အပိုင်း 19

862 34 1
                                    

Unicode

"တစ်ယောက်တည်းထိုင်နေတာ မပျင်းဘူးလား"

အသံက အလင်းအနားကမို့ မော့ကြည့်လိုက်တော့ ဦးဌာန်ဖြစ်နေသည်။

"ရှင်နဲ့မဆိုင်ဘူး"

"ရှင် ဆိုတာကြီးက သူစိမ်းမဆန်ဘူးလားကွာ...အရင်လို့ ဦးဌာန်လို့ခေါ်ပါ့လား..ဟင်"

ဒန်းခုံ၏တိုင်ကို တစ်စောင်းမှီရင်း အလင်းကိုငုံ့ကြည့်၍ ဆိုသည်။

"သူစိမ်းက ကျမအိမ်သားဖြစ်ချင်နေတယ်ပေါ့လေ...စိတ်မကူးနဲ့သိလား...ရှင့်ကို ကျမအိမ်မှာ လက်မခံဘူး"

"မင်းမိဘတွေကတော့လက်ခံမာပါ...ငါပြောတာဟုတ်တယ်မလား"

"သူတို့ကိုလည်း ကျမရအောင်တားမှာ...သွားပါ ရှင်သွားချင်တဲ့နေရာကိုသွား"

"မသွားဘူးဆိုရင်ရော"

"ရှင်မသွားရင် ကျမသွားမယ်"

"အလင်း!"

"မခေါ်နဲ့...အဲ့နာမ်စားက ကျမချစ်တဲ့လူတွေပဲ ခေါ်ခွင့်ရှိတယ်...ရှင်မခေါ်နဲ့"

"မင်းတောင် ငါမကြိုက်တဲ့နာမ်စားကြီးသုံးတာပဲမလား...‌ ခေါ် တော့ဘာဖြစ်လဲ"

"ဦးဌာန်!...တောင်းပန်ပါတယ် ကျမကို နှောင့်ယှက်နေတာတွေရပ်ပေးပါတော့"

"ဒါနှောင့်ယှက်တာမဟုတ်ဘူး ခလေးရဲ့...ချစ်လို့တွယ်ကပ်တာလို့ ခေါ်တယ်...မင်းနှင်လည်း ကိုယ်မရပ်ပေးဘူး...မင်းကိုယ့်ကို ခွင့်လွှတ်လာတဲ့အထိ ကြိုးစားခွင့်ပေးပါလား"

"ဘာကိုကြိုးစားချင်တာလဲ...ရှင်နဲ့ကျမကြားမှာ ပေးစရာလည်းမရှိဘူး အကြွေးလည်းမရှိဘူး"

"ကိုယ့်ဘက်က ရှိတယ်...မင်းကိုနာကျင်အောင်လုပ်ထားတာတွေအတွက် ပြန်ပေးဆပ်ချင်တာ...ဒါကြောင့် ကိုယ့်ကို ဒီအိမ်မှာနေခွင့်ပေးပါနော်"

"မရဘူး....တည်းခိုခန်းတည်းလို့ရအောင် ကျမအဖေကိုပြောပေးမယ် ဒီအိမ်မှာ မနေနဲ့"

သူ့အား ဒီလောက်ကူညီဖို့ပဲ အလင်းစဉ်းစားထား၏။တစ်အိမ်တည်းအတူနေတော့ရော အရင်ကပြဿနာတွေ ပြေလည်သွားနိုင်တာမှမဟုတ်ပဲ။

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Tempat cerita menjadi hidup. Temukan sekarang