အပိုင်း 3

1.3K 47 6
                                    

Unicode

"အတ္တရဲ့စေရာ"

💐အပိုင်း(၃)💐

"လွှတ်!လွှတ်ပါတော့လို့ ဒီမှာ"

"ငါမေးနေတယ်.....မင်းကငါ့ကိုဘာလို့မျက်စောင်းထိုးတာလဲ...ငါနဲ့ရန်ငြိုးရှိခဲ့ဖူးသလား"

"မရှိ...မရှိပါဘူး....ဒီတိုင်း"

"ငါ့ရန်သူမဟုတ်ပဲ ဘလိုင်းကြီးငါ့ကို မချိုမချဉ်ကြည့်သွားတဲ့ကိစ္စ မင်းဘယ်လိုဖြေရှင်းပေးမလဲပြော"

အကိုလေးဆိုသူက အလင်းဘာအတွက်ဒီအိမ်ရောက်နေရလည်းဆိုတာ သိချင်ပုံမပေါ်ပဲ သူခံပြင်းခဲ့တဲ့အချိန်ကို
မြင်ယောင်ပီးအလင်းကိုရန်လုပ်နေသည်

"ဖြေလေ မဖြေရင်မလွှတ်ပေးဘူး"

"ဟာ"

"ငါဖက်တာခံချင်ရင်တော့ မဖြေနဲ့ပေါ့"

သက်သက်မဲ့လာရစ်နေသည့်သူ့ကို အလင်းဒဲ့ပြောလိုက်ရမလား?
မထူးဘူး မပြောရင်လည်း အသားယူနေဦးမှာ

"ရှင့်ရဲ့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ အခြားသက်ကြီးရွယ်အိုတွေ ဘဏ်ရှေ့ကနေပူကျဲတဲကြီးမှာ ပူအိုက်ပီးရပ်စောင့်နေရတယ်....စာရင်းစစ်တဲ့ကိစ္စကဘယ်လောက်များအရေးကြီးနေလို့လဲ...ယုံကြည်လို့လက်တွဲထားရင်
လူသိမခံနိုင်စရာအကြောင်းမရှိဘူး....ဘဏ်လာတဲ့လူတွေအကုန်အပြင်ထွက်ခိုင်းတယ်ဆိုတော့ ရှင်နဲ့ဘဏ်ပိုင်ရှင် ဘာမဟုတ်တာတွေလုပ်ထားလဲမှမသိတာ...ရှင်တို့လိမ်လည်ထားတာတွေလူမသိစေချင်လို့ လူတွေအကုန်အပြင်ထွက်စောင့်ပေးရတာ....အာ့ကိုမခံနိုင်လို့မျက်စောင်းထိုးတာ ရှင်းလားး"

အလင်းခေါင်းမော့ပီး သူ့ကိုတစ်ခွန်းချင်းအော်ပြောလိုက်တော့ သူကဒေါသထွက်သွားပီး လက်နှစ်ဖက်ဖြင့် အလင်းကိုယ်လုံးလေးကိုခါးမှဆွဲယူကာသူ့ကိုယ်နှင့်ကပ်၍ အသက်ရှူမရအောင်ညစ်ထားလေသည်

"အာ့ အား ဘာလုပ်တာလဲ လွှတ်....လွှတ်ပေးလို့ပြောနေတယ်လေ"

"ငါကမဟုတ်တာလုပ်တယ်ဟုတ်လား...ငါဘယ်သူလဲမင်းမသိသေးဘူးထင်တယ်....အပြစ်ပေးတဲ့နေရာမှာ မငဲ့ညာတတ်ဘူးဆိုတာမင်းကမသိသေးဘူးပဲ သိအောင်ပြရမာပေါ့"

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Dove le storie prendono vita. Scoprilo ora