Unicode
ခြင်္သေ့ခေါင်းပုံတပ်ထားသည့် လက်ရန်းပါသော ဆက်တီခုံတွင်အလင်းကြုံကြုံ့လေးထိုင်နေလိုက်သည်။ဦးနေစိုးဆိုတဲ့သူဟာအဘယ်မျှ ကြောက်ဖို့ကောင်းလဲဟု အလင်းတွေးရင်းရင်တုန်ရပါသည်။သို့ပေမဲ့ရင်နာမနေတော့ပါဘူး။ဦးနေစိုးထက်ကြောက်ဖို့ကောင်းတာက
ဦးဌာန်လေ...
အလင်းအတွက် တွေးမပေးပဲအတ္တကြီးလွန်းတဲ့ ဦးဌာန်က ဦးနေစိုးထက် ပိုကြောက်ဖို့ကောင်းနေတာ။
အလင်းရဲ့မောင်နှစ်ယောက်နဲ့ ခြိမ်းခြောက်တာမို့ သူခိုင်းတာကို ဒါနောက်ဆုံးအကြိမ်လုပ်ပေးတာပဲ။
နောက်တခါ ထပ်ခိုင်းရင် ရဲကိုတိုင်မယ် သူ့မိဘတွေကိုအသိပေးမယ်။"စောင့်နေရတာကြာသွားလား"
ထိုအသံကိုအလင်းမော့ကြည့်လိုက်တော့ နှုတ်ခမ်းမွှေးပါးပါး မျက်လုံးပြူးပြူးနဲ့ လူကြီးတယောက်။
ဧကန္တ ဦးနေစိုးဖြစ်မယ်ထင်တယ်။"ဟုတ် မကြာပါဘူး..."
သူက အလင်းနံဘေးသို့လာကပ်ထိုင်သဖြင့် ဘေးကိုတိုးလိုက်ရသည်။နောက်တကြိမ်ထပ်ကပ်လာပြန်တော့လည်း နေရာထပ်ရွေ့လိုက်သည်။တတိယအကြိမ်မြောက်တိုးကပ်လာသည့်အခါ အလင်းခုံရဲ့ ထောင့်သို့ကပ်သွားတာမို့ ကြောက်ပီး မတ်တပ်ထရပ်လိုက်သည်။
သူကတော့ အလင်းတကိုယ်လုံးကို ကြည့်နေသည်မှာ ပြူးနေတဲ့မျက်လုံးကြီးအောက်ပြုတ်ကျမတတ်ပါပဲ"အလင်း ဦးလေးဆီက ဆေးဝယ်ဖို့လာတာပါ...ဒီမာပိုက်ဆံ.....ဆေးပေးပါ"
"နာမည်လေးက အလင်းတဲ့လား"
မေးတဲ့အသံကပြီတီတီနဲ့ မနှစ်မြို့ဖွယ်ဖြစ်သည်။
"ဆေးက ယူလာပီးသားပါ ဘာလဲ မင်းသုံးဖို့လား"
"မဟုတ်ဘူး!"
"အာ့ဆိုဘယ်သူ့အတွက်လဲ"
"လူတယောက်က ဝယ်ခိုင်းတာ"
"မင်းလိုလှတပတလေးကို ငါ့ဆီလွှတ်တယ်ဆိုတော့ မင်းပြောတဲ့လူက ငါ့ဆေးနဲ့မင်းနဲ့ အလဲအလှယ်လုပ်ချင်လို့ထင်တယ်"
"ဦးလေးဘာတွေပြောနေတာလဲ....ဒီမာ ပိုက်ဆံ....ပေးဆေးထုပ်....ကျမကိုဘယ်သူမှအလဲအလှယ်လုပ်လို့မရဘူး"
ŞİMDİ OKUDUĞUN
အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]
FantastikUnicode & Zawgyi Available. Unicode မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ချစ်မိသွားခဲ့လို့.. Zawgyi မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ခ...