အပိုင်း 9

976 37 5
                                    

Unicode

နှင်းဆီအနီရောင်အပွင့်ကြီးပန်ကာ အနီရဲရဲချိတ်ဝမ်းဆက်ဖြင့် ခုံပေါ်ထိုင်ကာ ရိုက်ထားသော
ဘွားရဲ့ ဓါတ်ပုံကို ကိုင်ရင်း ဌာန် ငိုကြွေးနေ၏။

"သား....အပြင်ထွက်ခဲ့ဦးလေ...ထမင်းလေးဘာလေး စားပါဦး"

"အမေတို့ပဲစားပါ"

မိဘနှစ်ပါးလုံးလာခေါ်လည်း လုံးဝမလာ။

"အကိုလေး....ကျနော်တို့လေးယောက်နဲ့ ဟိုတခါ စားသောက်ဆိုင်သွားရအောင်လေ....အရက်လေးဘာလေးနည်းနည်းချတာပေါ့"

"မင်းတို့ပဲသွား....ငါမလိုက်ချင်ဘူး"

သူ၏သက်တော်စောင့်လေးယောက်လည်း ဌာန်ကို အာရုံပြောင်းအောင်မလုပ်နိုင်ပါချေ။

"အိမ့်ဆီလာမလည်တော့ဘူးလားမောင်ရယ်....နေနိုင်လိုက်တာ"

"မောင် ဘယ်သူနဲ့မှမတွေ့ချင်လို့ပါ"

ကြာတော့လည်း သူ့အနားကလူတွေက သူဖြစ်စေချင်သလိုသာလွှတ်ထားလိုက်သည်။
ဘွားရဲ့အခန်းတံခါးကို ဟ ကြည့်တိုင်း ကုတင်ဘေးမှာ
ဒူးတဖက်ထောင်၍ အမြဲထိုင်နေသော သူ့ကိုသာတွေ့ရသည်။

အဘွားမကြိုက်တာလုပ်မိရင် အဆူခံဖို့ ဘွားရဲ့ခြေရင်းမှာ ထိုင်သလိုမျိုး ခုလည်း ထိုင်နေတာ...
တခါတရံဒေါ်လာပို့တဲ့အစားအသောက်တွေကိုလည်း ထိတယ်လို့ကိုမရှိပေ။

စိတ်ကြောင့် ပြင်ပခန္ဓာကိုယ်ဒုက္ခရောက်နိုင်တာ သိရက်နဲ့
ဌာန်ကတော့ မည်သို့မှ ခေါ်မရပါ။

တစ်ရက်တော့ ဘွားရဲ့ ရှေ့နေက သူရှိနေသော အခန်းထဲရောက်လာ၏။

"မောင် ဥတ္တရ ဌာန်"

"ဪ....ရှေ့နေကြီး...ဘာကိစ္စရှိလို့လဲ"

မျက်ရည်တွေသုတ်လိုက်ပီး သူ့နံဘေးဝင်ထိုင်သော
သူအားမေးလိုက်ခြင်းပင်။

"မောင်ရင့်အဘွားဒေါ်မြတ်တင်ဇာကျော်က မောင်ရင့်ကိုဒီစာပေးလိုက်ဖို့မှာခဲ့ပါတယ်"

အဖြူရောင်စာအိတ်လေးကို ရှေ့နေလက်ထဲမှ
ယူပီးနောက် ဖွင့်မဖတ်ပဲ ငေးကြည့်နေမိပြန်သည်။
ဘွားအသက်ရှိနေတုန်းက ကိုယ့်ကိုဘာများပြောချင်ခဲ့တာလဲ?
အလင်းနု မလာတဲ့အချိန်တွေ ဘွားအနားမှာ
နေပေးပါလျက်နဲ့ အရေးကြီးစကားရှိတာကို ဘာလို့မပြောခဲ့တာလဲ?

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Donde viven las historias. Descúbrelo ahora