Unicode
အရိုးရှင်းဆုံးသောဖြစ်တည်မှု
သန့်ရှင်းစင်ကြယ်တဲ့ ဘဝတစ်ခု
အတုအယောင် ကင်းမဲ့တဲ့ ဖန်ဆင်းခြင်းတစ်ခုက
တစ်ခနတွင်းချင်း ဆန့်ကျင်ဘက်ငြင်းပယ်မှုတွေထံ
ဝပ်ဆင်းခဲ့ရသည်မှာ နှမြောလို့မဆုံးပါပဲ။
ကိုယ့်ဖြစ်တည်မှုကိုညင်းဆဲခဲ့တဲ့ရင်ခွင်ထဲအလင်းခိုဝင်ရတော့မယ်ဆိုတာ မည်သို့မျှလက်မခံနိုင်ပေ။
လူတွေက အရှုံးကို လက်ခံဖို့ဝန်လေးကြသလို
မာနတွေကို ချိုးနှိမ်ထားဖို့လည်း အဆင်သင့်ဖြစ်မနေပြန်ဘူး။အချစ်ကို ကစားပွဲတစ်ခုလို အနိုင်အရှုံးသတ်မှတ်နေသယောင်ဖြင့် အတ္တခေါ်ဆောင်ရာအတိုင်း စိတ်ပိုင်းဖြတ်ခဲ့ကြပီး မိမိဦးနှောက်တွင် ဆင်ခြင်တုံတရားတို့ကင်းမဲ့ခဲ့ကြသည်။နောက်ဆုတ်ရခြင်း လက်လွှတ်ပေးရခြင်းကို ရင်မဆိုင်ရဲလို့အခြားသူရဲ့ပိုင်ဆိုင်မှုကိုလုယူခြင်းဟာမတရားသော စစ်ကို စတင်လိုက်ခြင်းမည်လေသလား။မည်သို့ပင် ဆိုစေ
အချစ်ဆိုတာဟာ ဌာန့်အတွက်တော့ ရယူခြင်း၊ သိမ်းပိုက်ခြင်း၊အနိုင်ပိုင်းခြင်း တို့ဖြစ်ခဲ့သည်...။အလင်းကို ဟန်မျိုးဆက်ဆီက ခိုးယူခဲ့တယ်။
သူမသိပ်မြတ်နိုးတဲ့ ဝါသနာကနေခိုးယူခဲ့တယ်။
သူမသိပ်ခင်တွယ်တဲ့မိသားစုဆီက ခိုးယူခဲ့တယ်။
ရင်းနှီးတဲ့မိတ်ဆွေတွေဆီကခိုးယူခဲ့တယ်။
အေးချမ်းတဲ့ ပတ်ဝန်ကျင်ကနေခိုးယူခဲ့တယ်။အိပ်ပျော်နေသည့် သူမရဲ့ခြေရင်းမှာထိုင်ရင်း ကိုယ့်လုပ်ရပ်တွေကိုပြန်တွေးမိသည်။အလင်းကို ရဖို့လည်း မလွယ်ကူသည့်အတွက် သူမခေါင်းမငြိမ့်မချင်း ပြန်မလွှတ်ပေးနိုင်ပါပေ။
'မင်းနိုးလာပါတော့...ကိုယ့်ကို မုန်းလိုက်စမ်းပါ...အလိုမတူပဲ ခိုးပြေးလာလို့ ကိုယ့်ကိုနာကျည်းစမ်းပါ...ဒီနေရာလေးကို ကိုယ်တယောက်ပဲသိတာ..ခုမင်းလည်းသိသွားပီ...ကိုယ်မပါပဲ မင်းအိမ်ပြန်လို့မရနိုင်ဘူး...ဒါကြောင့်ကိုယ့်ကို လက်ထပ်ဖို့ သဘောတူရမယ်အလင်း....ဟန်မျိုးဆက်တောင် မင်းနဲ့ငါ့ကို ခွဲလို့မရတော့ဘူး...မင်းက ငါ့မိန်းမ..ငါ့ရဲ့လက်တွဲဖော်..မင်းသတိရလာရင် ကိုယ့်ကို ရန်လုပ်လှည့်ပါ..မင်းကို အရမ်းမုန်းခဲ့တဲ့ ကိုယ်ဟာ မင်းအမုန်းကိုလည်း ခံယူဖို့အသင့်ပဲ...ကိုယ့်အချစ်တွေနဲ့ မင်းအမုန်းကို ချေဖျက်ပစ်မယ်...မင်းခွင့်လွှတ်အောင် ကြိုးစားမယ် ကိုယ့်ကို ချစ်လာစေရမယ်...ကိုယ့်နာမည်ကို တမ်းတတိုင်း မင်းပျော်ရွှင်ရမယ်လို့ ကတိပေးပါတယ်....မင်းနှလုံးသားထဲ နေရာယူနေတဲ့လူက ကိုယ်ပဲဖြစ်ရမယ်...ကျေးဇူးပြုပီး ဒီကောင့်ကို မုန်းပီးရင် ချစ်ပေးပါ...ကိုယ့်ရင်ခွင်ထဲမှာ နန်းစံလှည့်ပါ...မင်းအသံတွေ ကိုယ့်ဘဝထဲမှာ ကြီးစိုးပေးပါ...မင်းပျော်ရွှင်မှုတွေကို ကိုယ်နဲ့ ထပ်တူကျခွင့်ပေးပါ...အလင်း..ကိုယ့်ကံတရားက မင်းလက်ထဲမှာပါ"
YOU ARE READING
အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]
FantasyUnicode & Zawgyi Available. Unicode မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ချစ်မိသွားခဲ့လို့.. Zawgyi မင်းကို လက်ထပ်ချင်တာက ဘွားရဲ့အမွေတွေပိုင်ဆိုင်ရဖို့မဟုတ်ဘူး...ချစ်လို့...မထင်မှတ်ပဲ မင်းကို ခ...