အပိုင်း 25

694 24 0
                                    

Unicode

တစ်ရက်တစ်ရက် အလုပ်သွား နှင့် အလုပ်ပြန်ချိန်၊ ညစာစားချိန်မှလွဲ၍ အလင်းအနားသို့ဌာန်မလာတော့ပါ။
တစ်မိသားစုလုံးနှင့်နေ့စဥ်စကားလက်ဆုံပြောဖြစ်သော်လည်း အလင်းရောက်လာလျှင် သူထထွက်သွားမြဲပင်။

ဘေးလူများက မေးလာခဲ့ရင် ဦးဌာန်က အမေ့မိတ်ဆွေ၏သားအဖြစ် ညာပြောလိုက်ရုံပင်။အလင်းနဲ့ဘာပတ်သတ်မှုမှမရှိတော့ပေ။
ဦးဌာန် ရှောင်ပေးနေခြင်းဟာ အလင်း စောင့်ထိန်းသည့်သစ္စာကို နားလည်သွားလို့ ထင်ပါရဲ့။

"ကိုယ်ကလည်း ပေါက်ကရပြောပြန်ပြီ...ဖုန်းထဲကခုန်ထွက်လာချင်လဲ လာခဲ့လေ...ဖုန်းအသစ်ပြန်ဝယ်ပေးရမယ်"

"ဒီလူတစ်ယောက်လုံးကို မင်းပိုင်နေပြီပဲ...လက်ထပ်ပြီးရင် ကြိုက်တာတောင်းလို့ရတယ် ဖုန်းလောက်ကအေးဆေး ။"

"တကယ်ပေးမှာလား"

"ပေးမယ်....ကိုယ့်ရဲ့တန်ဖိုးအကြီးဆုံးပစ္စည်းကအစ ပေးမယ်...ယူဖို့သာပြင်ထား"

"ဟာ....ဒီလူကြီး မကောင်းတာတွေပြောရော့မယ်...တော်ပြီ ဖုန်းပိတ်တော့မယ်"

"မပိတ်ပါနဲ့ဦးကွ...ကိုယ့်ချစ်သူရှက်သွားတဲ့မျက်နှာလေးကြည့်ချင်သေးတယ်...လက်ဖယ် အလင်း မျက်နှာကိုမအုပ်နဲ့လေ"

"မသိဘူး...မသိဘူး ရှင်အိပ်တော့"

"ခုမှ ၁၀ နာရီခွဲပဲရှိသေးတာ မအိပ်သေးပါဘူးအလင်းရ"

"ဒီမှာ ၉နာရီထိုးနေပြီလေ...အဲ့ဘက်မှာ အာရုံတက်ချိန်မဟုတ်ဘူးလား"

"ဘယ်ကသာ...စင်္ကာပူနဲ့ မြန်မာပြည်က ၁နာရီခွဲပဲကွာတာပါ...အလင်းက ၆နာရီလောက်ကွာတယ်ထင်လို့လား"

"အင်း ဟုတ်တယ်...အာ့ဆိုတရုတ်ပြည်စံတော်ချိန်နဲ့တူတူပဲပေါ့"

"အွန်း..အဲဒါအသာထား...လွမ်းတယ်ကွာ"

"ဘယ်သူ့ကိုလွမ်းတာတုန်း"

"အခုVideo Call ပြောနေတဲ့အမျိုးသမီးလေးကိုပေါ့"

"ဒီအမျိုးသမီးက ရှင်နဲ့အဝေးကြီးမှာနော်...အနားကအလန်းလေးတွေနဲ့ မိတ်ဆက်ပြီးပြီမလား မှန်မှန်လိမ်"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Dove le storie prendono vita. Scoprilo ora