"ဂျွန်ဂျောင်ကု မင်းစောက်ဇယားတွေကို အိမ်ထိပါမလာနဲ့လို့ပြောထားတာ နားမလည်ဘူးလား"
အိမ်ကြီးရှင်သည် အကွေ့အပတ်များသောလှေကားပေါ်မှတစ်ထစ်ချင်းဆင်းလာကာ ခံစားချက်မရှိသောမျက်နှာထားဖြင့်အော်လိုက်သည်။
ရင်သားနှစ်ခုကိုထင်သာမြင်သာရှိအောင်ဖော်ထားသည့်ကောင်မလေး၏ခန္ဓာကိုယ်ကိုပွတ်သပ်နေသည့်လက်များကခနတော့ရပ်တန့်သွားပြီး ဟက်ခနဲရယ်သံကထွက်လာသည်။
"ကို ဟိုမှာ ဆင်းလာပြီ ဟန်နီတို့ဆက်သွားလို့ဖြစ်ရဲ့လား"
ကောင်မလေးသည် ဂျီမင်ဆင်းလာတာကြောင့် မေးတစ်ချက်ငေါ့ပြကာ ဂျောင်ကုအားခပ်အီအီလေးပြောလိုက်သည်။
"မဖြစ်စရာလား အာရုံထဲထားမနေနဲ့ ဖီးလ်ကျဲတယ်ကွာ"
ဂျောင်ကုသည် လက်များကိုခါးသိမ်သိမ်လေးပေါ်သို့တင်လိုက်ကာ လုပ်လက်စအလုပ်ကိုသာအာရုံထဲရှိ၏။
"သိပ်စိတ်ပျက်ဖို့ကောင်းတယ် ဂျွန်ဂျောင်ကု"
ဂျီမင်သည် အိမ်ဧည့်ခန်းထဲတွင်ဖြစ်ပျက်နေသော နှစ်ယောက်ကို စိတ်ပျက်ဖို့ကောင်းသည့်အကြည့်များဖြင့်ကြည့်ကာပြောလိုက်သည်။
ဂျောင်ကုသည် ထိုမိန်းကလေးဆီမှခွာလိုက်ကာ ပြန်လွှတ်လိုက်သည်။
"နောက်နေ့မှကိုယ်လာခဲ့မယ် အခုတော့ပြန်လိုက်တော့"
ကောင်မလေးသည် အ၀တ်အစားများကို ပြန်ပြင်ကာ ဆက်ကော့လက်ကော့ဖြင့်ထွက်သွားသည်။
ထိုအခါမှဂျောင်ကုသည် ဆိုဖာပေါ်တွင်ခပ်လျောလျောထိုင်ကာ လက်နှစ်ဖက်ကို ဆိုဖာပေါ်သို့ဖြန့်ကားကာတင်ထားပြီးခြေနှစ်ဖက်ကိုလက်ချိတ်ထားလိုက်သည်။
"ဘာတွေလာဖြစ်ချင်နေတာလဲ ပတ်ဂျီမင် မင်းလည်း အပြင်မှာဇယားတွေရှိတာပဲ"
"ဟ ငါ့ဇယားတွေဆိုတာ အပြင်မှာစတဲ့ဇာတ်လမ်းမို့ အပြင်မှာပဲထားခဲ့တာ မင်းလိုအိမ်ထိပါမလာဘူး"
"မင်းရှုပ်ချင်သလိုရှုပ်တာကိုစိတ်လဲမ၀င်စားဘူး အာရုံထဲလည်းမရှိဘူး အေး အိမ်ထိပါမလာစေနဲ့ ဒါငါနောက်ဆုံးစကားပဲ"
YOU ARE READING
Centered Around the Heart (Completed)