသူငယ်နဲ့အလင်းနုသာ သွားရင် ကောင်းကောင်းမွန်မွန်ပြန်လာရမှာမဟုတ်ဘူးဆိုတာ သိနေ‌၍ သူမကိုမသွားစေချင်။အငြိုးကြီးလှသောအကိုလေးကိုလည်း ဘယ်လိုမှနားလည်မရဖြစ်နေသည်။ဘာအပြစ်မှမရှိတဲ့အလင်းနုကို ဒုက္ခပေးရဖို့ အကွက်ချပီး ခိုင်းစေနေတာကို သက်ပိုင် သနားမိပါ၏။
သူမမှမသွားရင် အကိုလေးက သူတို့လေးယောက်အားပတ်ရမ်းတော့မည်မို့ ပိုက်ဆံသွားပေးလိုက်ရသည်။

အလင်းနုရဲ့အိမ်ကိုရောက်တော့သူမကရှိမနေပေ
ဆေးရုံရောက်နေတယ်ဟုပြော၍ ပိုက်ဆံပေးထားခဲ့လိုက်ရသည်။သက်ပိုင်ပြန်ရောက်ရောက်ချင်း အကိုလေးခေါ်ရာသွားလိုက်ပီး

"ပေးခဲ့ပီလား"

"ဟုတ် သူမရှိဘူးဆိုလို့ သူ့အမေကိုပေးထားခဲ့တယ် အကျိုးအကြောင်းတော့မပြောလိုက်ပါဘူး"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Où les histoires vivent. Découvrez maintenant