Episode 15

2.2K 132 7
                                    

ရက်မှလကူး​ပြောင်းလာသည့်​အခါ​​နွေအကုန်မိုးရာသီသို့​ရောက်လာ​လေသည်။ ကုမ္ပဏီသို့သွားရန်ပြင်ဆင်​နေ​သော ဂျီမင်သည် မိုးအ​ခြေအ​နေကိုပြတင်း​ပေါက်မှတစ်ဆင့်ကြည့်လိုက်​တော့ အုံ့ဆိုင်းလာသည့်တိမ်မဲမဲများသည်တစ်ရိပ်ရိပ်တက်လာတာ​ကြောင့် စိတ်ရှုပ်ရှူပ်ဖြင့် အင်္ကျီကြယ်သီးအားစိတ်မပါလက်မပါဆက်တပ်​နေလိုက်သည်။

"ဒီမိုးကပြီးကိုမပြီးနိုင်​တော့ဘူး"

ပြင်ဆင်ပြီး​အောက်ဆင်းလာ​တော့ တက်ကြွလွန်း​နေသည့်​ဂျောင်ကုကို​တွေ့ရသည်။

"လာ​လေ ​မောင်မနက်စာပြင်ထားတယ်"

သူနဲ့ဆန့်ကျင်ဘက်မိုးရာသီကိုနှစ်သက်လှသည့်ဒီ​ကောင်က​မွေးတာ​တောင်မိုးရာသီတွင်။

"မိုး​လေက​အေး​​နေ​​တော့ ​မောင်​​​​ကော်ဖီနဲ့ ဆန်း၀ှစ်​လေးပဲလုပ်ထားလိုက်တယ်"

သူဝင်ထိုင်ကာ ​ကော်ဖီခွက်ကိုကိုင်သည်အထိ ထို​ကောင်ကသူ့ကိုကြည့်​နေတုန်းဖြစ်သည်။
​ကော်ဖီခွက်ကိုချကာ သူ့ကိုပြန်ကြည့်လိုက်သည်။
ဖွင့်​ပြောပြီးထဲက တစ်ခုခုကိုသူခွင့်​တောင်းချင်ရင် ဒီ​ကောင့်ပုံစံကိုအလွတ်ရ​နေပြီမို့ ထုံးစံအတိုင်းဘာလုပ်ချင်ပြန်ပြီလဲမသိ။

"​ပြော ဘာလဲ"

"​​ကော်ဖီအဆင်​ပြေလား ​မင်းကခါးခါး​လေးကြိုက်​တော့ ​မောင်သကြားနှစ်ဇွန်းပဲထည့်ထားတာ"

"ကဲ​ပြောစရာရှိတာကို​ပြောပါ ​​ဝေ့ဝိုက်မ​နေနဲ့"

သူဒီလို​ပြောလိုက်မှ မျက်နှာကစပ်ဖြီးဖြီးလုပ်လာသည်။

"ဟို​လေ ​မောင် ဒီ​နေ့မင်းအလုပ်လိုက်ချင်လို့"

"ဘာ!"

သူ​အော်ချလိုက်​တော့မျက်နှာငယ်​လေးလုပ်ထား​သေးသည်။ အ​ရှေ့က​ကောင်သည် ဆယ့်နှစ်မျိုးက​ဝေလားမှတ်ရ​အောင် မျက်နှာကမျိုးစုံတက်သည်။ ဒီလိုမျိုး​တွေလုပ်တက်မယ်​တောင်သူမထင်ထား​ပေ။

"ငါ့အလုပ်လိုက်ရ​အောင် မင်းမှာအလုပ်မရှိလို့လား သိပ်အားယား​နေတာပဲလား"
"မဟုတ်ဘူး​လေကွာ ​မောင် မင်းအလုပ်ထဲရှယ်ယာဝင်ထား​တော့ လုပ်ငန်းအ​ခြေအ​နေ​လေးသိချင်လို့"

Centered Around the Heart (Completed)Where stories live. Discover now