Episode 18

2K 118 4
                                    

အိမ်ပြန်ရောက်တော့ ဂျီမင့်ကိုယ်လုံးလေးကိုကားပေါ်မှအသာအရာချီကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။ အမူးသမား‌လေးကချီထားတဲ့အတိုင်းတစ်စက်လေးမှမလှုပ်ပဲငြိမ်ငြိမ်လေးလိုက်လာတာကြောင့်သူရယ်လိုက်မိသေးသည်။အမူးပါးလေးကသက်သောင့်သက်သာရှိလို့သာသူ့ကိုယ်ပေါ်ငြိမ်ပြီးလိုက်လာတာဖြစ်သည်။

 အိပ်ခန်းတံခါးကိုအသာလေးပုခုံးစောင်းနဲ့တွန်းဖွင့်လိုက်ပြီးအခန်းထဲဝင်လာခဲ့သည်။ကုတင်ပေါ်ကိုချပေးတော့လည်းချပေးသည့်အတိုင်းသာဆက်အိပ်နေသည်။ ဂျီမင့်ကိုနေရာချပေးပြီး‌တော့ကိုယ်လက်သန့်စင်ပေးရန်အတွက် ဗီရိုထဲမှညအိပ်ဝတ်စုံအဝါလေးထုတ်လာလိုက်သည်။

ဝတ်ထားသည့်အင်္ကျီီများကိုချွတ်ဖို့လုပ်တော့ ကြယ်သီးဖြုတ်နေရင်းနှင့်လည်ချောင်းများခြောက်လာရသည်။ခုန်နေသည့်နှလုံးကိုအသာထားကာ လက်များကိုမြန်မြန်အလုပ်ပေးလိုက်တော့အပေါ််ပိုင်းတွင်အင်္ကျီမရှိတော့ပေ။ ထီုအခါမှအသားဖြူဖြူလေးကပေ်ထွက်လာကာဂျောင်ကုအားတစ်စုံတစ်ခုလုပ်လိုက်ဖို့နှိုးဆော်နေသယောင်။ ‌ကိုယ်လုံးသေးသေးလေးကအဲကွန်းရှိန်ကြောင့်ရော အင်္ကျီမပါတာရောကြောင့်အေးလာသည်ထင်သည်ကိုယ်လုံးလေးကိုကျုံ့လိုက်တာကြောင့် သူအချိန်ဆွဲနေလို့မဖြစ်တော့ချေ။အင်္ကျီအမြန်ဝတ်ပေးပြီးတော့အောက်ပိုင်းကဘောင်းဘီလဲဖို့ကျန်တာမို့ ဘောင်းဇစ်ရှိရာလက်လှမ်းလိုက်ပေမဲ့ချွတ်လိုက်ဖို့ရာမဝံ့မရဲဖြစ်နေသည်။

သို့သော်မျက်လုံးစုံမှိတ်ကာမြန်မြန်ဆွဲချွတ်လိုက်ပေမဲ့ လက်ကစိတ်သွားသလိုမရွေ့‌ေပါင်ရင်းနားမှာတင်တစ်နေသည်။ သေချာကြည့်တော့မှအတွင်းခံနှင့်ညှိနေတာ‌ကြောင့်ဖြစ်သည်။ မြန်မြန်ပြီးချင်ပြီဆိုပေါက်ကရတွေပဲဖြစ်နေတော့တာပဲ။ သေချာကြည့်ပြီဖြုတ်လိုက်တော့လက်ကဂျီမင့်အငယ်ကောင်လေးကိုသွားထိမိသည်။ သူ့စိတ်ထင်ပဲလားမသိပေမဲ့ဂျီမင့်ကိုယ်လုံးလေးလည်းတွန့်ခနဲဖြစ်သွားသည်။

မြန်မြန်ဆန်ဆန်ပဲဆက်လုပ်လိုက်တော့ဘောင်းဘီအကုန်ကျွတ်သွားပြီဖြစ်သည်။ထိုအခါမှသူ့ဒုက္ခကစတာဖြစ်သည်။ဒီကိုယ်လုံးလေးကိုအဝတ်ဖုံးနေစဉ်ကတောင်အမြဲတစေချောင်းနေတဲ့ကောင်ကအခုလိုအဝတ်အစားကင်းရှင်းနေသည့်အခါမှစိတ်ထိန်းရန်မှာတော််တော််လေးအကျပ်ရိုက်စေသည်။

Centered Around the Heart (Completed)Where stories live. Discover now