Episode 16

2.1K 125 8
                                    

"အစ်ကို ဒိတ်ရ​အောင် ဒီ​နေ့"

"အားအားယားယား"

"ဒါဆို ဘာလုပ်ကြမလဲ"

စာရင်းတွက်​နေရင်းမှ ​ဘောပင်ကို​ချလိုက်ကာ တစ်တွတ်တွတ်​ပြော​နေသည့်​ကောင်ကို​မော့ကြည့်လိုက်သည်။

"မင်းမျက်လုံးထဲ ငါအားယား​နေတယ်လို့များထင်​နေတာလား "

"အစ်ကိုကလည်း ပိတ်ရက်​လေးဒိတ်ချင်လို့ကို"

"ဘာပိတ်ရက်မှမဒိတ်ဘူး သွား ပြန်"

ဟုတ်တယ်။ သူ့လိုရုံးပိတ်ရက်​တွေကိုဒီကအားတယ်များထင်​နေလားမသိ။ မိုးမလင်း​သေးဘူးဆိုင်​ရောက်ချလာကာ အပြင်သွားဖို့ကိုပဲတာဆူ​နေတာမို့အမြင်ကတ်ကတ်နဲ့​အော်ထုတ်လိုက်တာ။

အခန်းထဲကထွက်သွားလို့ပြန်ပြီမထင်လိုက်နဲ့။ ​အောက်ကဆိုင်​ထောင့်မှာသွားထိုင်​နေဦးမှာ။
​ဆော့ဂျင်လည်း သူ့အ​ပေါ်​စိတ်​လေးအနည်းငယ်​တော့ရှိလာပြီဆို​ပေမဲ့ သူ့အသက်အရွယ်နဲ့ကစိတ်ခံစားချက်ကို​ရှေ့တန်းတင်ဖို့ရာ​နောက်ကျလွန်း​နေသည်။
ဒါ​ကြောင့်စိတ်​စေရာ​နောက်မလိုက်ဖို့ထိန်း​နေရသည်မှာလည်းတစ်​နေ့တစ်ခြားသူ့အတွက်ခဲယဥ်းလွန်းလှသည်။
​ကောင်​လေးရဲ့သူ့ကိုရယ်ပြလိုက်တိုင်း​ပေါ်လာတဲ့ပါးချိုင့်ခွက်ခွက်​လေး​တွေကို​တွေ့ရင်လည်းသူထိန်းထားသမျှကိုယိမ်းယိုင်ချင်လာသည်။ တစ်ခုခုကို​တောင်းဆို​နေသည့်အချိန်တွင်လည်းရက်ရက်​ရော​ရောခွင့်ပြုလိုက်ချင်မိသည်။

ဂင်​ဆော့ဂျင် မင်းအ​တော်ခက်​နေပါပြီ။

အစ်ကို့ကို ဒိတ်ဖို့​ပြော​နေတာသူအာ​ပေါက်​တော့မယ်အစ်ကိုကနည်းနည်း​လေးမှကိုမဲဆွယ်လို့မရတာမို့ သူ​အောက်ဆင်းပြီးထိုင်​နေလိုက်သည်။

တကယ့်လူ့ဂွစာကြီး။

နမ်ဂျွန်းစူပုပ်ပုပ်လုပ်​နေတုန်းအစ်ကိုက ကား​သော့ကိုင်ကာဆင်းလာသည်။ သူနဲ့ကျမသွားဘူးမအားဘူးဆိုပြီးခုကျဘယ်သွားဦးမှာလဲမသိဘူး။
အစ်ကို့ကိုစိတ်​ကောက်ကာ ဟိုဘက်လှည့်ထိုင်​နေလိုက်သည်။

သူ့ကိုယ်လုံးကြီးနဲ့မှအားမနာ စိတ်က​ကောက်​နေ​သေးတာ။ ဟက်။

Centered Around the Heart (Completed)Where stories live. Discover now