Episode 10

2.3K 147 2
                                    

ဆော့ဂျင်၏ဘားတွင် ထုံးစံအတိုင်းလူစုံ​နေကြသည်။ ​၃​ယောက်လုံးစကားတစ်ခွန်းမှမ​ပြောကြပဲအရက်ကြီးသာလိမ့်​သောက်​နေကြသည်။
သို့​သော် အရက်မ​​သောက်နိုင်သည့် ထယ်​ယောင်းကမူ ချထားသမျှအမြည်းကိုသာ ထိုင်စား​နေသည်။

​ဆော့ဂျင်သည် အရက်​ခွက်ကိုချကာ ​ရှေ့တွင်​ခုံကိုနှီကာခြေချိတ်ထိုင်​နေသည့်ဂျီမင့်အား​မေးခွန်းထုတ်လာသည်။

"ဘယ်လိုလဲ ဒီ​နေ့ဇယား​လေး​တွေနဲ့မအီ​တော့ဘူးလား"

"အဟင်း အစထဲကဇယားရှုပ်ခဲ့တာမှမဟုတ်တာ ဇယား​တွေကသာလာရှုပ်တာ"

"ဟ အတူတူပဲမဟုတ်ဘူးလား"

ဂျီမင် ဘာမှပြန်မ​ပြော​​တော့ပဲ အရက်သာဆက်​သောက်​နေလိုက်သည်။

အမြည်းထိုင်စား​နေသည့်ထယ်​ယောင်းသည် တူဖြင့်အသားတစ်ဖက်ကိုယူကာပါးစပ်ထဲထည့်​နေရင်းမှ

"ဂျီမင် မင်းအလုပ်က​​ရော ဟိုတ​လောက စာချုပ်အသစ်ချုပ်ဖြစ်တယ်ဆို"

"အင်း ဟုတ်တယ်"

"အ​ခြေအ​​နေ"

"မဆိုးပါဘူး ခုလက်ရှိက​တော့အကုန်​ချော​ချော​မွေ့​မွေ့ပဲ အရင်​မော်ဒယ်​တွေနဲ့မတူဘူး ဆက်ဆံလို့အဆင်​ပြေတယ်"

ထယ်​ယောင်းသည်​ခေါင်းတငြိမ့်ငြိမ့်ဖြင့် အမြည်းဆက်စား​နေသည်။

​ဆော့ဂျင်သည် ဂျီမင့်ကို​သေချာကြည့်ကာ

"အခု​မော်ဒယ်​လေးနဲ့ သတင်းတိုတိုစစ​လေး​တွေကြား​နေတာအမှန်​တော့မဟုတ်ဘူးမလား"

အရက်​သောက်​နေရင်းမှဂျီမင်သည် ​ဆော့ဂျင်ကိုပြန်ကြည့်လိုက်သည်။

"ဒီလိုပါပဲ အပျင်း​ပြေစရာသတင်းတစ်ခု​ပေါ့"

"ငါ​ပြောမယ်​ပြောမယ်နဲ့မ​ပြောဖြစ်တာ ဂျီမင် အိမ်​ထောင်တစ်ခုကိုမင်းဘယ်လိုသ​ဘောထား​နေတာလဲ မင်းတို့ချစ်တာ​တွေမချစ်တာ​တွေစိတ်မ၀င်စားဘူး ​အေးဒါ​ပေမဲ့ အပျက်ပျက်နဲ့နှာ​ခေါင်း​သွေးထွက်လာရင် မင်းတို့ယူထားတာ​ယောကျ်ားချင်း ​လူ​​တွေကမင်း​ပြောသလိုအပျင်း​ပြေ​ပြောစရာကိုရှာ​နေတာ အဲ့လို​ပြောစရာ​တွေဖြစ်လာရင် ထိခိုက်မှာနှစ်ဖက်စလုံးပဲ အချိန်​တွေလည်းကြာ​နေပြီ ဂျီမင် မင်း​လျှော့သင့်တာ​့ာဖို့ကိုမစဥ်းစားမိဘူးလား တစ်သက်လုံးဒီလိုပဲဆက်သွား​နေမှာလား"

Centered Around the Heart (Completed)Where stories live. Discover now