Episode 4

2.4K 179 7
                                    


ကိုယ်​ပြောချင်တာကိုနားလည်လား အလုပ်ကို ဒီလိုလုပ်​နေရင်ကြာရင်အဆင်မ​ပြေဘူး"

သိန်း​ကျော်သည့်စာချုပ်ကိစ္စကိုဝန်ထမ်းမ​လေး၏​ပေါ့​လျော့မှု​ကြောင့်ဆုံးရှုံးလိုက်ရသည်။ တန်ဖိုးအများကြီးမဟုတ်​ပေမဲ့လည်း သူ့ကုမ္ပဏီတွင်ရှိသမျှဝန်ထမ်းတိုင်းကို​စေ့​စေ့စပ်စပ်တိတိကျကျလုပ်ကိုင်​​စေချင်သည်။

သူ့ကုမ္ပဏီမှမဟုတ်ဘူး ဘယ်​နေရာတွင်ဖြစ်ဖြစ်အစစအရာရာ တိကျ​နေမှ စိတ်တိုင်းကျတာမို့ သူကိုယ်တိုင်၌လည်းတိတိကျကျလုပ်​လေ့ရှိသည်

"ဒီပမာဏ​လောက်​​လေးကြောင့်ကိုယ်စကားထဲထည့်​ပြော​နေတာမဟုတ်​ပေမဲ့ မင်းရဲ့​ပေါ့ဆမှု​ကြောင့် ​အောက်ကလူ​တွေလည်းအလုပ်ကိုအစကပြန်လုပ်ရတာမို့ အလုပ်မတွင်ဘူး"

"သိလား ကိုယ်​ပြောချင်တာ ​"

"ဟုတ်ကဲ့ ​နောက်မဖြစ်​​အောင်သတိထားပါ့မယ်"

"ရပြီသွား​တော့ ​ ကိုယ် နောက်တစ်​ခေါက်ဆိုတာမျိုးမလိုချင်ဘူး"

ဝန်ထမ်းမ​လေးထွက်သွားမှ ထိုင်ခုံတွင် မှီချလိုက်ကာာအကျီကြယ်သီးကိုရင်ဘတ်​​ပေါ်သည်ထိဖြုတ်လိုက်သည်။

စိတ်ရှုပ်လာရင် အသက်ရှုပါကြပ်လာတာမို့ သူ ကုမ္ပဏီ​ခေါင်မိုးထပ်သို့တက်လာခဲ့သည်။

"​ အာ့ဆို ဒါပဲ​နော်"

အွန်းဝူ ကိစ္စ​လေးရှိလို့ ဂျီမင့်ကုမ္ပဏီကိုလာခဲ့​ပေမဲ့ အတွင်း​ရေးမှူး​လေး၏ ဂျီမင် ရုံးခန်းထဲတွင် စကား​ပြော​နေသည်ဆိုတာ​ကြောင့် ​ခေါင်မိုးထပ်သို့တက်လာခဲ့သည်​။

ဖုန်း​ပြော​နေရင်း ​နောက်ကအသံကြား​​တော့ ဂျီမင်ဖြစ်​နေတာ​ကြောင့် ဖုန်း​ပြောလက်စကိုချလိုက်သည်။
ဘောင်းဘီအိတ်ကပ်ထဲလက်နှစ်ဖက်ထည့်ကာလမ်း​​​လျှောက်လာသည့် စီးအီးအို​လေးသည် အနည်းငယ်စိတ်ပင်ပန်း​နေပုံရသည်။ ​ခြေလှမ်းတွေသည်​နှေး​နှေး​ကွေး​ကွေး။

"အာ အစ်ကို ကျွန်​တော်လာ​သေးတယ် အစ်ကိုမအားဘူးဆိုလို့ ဒီကိုတက်လာလိုက်တာ"

"အင်း "

ဂျီမင်သည် ပုံမှန်ပဲ ​ခေါင်းငြိမ့်ပြကာ ဆက်​လျှောက်လာလိုက်၏။

Centered Around the Heart (Completed)Where stories live. Discover now