Episode-20

2K 107 4
                                    

ဂျီမင်နှင့်သူ ဂျီမင့်အမေ အုတ်ဂူသို့ ဂျောင်ကုကားနဲ့ပဲထွက်လာခဲ့လိုက်သည်။လမ်းတွင် ပန်းဆိုင်သို့ဝင်ကာ carnation ပန်းစည်းလေးဝယ်သွားလိုက်သေးသည်။ ဂျီမင်သည်ကားထဲတွင်တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာလေသည်။‌ဂျောင်ကုလည်း စကားသွားမပြောတော့ဘဲ တစ်‌ေယောက်ထဲသာနေစေလိုက်သည်။

ခနကြာတော့အုတ်ဂူထားသည့်နေရာသို့ရောက်လာသည်။ဂျီမင့်ကိုတံခါးသွားဖွင့်ပေးကာ ဂျီမင့်လက်လေးကိုဖွဖွလေးကိုင်ပေးထားလိုက်သည်။ သို့ရာတွင်ဂျီမင့်ထက်ပိုအေးစက်နေသည့်လက်မှာသူ့လက်ဖြစ်နေလေသည်။ ဂျီမသည်ခပ်ဖွဖွရယ်ကာ နောက်ခန်းမှ ကာနေးရှင်းပန်းစည်းလေးကိုယူကာ မေမေတို့အုတ်ဂူဆီသို့ဦးတည်လိုက်တော့သည်။

ဂျီမင်သည် အုတ်ဂူရှေ့ရောက်တော့ သစ်ရွက်ခြောက်များကိုရှင်းလင်းလိုက်ကာ ယူလာသည့်ပန်းစည်းလေးကိုတင်လိုက်သည်။ စကားတစ်ခွန်းမှမပြောပဲ ဒီတိုင်းတွေတွေကြီးရပ်နေတာမို့ဂျောင်ကုသည် ချောင်းတစ်ချက်ဟန့်လိုက်ကာ လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ဆုပ်ထားလိုက်သည်။

"အဟင်း ဟို ကျွန်တော်ကဂျီမင့်အမျိုးသား ဂျောင်ကုပါဗျ"

ခောင်းထဲထွက်သလောက်ပြောလိုက်ပေမဲ့လည်းငယ်ငယ်တုန်းကအလွတ်ကျက်ကာစာဆိုနေသည့်အတိုင်းတောင့်‌တောင့်ကြီးထွက်သွားသည်။‌ခေါင်းကုတ်ကာဘာပြောရမှန်းမသိဖြစ်နေတာမို့ဂျီမင်ကပြုံးကာသူ့လက်ကိုလာကိုင်လာလေသည်။

"မေမေ ဒါသားအမျိုးသား ဂျွန်ဂျောင်ကုပါ ဒီတစ်ခါတော့ မေမေ့သမက်နဲ့အတူတူလာခဲ့လိုက်တယ်မေမေ မေမေတို့လည်းတွေ့ချင်နေမယ်ထင်တာနဲ့ပဲခေါ်လာခဲ့လိုက်တယ် မေမေ့သမက်လေးကချောတယ်မလား အဟင်း"

သူ့ဟာသူပြောပြီးပါးနှစ်ဖက်မို့မို့လေးကပန်းနုရောင်လေးသမ်းကာရှက်ပြီးခေါင်းငုံ့သွားသည်။

စကားပြောပြီးပြန်ငြိမ်ကျသွားလေသည်။ ‌ဂျောင်ကုသည်အရင်နှစ်တွေတုန်းက ဂျီမင့်ကိုစိတ်မချတာကြောင့် နောက်ကနေလူလိုက်ခိုင်းခဲ့သည်။ထိုလူရဲ့ပြောစကားအရဆို ဂျီမင်သည်ဤနေရာသို့လာတိုင်းမလှုပ်မယှက်နေပြီးလူမကြားအောင်အသံတိတ်ငိုလေ့ရှိသည်ဟုသိရတာမို့ ခုလိုချိန်တွင်တစ်ယောက်ထဲမထားခဲ့ပဲအတူတူရှိစေချင်ပေမဲ့လည်း ဂျီမင့်တစ််ယောက်ထဲနေရန်အချိန်ခနတော့ပေးသင့်သည်ထင်တာကြောင့် သူရှောင်ထွက်ပေးခဲ့လိုက်သည်။

Centered Around the Heart (Completed)Where stories live. Discover now