အပိုင်း 6

1.1K 40 4
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၆)💐

"အိမ့်အကြိုက်...ကော့တေးလ်"

"မောင်ကလည်း...တာဝန်ချိန်မှာသောက်လို့မဖြစ်ဘူးလေ...သိရဲ့သားနဲ့"

"ဟုတ်သားပဲ....ဒါဖြင့်လည်း အခြားဟာသွားဝယ်လိုက်မယ် အိမ့်ခနစောင့်"

"နေပါစေ...ရပါတယ်....မောင်ရှိနေရင်ဖြစ်တယ်"

ဆေးမှတ်တမ်းကို အကြည့်ပြန်ပို့လိုက်သော
အိမ့်ကိုကြည့်ပီး စိတ်ချမ်းသာသည်။
ဣန္ဒြေရှိသော ဆရာဝန်မလေးရဲ့ ချစ်သူဖြစ်ရလို့ကြည်လည်းကြည်နူးမိတယ်။ကိုယ့်ကို ဝန်ပိအောင် ဘာမှမပူဆာဖူး ‌မတောင်းဆိုဖူးတာကြောင့် တခါတလေ ကိုယ့်ဘက်က အလိုအလျောက်ဖြည့်ဆည်းပေးချင်သည်။

"မောင်တို့လက်ထပ်ကြရအောင်"

သူမလက်ဖဝါးလေးကိုင်ပီးသူ့ပါးမှာအပ်၍ပြောလိုက်သည်။

"စောပါသေးတယ်မောင်ရယ်....သူများတွေဆို ၃နှစ်၃မိုးချစ်ကြတာလေ....အိမ့်တို့က ချစ်သူသက်တမ်းငါးလပဲရှိသေးတာကို"

"နှစ်ချီအထိ မောင်မစောင့်နိုင်ဘူး.....အိမ့်ကိုချစ်တယ်တယ်....အတူတူနေချင်တယ်...ခုလို အလုပ်အားတုန်းတွေ့ရတာမျိုးတွေမလိုချင်တော့ဘူး...မောင့်အနားမာပဲ
မောင့်ဇနီးအဖြစ်နေစေချင်တာ"

"အင်းပါမောင်ရယ်.....အိမ့်ချစ်တဲ့အလုပ်ကိုလည်းမစွန့်လွှတ်ချင်သေးဘူး....ဆယ်စုနှစ်တစ်ခုလောက်အထိတာဝန်ထမ်းဆောင်ချင်သေးတယ်....အာ့ကြောင့် အေးအေးဆေးဆေးမှယူကြမယ်လေ နော် နော်..."

ထိုအခါ မောင်က သူမလက်ကို လွှတ်ပီး ခုံပေါ်ပြန်တင်လိုက်လေသည်။
မျက်နှာကလည်း ချက်ခြင်းကို ‌စိတ်တိုသည့်အသွင်ပြောင်းသွား၏။

"မင်းသဘော မင်းသဘော လုပ်ချင်တာလုပ်"

"ဟင့်...ဒါလေးပြောတာကို မောင်က အိမ့်ကို နားမလည်ပေးနိုင်ဘူးလား"

"နားလည်ပေးလို့ပဲ မင်းကိုဆရာဝန်ဆက်လုပ်ခိုင်းနေတာလေ"

"အဲ့ဒါ ဒေါသနဲ့လုပ်ခိုင်းတာလေ...စိတိထဲကပါတာမှမဟုတ်တာ...အိမ့်ကိုတကယ်ချစ်တယ် နားလည်ပေးနိုင်တယ်ဆိုရင် အိမ့်ဆန္ဒကိုလည်း မောင်ကြည်ဖြူပေးရမာပေါ့....ခုကျ မင်းတွေရော ငါတွေရော နဲ့ လူကိုအော်နေတာ"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Donde viven las historias. Descúbrelo ahora