အပိုင်း 32

608 24 0
                                    

Unicode

"မိသားစုပဲလား"

"အင်းပေါ့...ကျမ ခင်တွယ်တာဆိုလို့မိသားစုပဲလေ"

"ဟိုဒေါက်တာကရော...အရေးမပါဘူးလား"

"ကျစ်!...ဘာတွေမေးမှန်းမသိဘူး....ပြန်မယ်လာ"

သူ့မေးခွန်းကို အလင်းဘာလို့မဖြေသလဲဌာန်သိချင်နေတုန်းပါပဲ။လက်တွဲဖော်ဆိုတာ အရေးပါတဲ့လူဖြစ်ရမယ်မလား။ကိုယ်ကသူ့အတွက် အရေးကြီးသလို သူကလဲကိုယ့်အတွက် ပထမဦးစားပေးဖြစ်နေရမှာ။ဒါကို အလင်းကဖြေဖို့ထိန်ချန်ခဲ့ရင်း စကားလမ်းကြောင်းလွှဲခဲ့လေတယ်။

"အိမ်ပြန်တော့မလို့လား"

"မင်းဘယ်သွားချင်လို့လဲ"

"ဘုရားသွားချင်တယ်"

"ပို့ပေးမယ်...ကိုယ်မေးတာလဲဖြေ"

"ဘာမေးတာလဲ"

"ခုနကမေးထားတဲ့ဥစ္စာလေ"

"အင်းလေ...ဘယ်ဥစ္စာလဲလို့"

တမင်မေ့ချင်ယောင်ဆောင်သော သူမကိုသတိပေးဖို့ကလဲအခက်။မေးတုန်းက မေးပြီးအဖြေကိုသိရရင်လဲဌာန့်အဖို့ လက်ခံနိုင်မည်မထင်။အလင်းရဲ့ဘဝထဲမှာ နေရာတနေရာလောက်တောင် မရနိုင်တာ သူသိပါလျက်နဲ့....

"သတိရမှ ဖြေတော့"

ဘုရားသို့ရောက်ရောက်ချင်းမှာပဲ

"ဟိုမှာ ဗေဒင်ဆရာပါလား....ကျမတို့သွားမေးရအောင်"

"မမေးချင်ပါဘူး...အာ့မျိုးတွေအယုံအကြည်မရှိဘူး"

"ရှင်မမေးချင်နေ.....ကျမမေးမှာ..လာ သွားမယ်လို့"

ဦးဌာန်ကို ဗေဒင်ဆရာဆီအရောက်ဆွဲခေါ်လာပြီးနောက်

"အလင်းရာ....မင်းသူနာပြုတစ်ယောက်ဖြစ်ပြီး ဒါတွေ ယုံတယ်လား"

"အနာဂတ်ကို ဘယ်လိုရင်ဆိုင်ရမလဲလို့ အကြံကောင်းလေး ယတြာလေးတောင်းမလို့ပါ"

"ဒီဆရာဘယ်လောက်စွမ်းတာမို့လဲ...မဟောခင်က အကောင်း....သူဟောလိုက်မှ မင်းဘဝကြီးကံဆိုးမိုးမှောင်ကျသွားရင်ကော"

ဦးဌာန်စကားကြောင့် ဗေဒင်ဆရာက သူတို့နှစ်ယောက်ကို မျက်မှန် ပင့်၍ ‌ခပ်တင်းတင်းမော့ကြည့်လိုက်၏
သူပြောပုံနဲ့ အရိုက်ခံရတော့မှာအသေအချာ

အတ္တရဲ့စေရာ / အတၱရဲ႕ေစရာ [Complete]Dove le storie prendono vita. Scoprilo ora